အမေစုပုံ၊ ဗီနိုင်း၊ စတစ်ကာများအား ဖျက်ဆီးခဲ့သည့်လူငယ်များမှ ယနေ့ပြန်လည်ပြီး​​ဝန်ချတောင်းပန်ပါပြီ
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ၊ သက္ကယ်သောင်ကျေးရွာတွင် ယမန်နေ့ညက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကစိုက်ထူထားသောအလံများ၊ အမေစုဓာတ်ပုံနှင့်စတစ်ကာများအား ခြေထောက်ဖြင့်ကန်ခြင်း၊
ဖျက်ဆီးခြင်းစသည်တို့ကိုလူငယ်တချို့ကပြုလုပ်ခဲ့ပါသည်။ ယနေ့(၂.၁၁.၂၀၂၀) နံနက်တွင် အဆိုပါလူငယ်များက ၎င်းတို့၏လုပ်ရပ်များ မှားယွင်းကြောင်းသိရှိပြီး ဝန်ချတောင်းပန် ကန်တော့ပွဲကျင်းပခဲ့ပါသည်။ ထိုကဲ့သို့ အမေစု၏ဓာတ်ပုံ၊
NLD အလံနှင့် စတစ်ကာများအားဖျက်ဆီးခဲ့သည့် လူငယ်များက ဝန်ချတောင်းပန်ခဲ့သည့်အတွက် သက္ကယ်သောင်ကျေးရွာ NLD အလုပ်အမှု ဆောင်အဖွဲ့ကလည်း အဆိုပါလူငယ်များကိုခွင့်လွှတ်ကြောင်းပြောကြားခဲ့ပြီးပြစ်မှုအဖြစ်တိုင်ချက်ဖွင့်ရန်
စီစဉ်ထားသည့် အစီစဉ်ကိုဖျတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။ လူငယ်အသံလူငယ့်ဟန်၊ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်