မမဆောင်းအတွက်ဆိုပြီး ဆုတစ်ခုေ​တာင်းပေးလိုက်တဲ့ သရုပ်ဆောင် ခန့်စည်သူ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ပြည်သူ့အချစ်တော်ခန့်စည်သူဟာဆိုရင် ခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး အနုပညာလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားနေတဲ့အကယ်ဒမီမင်းသားချောတစ်လက်ပဲဖြစ်ပါတယ်နော်။
အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး အလှူအတန်းနဲ့ပရဟိတလုပ်ငန်းတွေ မှာလည်း ပါဝင်ကူညီလှူဒါန်းမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ ယခုလည်း သီတင်းကျွတ်ကာလမှာ မမဆောင်းက ခန့်စည်သူကိုလေးစားစွာနဲ့
ဂါရဝခြင်းလေးတွေပို့ပေးခဲ့ပါတယ်။ ခန့်စည်သူကလည်း မမဆောင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ဆုမွန်ကောင်း တွေတောင်းပေးလိုက်ပါတယ်နော်။ခန့်စည်သူကမမဆောင်းအတွက် ဆုမွန်ကောင်းတောင်းပေးထားတာကို သူ့ရဲ့လူမှုကွန်ယက်
စာမျက်နှာမှာ တင်ပြထားပါတယ်။ ခန့်စည်သူက”မမဆောင်းတစ်ယောက်စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပါစေ။ အကယ်ဒမီတွေလည်းရပါစေ။ရှားလဇောင်းဇပတ်တွေလိမ်းပြီး အလှတွေတိုးလာပါစေ။ ဖူးစာရှင် (ဆရာဝန်၊အင်ဂျင်နီယာ၊
ဗိုလ်မှူး၊စီးပွားရေးလုပ်ငန်းရှင် top 10၊ဘောလုံးအသင်းဥက္ကဌ) နှင့်လည်း ဘယ်ဘဝရောက်ရောက် လက်တွဲနိုင်ပါစေ။ ဒါနဲ့ဝါကျွတ်ပြီဆိုတော့ မမဆောင်းကို ကြိတ်ခရက်ရှ်နေတဲ့သဘောကောင်းတဲ့နာမည်(၃)လုံးနဲ့အညိုစင်ဗိုလ်မှူးကိုရွေးမှာလား၊
နာမည် (၂)လုံးနဲ့ပြည်သူ့အချစ်တော် အဖြူစင် မင်းသားကိုရွေးမှာလား သိချင်ပါတယ်နော်”လို့ အရွှန်းဖောက်ရေးသားထားတာကိုတွေ့ရပါတယ်။ ခန့်စည်သူရဲ့ ဆုမွန်ကောင်းတွေနဲ့ မမဆောင်း တစ်ယောက် လိုအင်ဆန္ဒတွေပြည့်ဝပါစေ။
ပရိသတ်ကြီးလည်း ခန့်စည်သူကိုရော ချစ်စရာကောင်း တဲ့ မမဆောင်းကိုရော ဆက်လက်အားပေးပြီး ချစ်ပေးကြပါအုံးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင် ပါတယ်နော်။ ခရက်ဒစ်