၁၅ ႏွစ္​နီးပါး သံႀကိဳးရွည္နဲ႔ေသာ့ခက္​ၿပီးခ်ဳပ္​​ေႏွာင္​ခံထားခဲ့ရတဲ့ စိတ္ေဝဒနာရွင္သမီးေလးအတြက္ မိခင္တေယာက္ရဲ႕ ေသာက

၁၄ႏွစ္ၾကာ သံႀကိဳးရွည္နဲ႔ ေသာ့ခပ္ထားရတဲ့ စိတ္ေဝဒနာရွင္သမီးေလးအတြက္ မိခင္တေယာက္ရဲ႕ ေသာက အခုေတာ့စိတ္ခ်လက္ခ် ၿငိမ္းေအးသြားခဲ့ရပါၿပီ။ ႏွစ္အၾကာႀကီးထိ သံႀကိဳးခတ္လို့ ခ်ဳပ္ေႏွာင္ခံခဲ့ရတဲ့ သူမတို့အေၾကာင္းေလး ပုံ႔ေျပာျပမယ္။

လူရယ္လို့ျဖစ္လာၿပီမို့ ေလာကဒဏ္ရဲ့ ရိုက္ႏွက္မွုကို ခံရတာသိပ္ေတာ့မဆန္းလွပါဘူး၊ ဒါေပမဲ့ အဲ့ဒီ့ ေလာကဒဏ္ဆိုတာႀကီးကသူတို့ သားအမိကိုမွခဏခဏ လႊဲလႊဲ ရိုက္ေနတာကေတာ့ အရမ္းကိုရင္နာစရာေကာင္းလွပါတယ္။ သူတို့သားအမိ ပုံ႔ဆီေရာက္လာပုံေလးကထူးဆန္းတယ္၊

ပုံ႔ ဖြင့္ထားတာ ဘိုးဘြားရိပ္သာဆိုေတာ့ပုံမွန္ဆို သားသမီးေတြက ပစ္သြားတဲ့မိအိုဘအိုေတြဘဲ ေရာက္လာတတ္ၾကတယ္၊ သူတို့ကေတာ့ ထူးထူးျခားျခား မေအကိုယ္တိုင္ကသူ႔သမီးေလးကို ရိပ္သာအပ္ပါရေစဆိုၿပီးခြင့္လာေတာင္းခဲ့တာ၊ သူတို့ သားအမိ ပုံ႔ဆီေရာက္လာခဲ့တာ

ခုေဆာင္းတြင္းဆို တႏွစ္ျပည့္ခဲ့ၿပီ၊ သူတို့ရဲ့ ဇာတ္လမ္းေလးဟာ ရင္နာစရာေကာင္းလြန္းလို့ ေရးဖို့ေတာင္ စကားလုံးေတြ ရွာမရခဲ့ဘူး၊ ဒါေပမဲ့ ေလာကကို လြယ္လြယ္အရွုံးေပးတတ္ၾကသူေတြကို ေတြ႕တိုင္း ဒီသားအမိအေၾကာင္းေလးကို ေရးျပခ်င္ခဲ့မိပါတယ္။

မႏွစ္ကေဆာင္းရာသီရဲ့ ႏွင္းေတြက်ေနတဲ့ ေန႔ တေန႔မွာေပါ့၊ ပိန္ခ်ဳံးၿပီးမ်က္ကြင္းေတြေတာင္ က်ေနၿပီျဖစ္တဲ့အဖြားတစ္ေယာက္ စက္ဘီးအစုတ္ေလးကိုစီးၿပီး ပုံ႔ဆီေရာက္လာခဲ့တယ္။ ပုံ႔အတြက္ေတာ့ အဲ့ဒီေန႔သည္လဲအရင္ေန႔ေတြလိုပါဘဲကေလးေတြနဲ႔ေဆာ့ရင္းရိပ္သာေရွ႕ကခုံေလးမွာ

ထိုင္ေနခဲ့တယ္၊ အဲ့ဒီအခ်ိန္ အဖြားေရာက္လာၿပီး ပုံ႔ကို ေမးရွာတယ္။ ” သမီး ခိုလွုံရာဆိုတာ ဒါလားဟင္ ” ပုံ႔လဲ ” ဟုတ္ပါတယ္ အဖြားဘာကိစၥရွိလို့လဲ လာထိုင္ပါ ” ဆိုေတာ့အဖြားက ပုံ႔ေဘးကထိုင္ခုံေလးမွာဝင္ထိုင္ရင္း ဘာမေျပာညာမေျပာနဲ႔ ခ်ဳံးပြဲခ်ငိုပါေတာ့တယ္၊ ပုံ႔လဲ ရိပ္သာက

ဝန္ထမ္းေတြနဲ႔ ဘာမ်ားျဖစ္လို့ပါလိမ့္ဆိုၿပီး စိတ္ပူသြားတယ္၊ အဖြားခမ်ာေတာ့ ဒီစကားလုံးေတြကို ေျပာထြက္ဖို့အတြက္ရင္ထဲမွာအရမ္းကိုတစ္ဆို့ ေနပုံေပၚပါတယ္၊ ပုံ႔ေမးတာ မေျဖနိုင္ေသးဘဲ သူငိုလို့ဝေတာ့မွ ” အဖြားသမီးေလးကို ဒီရိပ္သာမွာ ထားခ်င္လို့ပါ သမီးရယ္ ” တဲ့ေျပာၿပီးတာနဲ႔

ခ်ဳံးပြဲခ်ငိုျပန္ပါတယ္၊ သားသမီးကိုပစ္ရတဲ့ပြဲဆိုေတာ့လဲ မငိုဘဲဘယ္ေနနိုင္ပါ့မလဲေလ၊ ပုံ႔လဲ “ဟင္” လို့တလုံးတည္းသာေျပာၿပီး အေတာ္အံ့ၾသသြားမိတယ္၊ ဟုတ္တယ္ေလပုံ႔ဖြင့္ထားတာ ဘိုးဘြားရိပ္သာဆိုေတာ့ ပုံ႔ဆီေရာက္လာတာေတြကမ်ားေသာအားျဖင့္ သားသမီးကပစ္တဲ့

မိအိုဘအိုေတြအခုက် မိခင္ကိုယ္တိုင္က သူ႔သမီးေလးကိုလာအပ္ရွာတာဆိုေတာ့မအံ့ၾသခံနိုင္ပါ့မလား၊ ဒါနဲ႔ပုံ႔လဲ ” အဖြား အဖြားသမီးေလးက ဘာျဖစ္လို့လဲဘာလို့အပ္ခ်င္တာလဲ” ဆိုေတာ့ အဖြားက ” ကၽြန္မ သမီးေလးက စိတ္က်န္းမာ ေရး မေကာင္းရွာတဲ့သူပါရွင္၊ အသက္ကအခုဆိုရင္

၃၈ ႏွစ္ရွိပါၿပီ၊ အသက္ ၁၈ ႏွစ္ေလာက္ထဲက ဒီေရာဂါျဖစ္ခဲ့တာပါ” ” သူ႔အေဖလဲသူ႔ေရာဂါကိုကုရင္းနဲ႔ဘဲ ဆုံးသြားတာ ၁၀ ႏွစ္ေလာက္ရွိပါၿပီသူ႔ အေဖမရွိထဲက ကၽြန္မဘဲရွာေဖြေကၽြးေမြးခဲ့ရတာပါ “” အခု သမီးေလးေရာဂါကပိုဆိုးလာလို့ ကၽြန္မ သူနဲ႔လဲမေနရဲေတာ့လို့ပါျပီးေတာ့

ကၽြန္မလဲ အသက္ႀကီးလာေတာ့က်န္းမာေရးမေကာင္းေတာ့လို့သူ႔ကိုလဲဝေအာင္ရွာမေကၽြးေတာ့သလို၊ ကၽြန္မေသသြားရင္လဲသမီးေလးကိုတစ္ေယာက္ထဲစိတ္မခ်လို့ လာအပ္ရတာပါရွင္” ဆိုၿပီး ငိုပါေတာ့တယ္ငိုေနရင္းနဲ႔ဘဲ၊ “ကၽြန္မ သမီးေလးကို ကၽြန္မမေသခင္စိတ္ခ်ခဲ့ခ်င္လို့ပါ

ဟီး ကၽြန္မလဲက်န္းမာေရးတေန႔တျခားပိုပိုဆိုးလာလို့ပါ၊ အရင္ဆိုကၽြန္မလယ္ထဲက ကနေဖာ့ေတြ ကန္စြန္းရြက္ေတြခူးၿပီး စက္ဘီးနဲ႔ၿမိဳ့တက္ေရာင္းတာ၊ အခုေတာ့ စက္ဘီးစီးရင္ အရမ္းကိုေမာလာတယ္၊ ကၽြန္မ ေသမွာမေၾကာက္ပါဘူးကၽြန္မသမီးေလးကို စိတ္မခ်လို့ပါ

လက္ခံေပးပါ ဆရာမရယ္” ဆိုၿပီးသူ႔လက္ထဲပါလာတဲ့သူ႔သမီးေလးဓာတ္ပုံျပရွာတယ္၊ ပုံ႔လဲ သာမာန္ဆိုအသက္ငယ္တဲ့သူ၊ အိမ္ယာရွိတဲ့သူ၊ စိတ္က်န္းမာေရး အရမ္းကိုဆိုးတဲ့သူဆိုလက္မခံပါဘူး၊ ဒါေပမဲ့ ဒီေန႔ေတာ့အဖြားကိုသနားတာနဲ႔ ပုံ႔ကိုယ္တိုင္လာၾကည့္ပါ့မယ္ဆိုၿပီး

လိပ္စာေတာင္းထားလိုက္တယ္။ အဖြားလဲ ထိုင္ရာကေနထ ျပန္ဖို့ဟန္ျပင္ရင္းစက္ဘီးေပၚတက္တဲ့အထိတဖြဖြမွာရွာတယ္၊ “ဆရာမရယ္ လာျဖစ္ေအာင္လာခဲ့ပါေနာ္၊ ကၽြန္မအားကိုးပါရေစေနာ္ဆရာမ လက္ခံရင္ေလကၽြန္မအိမ္ဝိုင္းေလးကိုေရာင္းၿပီးအေႂကြးေလးေတြေပးၿပီးတာနဲ႔

ကၽြန္မလဲကၽြန္မသမီးေလးနဲ႔လာေနပါရေစေနာ္ဆရာမလာျဖစ္ေအာင္လာခဲ့ပါေနာ္”ပုံ႔လဲ ” ဟုတ္ကဲ့ ဟုတ္ကဲ့စိတ္ခ်ပါအဖြားရယ္ပုံ႔လာခဲ့မယ္ေနာ္လို့ေျပာၿပီး ေနာက္ေန႔မွသြားမယ္ဆိုၿပီးေနလိုက္တယ္ စိတ္ထဲေတာ့အေတြးမ်ားစြာနဲ႔ေပါ့။ ပုံ႔ တမနက္လုံးသူတို့သားအမိအေၾကာင္းဘဲ

ေတြးေနမိတယ္။ သူ႔သမီးေလးကဘာလို့႐ူးတာလဲမိသားစုေဆြမ်ိဳးမရွိဘူးလား အဖြားကဘာလို့ ေသစကား ခဏခဏေျပာရတာလဲသူ႔သမီးေလး မရွိရင္ေရာသူဘာျဖစ္မွာလဲစသည္ျဖင့္ေပါ့ ေန႔လည္ေလာက္ေရာက္ေတာ့ပုံ႔စိတ္ထဲ လုံးဝကိုေနလို့ မရေတာ့ပါဘူး၊ ပုံ႔ ရိပ္သာကအကို႔ကို

ကားေမာင္းခိုင္းၿပီးအဖြားတို့သားအမိရွိတဲ့ရြာေလးကိုထြက္ခဲ့ပါေတာ့တယ္။ ရြာေလးက ဟသၤာတနဲ႔သိပ္မေဝးေပမဲ့ေတာ္ေတာ္ေလးကို ေခ်ာင္က်ပါတယ္၊ ကားေပၚကတစ္ေယာက္ကဆင္းၿပီး ေရွ႕ကလမ္းရွာေပးရပါတယ္၊ ကားကႏြားလွည္းလမ္းႀကီးေပၚခြေမာင္းရတာမိုးကုန္ကာစ

ရြံ့လမ္းဆိုေတာ့တကယ့္ကိုခက္ခက္ခဲခဲပါ။ ေမးရင္းေမးရင္းေမာင္းလာလိုက္တာ၊ေနာက္ဆုံးေတာ့ အိမ္ေရွ႕မွာေရအိုးစင္ေလးနဲ႔အိမ္ဟာမေဌးတို့ သားအမိအိမ္ပါတဲ့ေ အာ္သူတို့ရဲ့ဘဝေတြ ပူေလာင္ေနေပမယ့္သူတပါးကိုေတာ့ေအးခ်မ္းေစခ်င္တဲ့ ေစတနာေလးရွိၾကပါလားေပါ့။

သံသရာေႂကြးေတြေၾကာင့္ဘဲထင္ပါတယ္။ ၿခံေရွ႕ကိုေရာက္ေတာ့အိမ္ဆိုတာရွာမေတြ႔ဘူးရယ္ တၿခံလုံးျခဳံေတြနဲ႔ဖုံးလို့ျပီးေတာ့ေတာရြာက အိမ္ဆိုေတာ့ ၿခံဝနဲ႔အိမ္ကအေတာ္ေလးလွမ္းတာအိမ္ဆီကိုေရာက္ဖို့အပင္ေတြၾကားက တိုးေဝွ႔သြားရတာရယ္၊ ေဟာေတြ႔ပါၿပီ

ၾကမ္းေပါက္က်ဲက်ဲ အမိုးျပဲျပဲထရံအကြဲနဲ႔ယိုင္ႏြဲ႕ေနၿပီျဖစ္တဲ့တခ်ိန္တုံးကခန္႔ခန္႔ထည္ထည္ရွိခဲ့ပုံေပၚတဲ့အိမ္ႀကီး၊ ပုံ႔တို့ အိမ္နားကိုေရာက္ေတာ့ အဖြားေဒၚေဌးနဲ႔ အနားက ရပ္ေဆြရပ္မ်ိဳးေတြလဲ ဝိုင္းလာၾကတယ္၊ လာပါေပါ့၊ ကၽြန္မတို့အိမ္ပါတဲ့ဆရာမကိုေခၚရမွာအားေတာ့နာပါတယ္တဲ့၊

ကိစၥမရွိပါဘူး၊ သူမဖိတ္ေခၚခင္ထဲကပုံ႔ကအိမ္ေပၚခြတက္ဖို့ေျခလွမ္းျပင္ေနပါၿပီ၊ ဒါေပမဲ့ပုံ႔အိမ္ေပၚေရာက္ေရာက္ခ်င္းျမင္လိုက္ရတဲ့ျမင္ကြင္းက ပုံ႔ကိုပုံလ်က္သားက်သြားေစခဲ့ပါတယ္။ ဟုတ္တယ္ပုံ႔ သူမကိုျမင္ျမင္ခ်င္း ဘာမွမေျပာနိုင္ဘဲ ေငးရင္းထိုင္ခ်လိုက္ရတယ္။ သူမသူမဆိုတာက

အသားျဖဴျဖဴ၊ ႏွာတံသြယ္သြယ္၊ ႐ုပ္ေခ်ာေခ်ာေလးနဲ႔အဖြားေဒၚေဌးရဲ့သမီးေလး၊ ေျခေထာက္ကိုေတာ့အိမ္လည္တိုင္မွာ သံႀကိဳးႀကိဳးႀကီးနဲ႔ တြဲၿပီးေသာ့ခတ္ထားေလရဲ႕ေျခေထာက္ေလးေတြၾကည့္လိုက္ေတာ့လဲျဖဴႏုလို့၊ ဒါေပမဲ့ ေျခက်င္းဝတ္မွာ သံႀကိဳးပြန္းရာႀကီးနဲ႔၊

သူကိုေသာ့ခတ္ထားတဲ့ေနရာမွာလဲ ၾကမ္းေပါက္ေတြကၾကဲလို့သံႀကိဳးခတ္ထားသူဟာ အေမျဖစ္ေနတာမို့ဘာလို့ေသာ့ခတ္ထားလဲလို့အရင္မေမးျဖစ္ေတာ့ဘူး၊ ဘယ္မိဘမွသံႀကိဳးတန္းလန္းနဲ႔ ကိုယ့္သားသမီးကို မျမင္ခ်င္တာ အေသအခ်ာမို့ပါ။ ဒါေၾကာင့္ ဒီလိုသံႀကိဳးခ်ည္ထားတာ

ဘယ္ေလာက္ၾကာၿပီလဲလို့ေမးမိတယ္။ ” သူမအသက္ ၂၀ ေက်ာ္သူမအေဖဆုံးၿပီးထဲကသမီးေလးကို ကၽြန္မကဒီလိုဘဲေသာ့ခတ္ထားရတယ္၊ ခုဆို သမီးအသက္ ၃၈ ဆိုေတာ့၊ သံႀကိဳးခတ္ထားရတာႏွစ္ေတာ္ေတာ္ၾကာပါၿပီ”သမီးေလး အေဖမရွိေတာ့သားအမိႏွစ္ေယာက္ထဲ၊

ကၽြန္မက ကနေဖာ့ခ်ိဳးသြားေတာ့အိမ္မွာသမီးကို ေစာင့္မယ့္လူမရွိတာနဲ႔ထြက္သြားမွာစိုးလို့သံႀကိဳးခ်ည္ထားခဲ့ရတာပါ”ေဘးက ၾကမ္းေပါက္ေတြက ကၽြန္မေဖာက္ေပးထားတာ၊ အေပါ့အေလးသြားလို့ရေအာင္ပါ”ကၽြန္မဘာမေျပာနိုင္ဘဲ ငိုင္ေနမိတယ္၊ ေအာ္အဖြားရယ္ထြက္သြားမွာစိုးလို့

အိမ္လည္တိုင္မွာသမီးပ်ိဳစိတ္ေဝတနာသည္ေလးကိုသံႀကိဳးခတ္ထားခဲ့တယ္တဲ့လား၊ဘယ္အေပါက္ကတက္တက္ တက္လို့ရေနတဲ့အဖြားအိမ္အိမ္တံခါးမရွိျခံတကားဗလာနဲ႔အဖြားအိမ္က သံႀကိဳးခတ္ခံထားရတဲ့သမီးေလးအတြက္ လုံျခဳံေနလို့လားလို့ေမးလိုက္ခ်င္ပါတယ္။

ဒါေပမဲ့ကၽြန္မမေမးျဖစ္ပါဘူးဘာလို့ဆိုမေအတခု သမီးတခုဘဝမွာမျဖစ္မေနထမင္းစားဖို့ထြက္ရွာရမယ့္အဖြားကစိတ္ေဝဒနာသည္သူ႔သမီးေလးကို စိတ္မခ်လြန္းလို့ႀကံရာမရတဲ့အဆုံး သံႀကိဳးေလးခတ္ထားရင္သူ႔သမီးေလးလုံျခဳံၿပီလို့ကိုယ့္စိတ္ကိုလွည့္စားရင္းေငြထြက္ရွာရတယ္ထင္ပါရဲ႕

ဒါနဲ႔ ပုံ႔လဲ အဖြားအေၾကာင္းကို ဆက္ေမးျဖစ္ပါတယ္၊ ” ကၽြန္မတို့ကမိသားစု ၅ ေယာက္ရွိပါတယ္သမီးေလးကအလတ္၊ သူ႔အထက္မွာအမတစ္ေယာက္နဲ႔သူ႔ေအာက္မွာေမာင္ေလးတစ္ေယာက္ရွိပါတယ္”အရင္တုံးကကၽြန္မတို့ေတြေတာ္ေတာ္ေလးျပည့္စုံၾကတယ္၊

သြပ္မိုးပ်ဥ္ေထာင္အိမ္ႀကီးနဲ႔ဟိုး မွာျမင္ေနရတဲ့ လယ္ေတြေတြ႔လား၊ အဲ့ကေနဟိုးသစ္ေတာအုပ္ေလးထိအရင္ကကၽြန္မတို့လယ္ေတြအဆင္မေျပလို့ေရာင္းလိုက္တာ”ဆိုၿပီး အိမ္ေရွ႕လမ္းေလးရဲ့တဖက္ကေနဟိုးဘုရားျဖဴျဖဴေလးနဲ႔ေတာအုပ္စပ္အထိမ်က္စိတဆုံးစိမ္းညႇို့ေနတဲ့

လယ္ေတြကိုခပ္ေဆြးေဆြးေလးၾကည့္ၿပီး လက္ညႇိုးထိုးျပရွာတယ္။ “သမီးေလး ၁၈ ႏွစ္ေလာက္မွာ၊ သမီးအႀကီးေလးကမိန္းကေလးေရာဂါနဲ႔ ဆုံးသြားရွာတယ္။ သူတို့ညီအမေတြကသိပ္ခ်စ္ၾကတာေလအဲ့ထဲကသမီးကစကားသိပ္မေျပာေတာ့ဘူး၊ ဒါေပမဲ့အလုပ္ေတာ့လုပ္တယ္။

ဘုရားရွိခိုးတယ္”သားအငယ္ကေတာ့ဆိုးတယ္၊ သူက အရက္ေသာက္တယ္ေလာင္းကစားလုပ္တယ္၊ အိမ္ကပစၥည္းေတြအကုန္ခိုးေရာင္းတာအဲ့ေတာ့သူ႔အေဖနဲ႔အျမဲျပသနာတက္ၾကတယ္၊ “အဲ့ေနာက္ပိုင္း တျဖည္းျဖည္း စီးပြားလဲက်လာ အိမ္မွာလဲခဏခဏျပသနာတက္ေတာ့

သမီးေလးအေျခအေနကပိုဆိုးလာတယ္၊ ပထမပိုင္းေတာ့သီခ်င္းေတြေအာ္ဆိုတယ္၊ အဲ့ကေန ဆဲတယ္စကားအက်ယ္ႀကီးေျပာတယ္၊ ညဆိုမအိပ္ဘဲငိုတယ္၊ “သူ႔အေဖရွိတုံးကေတာ့ သူ႔ကို မ်ိဳးစုံကုတယ္၊ တံတားေလးလဲေရာက္တယ္ဘယ္ေနရာေကာင္းတယ္ဆိုသြားကုတာဘဲ

သူ႔အေဖကႏွလုံးမေကာင္းဘူး၊ သူ႔ေရာဂါေတာင္ သူမကုဘဲသူ႔သမီးကိုေကာင္းတယ္ၾကားတာနဲ႔ လိုက္ကုတာကုရင္းနဲ႔ဘဲသူ႔သမီးမဆုံးဘဲသူဆုံးသြားရွာတယ္၊ စိတ္ေတြညစ္တာလဲပါတာေပါ့” သူ႔အေဖဆုံးေဆာ့ကၽြန္မလဲဘာလုပ္ရမွန္းမသိဘူး၊ သားကလဲအိမ္ျပန္လာရင္လာတယ္

မလာရင္မလာဘူး၊ ေလာင္းကစားလုပ္ၿပီးရွိတာ အကုန္ေရာင္းတယ္၊ ကၽြန္မကလဲသူ႔ကိုေၾကာက္ရတယ္၊ “သိပ္မၾကာဘူးသားကမိန္းမရတယ္မိန္းမလဲရေရာသူလိမ္မာပါမယ္၊ ရန္ကုန္တက္အလုပ္လုပ္မယ္လယ္ေတြေရာင္းေပးပါ၊ ဟိုမွာအေျခခ်မယ္သူျပန္လာေခၚမယ္ေျပာတယ္။

ကၽြန္မလဲသားအမိႏွစ္ေယာက္ထဲဘာလုပ္ရမွန္းမသိတာနဲ႔သူ႔ကိုလယ္ေတြအကုန္အပ္လိုက္တာ ေရာင္းၿပီးတစ္လႏွစ္လေတာ့အဆက္အသြယ္လုပ္ေသးတယ္၊ ေနာက္ပိုင္းဖုန္းလဲမဆက္ေတာ့ဘူး၊ ဖုန္းလဲမကိုင္ေတာ့ဘူး၊ ဒီလိုနဲ႔ကၽြန္မတို့ရွိတာေတြအကုန္ဖဲ့ေရာင္းထုတ္ေရာင္းရင္း

ေနာက္ဆုံး ဒီလိုဘဝေရာက္တာပါဘဲသားကိုေလအရမ္းစိတ္နာတယ္၊ ကၽြန္မတို့ဒီဘဝေရာက္ေအာင္သူလုပ္တာအီးဟီးဟီး” ဆို ျခဳံးပြဲခ်ငိုေနရွာတယ္၊ ကၽြန္မေလ ပဲႏွုတ္ခ်ိန္ပဲႏွုတ္ ေကာက္စိုက္ခ်္န္ေကာက္စိုက္၊ ဘာအလုပ္မွမရွိရင္ လယ္ေတြထဲကနေဖာ့ႏွုတ္တယ္၊

ကန္စြန္းရြက္ခူးတယ္၊ ျမိဳ့တက္ေရာင္းတယ္ကၽြန္မအျပင္သြားေနခ်ိန္ေတာ့သမီးေလးေျခေထာက္ကိုသံႀကိဳးနဲ႔ခ်ည္ထားခဲ့ရတာတခါေလၽွာက္ထြက္တာျပန္ပို့လို့ေတာ္ေသးတာအဲ့ထဲကကၽြန္မ အျမဲခတ္ထားတာ”ပုံ႔လဲအဖြားကို ေဆးက်ဘယ္လိုကုလဲေမးေတာ့ကၽြန္မပိုက္ဆံရွိရင္တပတ္တခါ

ဟသၤာတတက္ေဆးထုတ္တယ္၊ မရွိရင္ေတာ့ေဆးမတိုက္နိုင္ဘူးေပါ့၊ေဆးတိုက္ရင္ေတာ့ၿငိမ္တယ္မတိုက္ရင္ကၽြန္မသူ႔အနားမအိပ္ရဲဘူး၊ စိတ္ထလာရင္အကုန္ေပါက္ခြဲလက္သီးေတြနဲ႔ထိုး ေသာင္းက်န္းတာတခါကၽြန္မေတာင္ထိုးမယ္လုပ္လို့ေဘးကဝိုင္းဆြဲရတယ္၊ အဲ့ထဲကကၽြန္မ

သူနဲ႔အတူမအိပ္ရဲေတာ့ဘူးကၽြန္မဒီမွာထြက္အိပ္တာသူဘယ္ေလာက္ၾကမ္းလဲဘုရားစင္ကိုၾကည့္ေလဘုရားေရာအိုးေတြေရာေပါက္ခြဲပစ္တာဘုရားေတာင္တျခမ္းပဲ့ေနၿပီ၊ အဖြားအိပ္တဲ့ေနရာၾကည့္ေတာ့အိမ္ေရွ႕ကြတ္ပစ္အကာမပါအခင္းက်ဲက်ဲေပၚမယ္ပီနံအိတ္ေလးခင္းလို့

ဘုရားစင္ေမာ့ၾကည့္ေတာ့လဲဘုရားတျခမ္းပဲ့ေလးနဲ႔သူမကဘဲဆက္ေျပာပါတယ္”ကၽြန္မအခုအရင္လိုအလုပ္သိပ္မလုပ္နိုင္ေတာ့ဘူး၊ အရင္ဆို ၿမိဳ့ကိုစက္ဘီးစီးရင္မေမာဘူးခုေမာတယ္၊ ၿပီးေတာ့ ကၽြန္မသူ႔ကိုဆက္မေစာင့္ေရွာက္နိုင္ေတာ့ဘူးကၽြန္မပါ႐ူးရင္႐ူးမ႐ူးရင္

သတ္ေသမိလိမ့္မယ္ကၽြန္မထမင္းလဲနပ္မွန္ေအာင္မရွာနိုင္ေတာ့ဘူးကၽြန္မသမီးေလးကိုလဲေဆးမတိုက္နိုင္ေတာ့ဘူးဆရာမရယ္အီးဟီးကၽြန္မေရာကၽြန္မသမီးေလးေရာအတူတူေသဖို့ကၽြန္မခဏခဏႀကံမိတယ္ဆရာမရယ္”ဟုတ္ပါတယ္ပုံ႔လဲသူ႔ေနရာခဏဝင္ခံစားၾကည့္တာ

ထြက္ေပါက္အရမ္းကိုပိတ္သြားတယ္လို့ခံစားရတယ္။ ခ်က္ခ်င္း႐ူးခ်င္သြားတယ္။ ကၽြန္မလဲဘာမွမေတြးေတာ့ဘဲကၽြန္မလက္ခံပါ့မယ္ဆိုၿပီးသူတို့ သားအမိကိုေစာင့္ေရွာက္ဖို့တာဝန္ယူမိတယ္၊ ပုံမွန္ဆိုရင္ေတာ့စိတ္က်န္းမာေရးအဲ့ေလာက္ဆိုးရင္လက္မခံပါဘူး၊ ဒီလိုအေျခအေနမွာေတာ့

ကၽြန္မႏွလုံးသားကကၽြန္မကိုျငင္းခြင့္မျပဳခဲ့ပါဘူးကၽြန္မက အဖြားကိုသမီးေလးေရာ၊ အဖြားကိုပါႏွစ္ေယာက္စလုံးကိုေစာင့္ေရွာက္ေပးပါ့မယ္ဆိုေတာ့တအားေပ်ာ္သြားရွာတယ္၊ သူေပ်ာ္လို့ေျပာတဲ့စကားလုံးမွာကၽြန္မကေတာ့အေျဖတစ္ခုရသြားခဲ့တယ္။ “ဝမ္းသာလိုက္တာဆရာမရယ္

ကၽြန္မေလကၽြန္မပါလိုက္ခ်င္တာႏွစ္ေယာက္ဆို လက္မခံနိုင္မွာစိုးလို့ကၽြန္မသမီးေလးကိုဘဲအပ္ရတာပါကၽြန္မသမီးေလးမရွိရင္ကၽြန္မလဲဘာလုပ္ရမွန္းမသိဘူး႐ူးခ်င္႐ူးေသခ်င္ေသမွာၿပီးေတာ့ ကေလးကစိတ္ထရင္ကၽြန္မနဲ႔မွျဖစ္တာအရင္ ပိုက္ဆံအဆင္ေျပတုံးကညဘက္မအိပ္ဘဲ

စိတ္ထရင္ကၽြန္မဆရာဝန္ေပးတဲ့စိတ္ျငိမ္ေဆးေတြ ၃/၄ လုံးတိုက္ပစ္တာအဲ့ဒါဆိုသူကၿငိမ္ၿပီး အိပ္ေရာ”ဟင္အဖြားကိုဆရာဝန္ကတိုက္ခိုင္းတာလား”လို့ပုံ႔ကအလန္႔တၾကားေမးေတာ့မဟုတ္ဘူးကၽြန္မဟာ ကၽြန္မတိုက္တာ၊ ေဆးေတြကတပါတ္မျပည့္ခင္ကုန္ေရာခုေတာ့ပိုက္ဆံမရွိေတာ့

ဝယ္လဲမတိုက္နိုင္ေတာ့ပါဘူးအဲ့ေတာ့သူလဲပိုဆိုးလာတယ္၊ ျဖစ္ၿပီးခဲ့တာေတြလဲ ျပန္ျပင္မရၿပီမို့ ေစတနာေဇာနဲ႔လုပ္ခဲ့တဲ့ပညာမတတ္ရွာ၊ ဗဟုသုတမႂကြယ္ရွာဘဲသားသမီးကိုခ်စ္တဲ့စိတ္ေလး တခုနဲ႔အေကာင္းဆုံးကိုဖန္တီးေပးခဲ့တယ္လို့ယူဆေနတဲ့ဒီမေအႀကီးကိုအျပစ္မဆိုခ်င္ေတာ့လို့

ဘာမွမေျပာျဖစ္ေတာ့ပါဘူး။ ပတ္ဝန္းက်င္ကေတာ့ေျပာပါတယ္သူ႔သမီးကအဲ့ဒါေၾကာင့္ပိုဆိုးတာတဲ့စျဖစ္တုံးကသူ႔သမီးေလးမအိပ္ရင္ေဆးေတြလွိမ့္တိုက္တာတဲ့၊ အင္းလို့တလုံးထဲဘဲေျပာမိေတာ့တယ္၊ ေနာက္ဆုံးပုံ႔လက္ခံေတာ့သူတို့သားအမိရိပ္သာလာမယ္ေပါ့သူ႔သမီးေလးေတာ့

အရင္ပို့မယ္သူကေတာ့ခုတခါဘဏ္ေငြထုတ္ရင္ သူရစရာရွိတဲ့လူဆီကရစရာေတာင္းၿပီးသူ႔ေႂကြးေလးေတြဆပ္ၿပီးမွလာခဲ့ပါရေစတဲ့သံသရာေႂကြးမပါခ်င္လို့ပါတဲ့၊ ပုံ႔လဲကူမယ့္ကူအဆုံးထိဘဲ ကူလိုက္ပါေတာ့တယ္၊ ေပးရမယ့္အေႂကြးစာရင္းတြက္ခိုင္းပုံ႔ဘဲစိုက္ဆပ္ၿပီးတခါထဲလိုက္ခဲ့ဖို့ဘဲ

မွာၿပီးျပန္လာခဲ့တယ္။ မျပန္ခင္အဖြားကသူ႔သမီးေလးနဲ႔မိတ္ဆက္ေပးေတာ့ပါလာတဲ့မုန္႔ေတြ သူ႔ကိုေကၽြးရင္းစကားေျပာၾကတယ္၊ အသက္က ၃၈ ဆိုေတာ့ပုံ႔ထက္ႀကီးတယ္၊ ဒါေပမဲ့ကေလးေလးလိုဘဲမုန္႔ေကၽြးေတာ့မေအစားဆိုမွသူစားတယ္ပုံ႔ကို အဖြားကသူတို့ဘဝအေၾကာင္း

ေျပာျပေနခ်ိန္သူ႔အတိတ္ကိုျပန္သတိရေတာ့အမူအရာပ်က္လာတာနဲ႔သံႀကိဳးျပန္ခတ္ထားရတယ္၊ သံႀကိဳးျဖည္ၿပီးပုံ႔နဲ႔စကားေျပာဓာတ္ပုံေတြ ရိုက္တုံးက ျပဳံးရႊင္ေနသေလာက္ သံႀကိဳးျပန္ခတ္ေတာ့႐ုပ္ကအေတာ္ကိုတင္းမာေနတယ္၊ မိသားစုအေရးေတြကို႐ူးေလာက္တဲ့ထိ

ႀကိတ္ခံခဲ့ရပုံေပၚပါတယ္။ ဒီလိုနဲ႔ဆပ္စရာရွိတာေတြဆပ္၊ လုပ္စရာရွိတာေတြအၿပီးလုပ္ၿပီးသားအမိႏွစ္ေယာက္တၿပိဳင္ထဲလ္ာက္ခဲ့ဖို့မွာရင္းပုံ႔တို့ေတြျပန္လာခဲ့ၾကတယ္၊ အျပန္ခရီးမွာေတာ့ကားေပၚကလူေတြအားလုံးအေတြးကိုယ္စီနဲ႔တိတ္ဆိတ္လို့ေပါ့၊ ၃ ရက္ေလာက္ေနေတာ့

မနက္အေစာႀကိးသူတို့သားအမိသုံးဘီေလးနဲ႔ ေရာက္လာခဲ့တယ္၊ ေနာက္မွာလဲဆိုင္ကယ္ေတြနဲ႔ ရပ္ကြက္လူႀကီးေတြလိုက္ပို့ရွာတယ္၊ သမီးေလးကိုဟသၤာတကိုဘုရားဖူးသြားမယ္ဆိုၿပီးညာေခၚလာခဲ့တာသူတို့ေတြရိပ္သာေရာက္ေတာ့ဘုန္းႀကီးေက်ာင္းကဘုရားကိုအရင္ျပရတယ္။

ဘုရားဖူးေပါ႔၊ ပုံ႔လဲအမအေျခအေနကဆိုးတာနဲ႔ အဖြားေတြနဲ႔တြဲထားဖို့မျဖစ္ေတာ့ေနာက္ေဘးမွာ အလွုရွင္ေတြအသစ္လွုဒါန္းထားတဲ့စိတ္က်န္းမာေရးအေဆာင္ေလးမွာသီးသန္႔ထားလိုက္တယ္အစကႏွစ္ေယာက္တခန္းထားဖို့စီစဥ္ထားေပမဲ့အဖြားကသူ႔သမီးကစိတ္ေဖာက္လာရင္သူ႔ကို

ရိုက္တယ္လည္ပင္းညႇစ္တယ္မေနရဲဘူးဆိုလို့ ေဘးခ်င္းကပ္လ်က္အခန္းေလးမွာထားေပးရတယ္။ အမေနတဲ့ အခန္းကိုေသာ့ေလးခတ္ထားၿပီးအဖြားကိုေသာ့ေလးအပ္ထားလိုက္တယ္၊ အဖြားကသန္မာေသးတာဘဲတျခားဘာလုပ္စရာမလိုဘူးကိုယ့္သမီးတာဝန္ေလးေတာ့

ကိုယ္ယူေပးေနာ္အဖြားသမီးကိုဘဲ ဂ႐ုစိုက္ေပးပါဆိုေတာ့အဖြားလဲအားရဝမ္းသာနဲ႔ဟုတ္ကဲ့ပါ ကၽြန္မကလဲအဲ့လုိသမီးေလးကိုျပဳစုခ်င္တာပါတဲ့၊ ခုေတာ့ ခိုလွုံရာရဲ႕အရိပ္မွာအမလဲေျခေထာက္ကို ၁၄ ႏွစ္ၾကာသံႀကိဳးခတ္ၿပီးခ်ဳပ္ေႏွာင္ခံရတဲ့ဘဝကလြတ္ေျမာက္ခဲ့ၿပီးဘဝကို

အရွုံးေပးဖို့ထိၾကံရြယ္ေနၿပီးကိုယ့္ကိုယ္ကို သက္ဆိုးမရွည္ဘူးလို့ထင္ေနတဲ့အဖြားလဲ၀လို့လွလို့က်န္ရွိတဲ့ဘဝကိုေလာကႀကီးမွာေနေပ်ာ္ေနခဲ့ၿပီ၊ စိတ္ေကာင္းေနတဲ့အခ်ိန္ဆိုအမက သီခ်င္းေတြဆိုတယ္၊ ကတယ္၊ ေဆာ့တယ္၊ ပဌာန္းရြတ္တယ္႐ုပ္ေလးကလဲေခ်ာေခ်ာေလးနဲ႔

ကေလးေလးလိုပါဘဲအဲ့ခ်ိန္ဆိုသူ႔အေမကသူ႔သမီးေလးအခန္းကိုဖြင့္ေပးၿပီးသားအမိႏွစ္ေယာက္ အဖြားေဆာင္မွာ TV ၾကည့္ၾကတယ္။ ေဟာေဆးမွန္မွန္တိုက္တဲ့ၾကားကဘဲစိတ္ေဖာက္တဲ့အခ်ိန္ဆိုရင္ေတာ့ေအာ္ဟစ္ၿပီးတဒုံးဒုံးနဲ႔ေအာ္ဟစ္ လက္သီးေတြနဲ႔ထိုးလို့အခန္းတစ္ခုနဲ႔တစ္ခုၾကား

ကာထားတဲ့ေက်ာက္ျပားအထူေတြပါထိုးပါမ်ားေတာ့ေပါက္ျပဲကုန္ပါေလရဲ့တံခါးဆိုရင္လဲေလ သူ႔ေမေမယူလာတဲ့သူ႔သမီးေလးေျခေထာက္ခတ္ခဲ့တဲ့သံႀကိဳးနဲ႔ခ်ည္ထားရတယ္၊ အမကေဖာက္ရင္အကုန္ရိုက္ဖြင့္တာရယ္ပုံ႔တို့ရဲ့ ခိုလွုံရာေလးကေတာ့ဘယ္လိုလူလာလာလာသမၽွလူရဲ့

ေကာင္းဒဏ္ဆိုးဒဏ္ကိုခံရင္းထုသားေပသားၾကေနပါၿပီ၊ ပုံ႔ေလပုံ႔ဆီကိုေရာက္လာတဲ့သူေတြ ဆိုးလို့ဆိုၿပီးေနာင္ဒီလိုလူလက္မခံဘူးဆိုတဲ့စိတ္ဘယ္ေတာ့မွမျဖစ္ဘူး၊ ဘယ္ေလာက္ဆိုးဆိုး စိတ္မက်န္းမာလို့ဆိုးမိတဲ့အမွားပုံ႔အျမဲခြင့္လႊတ္တယ္၊ တခ်က္မၿငိဳျငင္ခဲ့ဖူးဘူး

တခ်က္အျပစ္မေျပာခဲ့ဖူးဘူး၊ ဆိုးတဲ့လူကို အေကာင္းဆုံးဘယ္လိုေစာင့္ေရွာက္ရမလဲဘဲေတြးတယ္၊ အခုလဲအမထိုးခြဲခဲ့လို့ေပါက္ျပဲေနတဲ့ ေက်ာက္ျပားေတြေနရာမွာ အုတ္နံရံေတြ ကာပစ္လိုက္တယ္၊ ဒီလိုထိုးခြဲလို့အခန္းေတြပ်က္ဆီးလို့ ျပန္ျပင္ရတာအမနဲ႔ဆိုႏွစ္ေယာက္ရွိပါၿပီ၊

ဒါေပမဲ့တကယ္ကိုခိုကိုးရာမဲ့ၿပီးမကယ္ရင္ အႏၲရာယ္ျဖစ္ေတာ့မယ့္လူဆိုပုံ႔ကယ္မိေနအုံးမွာပါဘဲတစ္ဦးေစတနာတစ္ဦးေမတၱာလို့ဘဲေျပာရမလားအမဘယ္ေလာက္ေသာင္းက်န္းက်န္းပုံ႔သြားရပ္လိုက္တာနဲ႔ခ်က္ခ်င္းၿငိမ္သြားတတ္တယ္၊ ပုံ႔ေမတၱာကိုသူခံစားမိမယ္ဆိုတာပုံ႔ယုံတယ္။

အဖြားကလဲသူနိုင္သေလာက္ရိပ္သာကိစၥေတြ ကူလုပ္ေပးရွာတယ္။ ခုေတာ့လဲအမတို့သားအမိေတြဝဋ္ေႂကြးေတြကုန္ၿပီးခိုလွုံရာအရိပ္မွာေအးခ်မ္းေနတာတႏွစ္ရွိခဲ့ပါၿပီ၊ အဖြားေရာ၊ အမေရာ ဝလို့လွလို့စိုလို့ေပါ့၊ အဖြားလဲသူေသရင္ေတာင္ သမီးေလးကိုခိုလွုံရာမွာစိတ္ခ်ၿပီဆိုၿပီး

ေနမဝင္မွီဆည္းဆာခ်ိန္ေလးကိုအလွပဆုံးအေအးခ်မ္းဆုံးျဖတ္သန္းေနပါၿပီရွင္။ ပထမဆုံး စေတြ႔တဲ့ပုံေလးနဲ႔အခုရိုက္ထားတဲ့ေဘာလုံးေလးနဲ႔ပုံကိုယွဥ္ၾကည့္ရင္သူတို့ရဲ႕လက္ရွိဘဝၿငိမ္းခ်မ္းမွုေလးကိုအထင္းသားျမင္ေနရမွာပါ။ (ဝဋ္ေႂကြးေတြ ပါလာခဲ့ရင္အျပစ္မရွိဘဲလဲ

အခ်ဳပ္အေႏွာင္ခံရတတ္တယ္ဆိုတာေလး သံေဝဂယူမိပါတယ္။ မ်က္ႏွာပုံေတြေတာ့မဖ်က္ေတာ့ပါဘူး။ အဖြားကိုယ္တိုင္ကသူ႔သားသိေစခ်င္လိုပါတဲ့၊ သူ႔သားနံမည္ႀကီးေတာင္ထည့္ၿပီးတင္ခိုင္းတာမို့ပါပုံ႔ကေတာ့နံမည္မတင္ေတာ့ပါဘူး၊ ဒါေပမဲ့အကုန္ေရာင္းၿပီးထားသြားရက္တဲ့

သားျဖစ္သူႀကီးဒီစာေလးကိုဖတ္မိတဲ့အခါလိပ္ျပာလုံပါေစဆုေတာင္းေပးလိုက္ပါတယ္)။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေနေ႔လးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္ Thin Shwe Sin Hlaing

ယူနီကုဒ္ျဖင္႔ ဖတ္ရန္

၁၄နှစ်ကြာ သံကြိုးရှည်နဲ့ သော့ခပ်ထားရတဲ့ စိတ်ဝေဒနာရှင်သမီးလေးအတွက် မိခင်တယောက်ရဲ့ သောက အခုတော့စိတ်ချလက်ချ ငြိမ်းအေးသွားခဲ့ရပါပြီ။ နှစ်အကြာကြီးထိ သံကြိုးခတ်လို့ ချုပ်နှောင်ခံခဲ့ရတဲ့ သူမတို့အကြောင်းလေး ပုံ့ပြောပြမယ်။

လူရယ်လို့ဖြစ်လာပြီမို့ လောကဒဏ်ရဲ့ ရိုက်နှက်မှုကို ခံရတာသိပ်တော့မဆန်းလှပါဘူး၊ ဒါပေမဲ့ အဲ့ဒီ့ လောကဒဏ်ဆိုတာကြီးကသူတို့ သားအမိကိုမှခဏခဏ လွှဲလွှဲ ရိုက်နေတာကတော့ အရမ်းကိုရင်နာစရာကောင်းလှပါတယ်။ သူတို့သားအမိ ပုံ့ဆီရောက်လာပုံလေးကထူးဆန်းတယ်၊

ပုံ့ ဖွင့်ထားတာ ဘိုးဘွားရိပ်သာဆိုတော့ပုံမှန်ဆို သားသမီးတွေက ပစ်သွားတဲ့မိအိုဘအိုတွေဘဲ ရောက်လာတတ်ကြတယ်၊ သူတို့ကတော့ ထူးထူးခြားခြား မအေကိုယ်တိုင်ကသူ့သမီးလေးကို ရိပ်သာအပ်ပါရစေဆိုပြီးခွင့်လာတောင်းခဲ့တာ၊ သူတို့ သားအမိ ပုံ့ဆီရောက်လာခဲ့တာ

ခုဆောင်းတွင်းဆို တနှစ်ပြည့်ခဲ့ပြီ၊ သူတို့ရဲ့ ဇာတ်လမ်းလေးဟာ ရင်နာစရာကောင်းလွန်းလို့ ရေးဖို့တောင် စကားလုံးတွေ ရှာမရခဲ့ဘူး၊ ဒါပေမဲ့ လောကကို လွယ်လွယ်အရှုံးပေးတတ်ကြသူတွေကို တွေ့တိုင်း ဒီသားအမိအကြောင်းလေးကို ရေးပြချင်ခဲ့မိပါတယ်။

မနှစ်ကဆောင်းရာသီရဲ့ နှင်းတွေကျနေတဲ့ နေ့ တနေ့မှာပေါ့၊ ပိန်ချုံးပြီးမျက်ကွင်းတွေတောင် ကျနေပြီဖြစ်တဲ့အဖွားတစ်ယောက် စက်ဘီးအစုတ်လေးကိုစီးပြီး ပုံ့ဆီရောက်လာခဲ့တယ်။ ပုံ့အတွက်တော့ အဲ့ဒီနေ့သည်လဲအရင်နေ့တွေလိုပါဘဲကလေးတွေနဲ့ဆော့ရင်းရိပ်သာရှေ့ကခုံလေးမှာ

ထိုင်နေခဲ့တယ်၊ အဲ့ဒီအချိန် အဖွားရောက်လာပြီး ပုံ့ကို မေးရှာတယ်။ ” သမီး ခိုလှုံရာဆိုတာ ဒါလားဟင် ” ပုံ့လဲ ” ဟုတ်ပါတယ် အဖွားဘာကိစ္စရှိလို့လဲ လာထိုင်ပါ ” ဆိုတော့အဖွားက ပုံ့ဘေးကထိုင်ခုံလေးမှာဝင်ထိုင်ရင်း ဘာမပြောညာမပြောနဲ့ ချုံးပွဲချငိုပါတော့တယ်၊ ပုံ့လဲ ရိပ်သာက

ဝန်ထမ်းတွေနဲ့ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး စိတ်ပူသွားတယ်၊ အဖွားခမျာတော့ ဒီစကားလုံးတွေကို ပြောထွက်ဖို့အတွက်ရင်ထဲမှာအရမ်းကိုတစ်ဆို့ နေပုံပေါ်ပါတယ်၊ ပုံ့မေးတာ မဖြေနိုင်သေးဘဲ သူငိုလို့ဝတော့မှ ” အဖွားသမီးလေးကို ဒီရိပ်သာမှာ ထားချင်လို့ပါ သမီးရယ် ” တဲ့ပြောပြီးတာနဲ့

ချုံးပွဲချငိုပြန်ပါတယ်၊ သားသမီးကိုပစ်ရတဲ့ပွဲဆိုတော့လဲ မငိုဘဲဘယ်နေနိုင်ပါ့မလဲလေ၊ ပုံ့လဲ “ဟင်” လို့တလုံးတည်းသာပြောပြီး အတော်အံ့သြသွားမိတယ်၊ ဟုတ်တယ်လေပုံ့ဖွင့်ထားတာ ဘိုးဘွားရိပ်သာဆိုတော့ ပုံ့ဆီရောက်လာတာတွေကများသောအားဖြင့် သားသမီးကပစ်တဲ့

မိအိုဘအိုတွေအခုကျ မိခင်ကိုယ်တိုင်က သူ့သမီးလေးကိုလာအပ်ရှာတာဆိုတော့မအံ့သြခံနိုင်ပါ့မလား၊ ဒါနဲ့ပုံ့လဲ ” အဖွား အဖွားသမီးလေးက ဘာဖြစ်လို့လဲဘာလို့အပ်ချင်တာလဲ” ဆိုတော့ အဖွားက ” ကျွန်မ သမီးလေးက စိတ်ကျန်းမာ ရေး မကောင်းရှာတဲ့သူပါရှင်၊ အသက်ကအခုဆိုရင်

၃၈ နှစ်ရှိပါပြီ၊ အသက် ၁၈ နှစ်လောက်ထဲက ဒီရောဂါဖြစ်ခဲ့တာပါ” ” သူ့အဖေလဲသူ့ရောဂါကိုကုရင်းနဲ့ဘဲ ဆုံးသွားတာ ၁၀ နှစ်လောက်ရှိပါပြီသူ့ အဖေမရှိထဲက ကျွန်မဘဲရှာဖွေကျွေးမွေးခဲ့ရတာပါ “” အခု သမီးလေးရောဂါကပိုဆိုးလာလို့ ကျွန်မ သူနဲ့လဲမနေရဲတော့လို့ပါပြီးတော့

ကျွန်မလဲ အသက်ကြီးလာတော့ကျန်းမာရေးမကောင်းတော့လို့သူ့ကိုလဲဝအောင်ရှာမကျွေးတော့သလို၊ ကျွန်မသေသွားရင်လဲသမီးလေးကိုတစ်ယောက်ထဲစိတ်မချလို့ လာအပ်ရတာပါရှင်” ဆိုပြီး ငိုပါတော့တယ်ငိုနေရင်းနဲ့ဘဲ၊ “ကျွန်မ သမီးလေးကို ကျွန်မမသေခင်စိတ်ချခဲ့ချင်လို့ပါ

ဟီး ကျွန်မလဲကျန်းမာရေးတနေ့တခြားပိုပိုဆိုးလာလို့ပါ၊ အရင်ဆိုကျွန်မလယ်ထဲက ကနဖော့တွေ ကန်စွန်းရွက်တွေခူးပြီး စက်ဘီးနဲ့မြို့တက်ရောင်းတာ၊ အခုတော့ စက်ဘီးစီးရင် အရမ်းကိုမောလာတယ်၊ ကျွန်မ သေမှာမကြောက်ပါဘူးကျွန်မသမီးလေးကို စိတ်မချလို့ပါ

လက်ခံပေးပါ ဆရာမရယ်” ဆိုပြီးသူ့လက်ထဲပါလာတဲ့သူ့သမီးလေးဓာတ်ပုံပြရှာတယ်၊ ပုံ့လဲ သာမာန်ဆိုအသက်ငယ်တဲ့သူ၊ အိမ်ယာရှိတဲ့သူ၊ စိတ်ကျန်းမာရေး အရမ်းကိုဆိုးတဲ့သူဆိုလက်မခံပါဘူး၊ ဒါပေမဲ့ ဒီနေ့တော့အဖွားကိုသနားတာနဲ့ ပုံ့ကိုယ်တိုင်လာကြည့်ပါ့မယ်ဆိုပြီး

လိပ်စာတောင်းထားလိုက်တယ်။ အဖွားလဲ ထိုင်ရာကနေထ ပြန်ဖို့ဟန်ပြင်ရင်းစက်ဘီးပေါ်တက်တဲ့အထိတဖွဖွမှာရှာတယ်၊ “ဆရာမရယ် လာဖြစ်အောင်လာခဲ့ပါနော်၊ ကျွန်မအားကိုးပါရစေနော်ဆရာမ လက်ခံရင်လေကျွန်မအိမ်ဝိုင်းလေးကိုရောင်းပြီးအကြွေးလေးတွေပေးပြီးတာနဲ့

ကျွန်မလဲကျွန်မသမီးလေးနဲ့လာနေပါရစေနော်ဆရာမလာဖြစ်အောင်လာခဲ့ပါနော်”ပုံ့လဲ ” ဟုတ်ကဲ့ ဟုတ်ကဲ့စိတ်ချပါအဖွားရယ်ပုံ့လာခဲ့မယ်နော်လို့ပြောပြီး နောက်နေ့မှသွားမယ်ဆိုပြီးနေလိုက်တယ် စိတ်ထဲတော့အတွေးများစွာနဲ့ပေါ့။ ပုံ့ တမနက်လုံးသူတို့သားအမိအကြောင်းဘဲ

တွေးနေမိတယ်။ သူ့သမီးလေးကဘာလို့ရူးတာလဲမိသားစုဆွေမျိုးမရှိဘူးလား အဖွားကဘာလို့ သေစကား ခဏခဏပြောရတာလဲသူ့သမီးလေး မရှိရင်ရောသူဘာဖြစ်မှာလဲစသည်ဖြင့်ပေါ့ နေ့လည်လောက်ရောက်တော့ပုံ့စိတ်ထဲ လုံးဝကိုနေလို့ မရတော့ပါဘူး၊ ပုံ့ ရိပ်သာကအကို့ကို

ကားမောင်းခိုင်းပြီးအဖွားတို့သားအမိရှိတဲ့ရွာလေးကိုထွက်ခဲ့ပါတော့တယ်။ ရွာလေးက ဟင်္သာတနဲ့သိပ်မဝေးပေမဲ့တော်တော်လေးကို ချောင်ကျပါတယ်၊ ကားပေါ်ကတစ်ယောက်ကဆင်းပြီး ရှေ့ကလမ်းရှာပေးရပါတယ်၊ ကားကနွားလှည်းလမ်းကြီးပေါ်ခွမောင်းရတာမိုးကုန်ကာစ

ရွံ့လမ်းဆိုတော့တကယ့်ကိုခက်ခက်ခဲခဲပါ။ မေးရင်းမေးရင်းမောင်းလာလိုက်တာ၊နောက်ဆုံးတော့ အိမ်ရှေ့မှာရေအိုးစင်လေးနဲ့အိမ်ဟာမဌေးတို့ သားအမိအိမ်ပါတဲ့၊ အော်သူတို့ရဲ့ဘဝတွေ ပူလောင်နေပေမယ့်သူတပါးကိုတော့အေးချမ်းစေချင်တဲ့ စေတနာလေးရှိကြပါလားပေါ့။

သံသရာကြွေးတွေကြောင့်ဘဲထင်ပါတယ်။ ခြံရှေ့ကိုရောက်တော့အိမ်ဆိုတာရှာမတွေ့ဘူးရယ် တခြံလုံးခြုံတွေနဲ့ဖုံးလို့ပြီးတော့တောရွာက အိမ်ဆိုတော့ ခြံဝနဲ့အိမ်ကအတော်လေးလှမ်းတာအိမ်ဆီကိုရောက်ဖို့အပင်တွေကြားက တိုးဝှေ့သွားရတာရယ်၊ ဟောတွေ့ပါပြီ

ကြမ်းပေါက်ကျဲကျဲ အမိုးပြဲပြဲထရံအကွဲနဲ့ယိုင်နွဲ့နေပြီဖြစ်တဲ့တချိန်တုံးကခန့်ခန့်ထည်ထည်ရှိခဲ့ပုံပေါ်တဲ့အိမ်ကြီး၊ ပုံ့တို့ အိမ်နားကိုရောက်တော့ အဖွားဒေါ်ဌေးနဲ့ အနားက ရပ်ဆွေရပ်မျိုးတွေလဲ ဝိုင်းလာကြတယ်၊ လာပါပေါ့၊ ကျွန်မတို့အိမ်ပါတဲ့ဆရာမကိုခေါ်ရမှာအားတော့နာပါတယ်တဲ့၊

ကိစ္စမရှိပါဘူး၊ သူမဖိတ်ခေါ်ခင်ထဲကပုံ့ကအိမ်ပေါ်ခွတက်ဖို့ခြေလှမ်းပြင်နေပါပြီ၊ ဒါပေမဲ့ပုံ့အိမ်ပေါ်ရောက်ရောက်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက ပုံ့ကိုပုံလျက်သားကျသွားစေခဲ့ပါတယ်။ ဟုတ်တယ်ပုံ့ သူမကိုမြင်မြင်ချင်း ဘာမှမပြောနိုင်ဘဲ ငေးရင်းထိုင်ချလိုက်ရတယ်။ သူမသူမဆိုတာက

အသားဖြူဖြူ၊ နှာတံသွယ်သွယ်၊ ရုပ်ချောချောလေးနဲ့အဖွားဒေါ်ဌေးရဲ့သမီးလေး၊ ခြေထောက်ကိုတော့အိမ်လည်တိုင်မှာ သံကြိုးကြိုးကြီးနဲ့ တွဲပြီးသော့ခတ်ထားလေရဲ့ခြေထောက်လေးတွေကြည့်လိုက်တော့လဲဖြူနုလို့၊ ဒါပေမဲ့ ခြေကျင်းဝတ်မှာ သံကြိုးပွန်းရာကြီးနဲ့၊

သူကိုသော့ခတ်ထားတဲ့နေရာမှာလဲ ကြမ်းပေါက်တွေကကြဲလို့သံကြိုးခတ်ထားသူဟာ အမေဖြစ်နေတာမို့ဘာလို့သော့ခတ်ထားလဲလို့အရင်မမေးဖြစ်တော့ဘူး၊ ဘယ်မိဘမှသံကြိုးတန်းလန်းနဲ့ ကိုယ့်သားသမီးကို မမြင်ချင်တာ အသေအချာမို့ပါ။ ဒါကြောင့် ဒီလိုသံကြိုးချည်ထားတာ

ဘယ်လောက်ကြာပြီလဲလို့မေးမိတယ်။ ” သူမအသက် ၂၀ ကျော်သူမအဖေဆုံးပြီးထဲကသမီးလေးကို ကျွန်မကဒီလိုဘဲသော့ခတ်ထားရတယ်၊ ခုဆို သမီးအသက် ၃၈ ဆိုတော့၊ သံကြိုးခတ်ထားရတာနှစ်တော်တော်ကြာပါပြီ”သမီးလေး အဖေမရှိတော့သားအမိနှစ်ယောက်ထဲ၊

ကျွန်မက ကနဖော့ချိုးသွားတော့အိမ်မှာသမီးကို စောင့်မယ့်လူမရှိတာနဲ့ထွက်သွားမှာစိုးလို့သံကြိုးချည်ထားခဲ့ရတာပါ”ဘေးက ကြမ်းပေါက်တွေက ကျွန်မဖောက်ပေးထားတာ၊ အပေါ့အလေးသွားလို့ရအောင်ပါ”ကျွန်မဘာမပြောနိုင်ဘဲ ငိုင်နေမိတယ်၊ အော်အဖွားရယ်ထွက်သွားမှာစိုးလို့

အိမ်လည်တိုင်မှာသမီးပျိုစိတ်ဝေတနာသည်လေးကိုသံကြိုးခတ်ထားခဲ့တယ်တဲ့လား၊ဘယ်အပေါက်ကတက်တက် တက်လို့ရနေတဲ့အဖွားအိမ်အိမ်တံခါးမရှိခြံတကားဗလာနဲ့အဖွားအိမ်က သံကြိုးခတ်ခံထားရတဲ့သမီးလေးအတွက် လုံခြုံနေလို့လားလို့မေးလိုက်ချင်ပါတယ်။

ဒါပေမဲ့ကျွန်မမမေးဖြစ်ပါဘူးဘာလို့ဆိုမအေတခု သမီးတခုဘဝမှာမဖြစ်မနေထမင်းစားဖို့ထွက်ရှာရမယ့်အဖွားကစိတ်ဝေဒနာသည်သူ့သမီးလေးကို စိတ်မချလွန်းလို့ကြံရာမရတဲ့အဆုံး သံကြိုးလေးခတ်ထားရင်သူ့သမီးလေးလုံခြုံပြီလို့ကိုယ့်စိတ်ကိုလှည့်စားရင်းငွေထွက်ရှာရတယ်ထင်ပါရဲ့

ဒါနဲ့ ပုံ့လဲ အဖွားအကြောင်းကို ဆက်မေးဖြစ်ပါတယ်၊ ” ကျွန်မတို့ကမိသားစု ၅ ယောက်ရှိပါတယ်သမီးလေးကအလတ်၊ သူ့အထက်မှာအမတစ်ယောက်နဲ့သူ့အောက်မှာမောင်လေးတစ်ယောက်ရှိပါတယ်”အရင်တုံးကကျွန်မတို့တွေတော်တော်လေးပြည့်စုံကြတယ်၊

သွပ်မိုးပျဉ်ထောင်အိမ်ကြီးနဲ့ဟိုး မှာမြင်နေရတဲ့ လယ်တွေတွေ့လား၊ အဲ့ကနေဟိုးသစ်တောအုပ်လေးထိအရင်ကကျွန်မတို့လယ်တွေအဆင်မပြေလို့ရောင်းလိုက်တာ”ဆိုပြီး အိမ်ရှေ့လမ်းလေးရဲ့တဖက်ကနေဟိုးဘုရားဖြူဖြူလေးနဲ့တောအုပ်စပ်အထိမျက်စိတဆုံးစိမ်းညှို့နေတဲ့

လယ်တွေကိုခပ်ဆွေးဆွေးလေးကြည့်ပြီး လက်ညှိုးထိုးပြရှာတယ်။ “သမီးလေး ၁၈ နှစ်လောက်မှာ၊ သမီးအကြီးလေးကမိန်းကလေးရောဂါနဲ့ ဆုံးသွားရှာတယ်။ သူတို့ညီအမတွေကသိပ်ချစ်ကြတာလေအဲ့ထဲကသမီးကစကားသိပ်မပြောတော့ဘူး၊ ဒါပေမဲ့အလုပ်တော့လုပ်တယ်။

ဘုရားရှိခိုးတယ်”သားအငယ်ကတော့ဆိုးတယ်၊ သူက အရက်သောက်တယ်လောင်းကစားလုပ်တယ်၊ အိမ်ကပစ္စည်းတွေအကုန်ခိုးရောင်းတာအဲ့တော့သူ့အဖေနဲ့အမြဲပြသနာတက်ကြတယ်၊ “အဲ့နောက်ပိုင်း တဖြည်းဖြည်း စီးပွားလဲကျလာ အိမ်မှာလဲခဏခဏပြသနာတက်တော့

သမီးလေးအခြေအနေကပိုဆိုးလာတယ်၊ ပထမပိုင်းတော့သီချင်းတွေအော်ဆိုတယ်၊ အဲ့ကနေ ဆဲတယ်စကားအကျယ်ကြီးပြောတယ်၊ ညဆိုမအိပ်ဘဲငိုတယ်၊ “သူ့အဖေရှိတုံးကတော့ သူ့ကို မျိုးစုံကုတယ်၊ တံတားလေးလဲရောက်တယ်ဘယ်နေရာကောင်းတယ်ဆိုသွားကုတာဘဲ

သူ့အဖေကနှလုံးမကောင်းဘူး၊ သူ့ရောဂါတောင် သူမကုဘဲသူ့သမီးကိုကောင်းတယ်ကြားတာနဲ့ လိုက်ကုတာကုရင်းနဲ့ဘဲသူ့သမီးမဆုံးဘဲသူဆုံးသွားရှာတယ်၊ စိတ်တွေညစ်တာလဲပါတာပေါ့” သူ့အဖေဆုံးဆော့ကျွန်မလဲဘာလုပ်ရမှန်းမသိဘူး၊ သားကလဲအိမ်ပြန်လာရင်လာတယ်

မလာရင်မလာဘူး၊ လောင်းကစားလုပ်ပြီးရှိတာ အကုန်ရောင်းတယ်၊ ကျွန်မကလဲသူ့ကိုကြောက်ရတယ်၊ “သိပ်မကြာဘူးသားကမိန်းမရတယ်မိန်းမလဲရရောသူလိမ်မာပါမယ်၊ ရန်ကုန်တက်အလုပ်လုပ်မယ်လယ်တွေရောင်းပေးပါ၊ ဟိုမှာအခြေချမယ်သူပြန်လာခေါ်မယ်ပြောတယ်။

ကျွန်မလဲသားအမိနှစ်ယောက်ထဲဘာလုပ်ရမှန်းမသိတာနဲ့သူ့ကိုလယ်တွေအကုန်အပ်လိုက်တာ ရောင်းပြီးတစ်လနှစ်လတော့အဆက်အသွယ်လုပ်သေးတယ်၊ နောက်ပိုင်းဖုန်းလဲမဆက်တော့ဘူး၊ ဖုန်းလဲမကိုင်တော့ဘူး၊ ဒီလိုနဲ့ကျွန်မတို့ရှိတာတွေအကုန်ဖဲ့ရောင်းထုတ်ရောင်းရင်း

နောက်ဆုံး ဒီလိုဘဝရောက်တာပါဘဲသားကိုလေအရမ်းစိတ်နာတယ်၊ ကျွန်မတို့ဒီဘဝရောက်အောင်သူလုပ်တာအီးဟီးဟီး” ဆို ခြုံးပွဲချငိုနေရှာတယ်၊ ကျွန်မလေ ပဲနှုတ်ချိန်ပဲနှုတ် ကောက်စိုက်ချ်န်ကောက်စိုက်၊ ဘာအလုပ်မှမရှိရင် လယ်တွေထဲကနဖော့နှုတ်တယ်၊

ကန်စွန်းရွက်ခူးတယ်၊ မြို့တက်ရောင်းတယ်ကျွန်မအပြင်သွားနေချိန်တော့သမီးလေးခြေထောက်ကိုသံကြိုးနဲ့ချည်ထားခဲ့ရတာတခါလျှောက်ထွက်တာပြန်ပို့လို့တော်သေးတာအဲ့ထဲကကျွန်မ အမြဲခတ်ထားတာ”ပုံ့လဲအဖွားကို ဆေးကျဘယ်လိုကုလဲမေးတော့ကျွန်မပိုက်ဆံရှိရင်တပတ်တခါ

ဟင်္သာတတက်ဆေးထုတ်တယ်၊ မရှိရင်တော့ဆေးမတိုက်နိုင်ဘူးပေါ့၊ ဆေးတိုက်ရင်တော့ငြိမ်တယ်မတိုက်ရင်ကျွန်မသူ့အနားမအိပ်ရဲဘူး၊ စိတ်ထလာရင်အကုန်ပေါက်ခွဲလက်သီးတွေနဲ့ထိုး သောင်းကျန်းတာတခါကျွန်မတောင်ထိုးမယ်လုပ်လို့ဘေးကဝိုင်းဆွဲရတယ်၊ အဲ့ထဲကကျွန်မ

သူနဲ့အတူမအိပ်ရဲတော့ဘူးကျွန်မဒီမှာထွက်အိပ်တာသူဘယ်လောက်ကြမ်းလဲဘုရားစင်ကိုကြည့်လေဘုရားရောအိုးတွေရောပေါက်ခွဲပစ်တာဘုရားတောင်တခြမ်းပဲ့နေပြီ၊ အဖွားအိပ်တဲ့နေရာကြည့်တော့အိမ်ရှေ့ကွတ်ပစ်အကာမပါအခင်းကျဲကျဲပေါ်မယ်ပီနံအိတ်လေးခင်းလို့

ဘုရားစင်မော့ကြည့်တော့လဲဘုရားတခြမ်းပဲ့လေးနဲ့သူမကဘဲဆက်ပြောပါတယ်”ကျွန်မအခုအရင်လိုအလုပ်သိပ်မလုပ်နိုင်တော့ဘူး၊ အရင်ဆို မြို့ကိုစက်ဘီးစီးရင်မမောဘူးခုမောတယ်၊ ပြီးတော့ ကျွန်မသူ့ကိုဆက်မစောင့်ရှောက်နိုင်တော့ဘူးကျွန်မပါရူးရင်ရူးမရူးရင်

သတ်သေမိလိမ့်မယ်ကျွန်မထမင်းလဲနပ်မှန်အောင်မရှာနိုင်တော့ဘူးကျွန်မသမီးလေးကိုလဲဆေးမတိုက်နိုင်တော့ဘူးဆရာမရယ်အီးဟီးကျွန်မရောကျွန်မသမီးလေးရောအတူတူသေဖို့ကျွန်မခဏခဏကြံမိတယ်ဆရာမရယ်”ဟုတ်ပါတယ်ပုံ့လဲသူ့နေရာခဏဝင်ခံစားကြည့်တာ

ထွက်ပေါက်အရမ်းကိုပိတ်သွားတယ်လို့ခံစားရတယ်။ ချက်ချင်းရူးချင်သွားတယ်။ ကျွန်မလဲဘာမှမတွေးတော့ဘဲကျွန်မလက်ခံပါ့မယ်ဆိုပြီးသူတို့ သားအမိကိုစောင့်ရှောက်ဖို့တာဝန်ယူမိတယ်၊ ပုံမှန်ဆိုရင်တော့စိတ်ကျန်းမာရေးအဲ့လောက်ဆိုးရင်လက်မခံပါဘူး၊ ဒီလိုအခြေအနေမှာတော့

ကျွန်မနှလုံးသားကကျွန်မကိုငြင်းခွင့်မပြုခဲ့ပါဘူးကျွန်မက အဖွားကိုသမီးလေးရော၊ အဖွားကိုပါနှစ်ယောက်စလုံးကိုစောင့်ရှောက်ပေးပါ့မယ်ဆိုတော့တအားပျော်သွားရှာတယ်၊ သူပျော်လို့ပြောတဲ့စကားလုံးမှာကျွန်မကတော့အဖြေတစ်ခုရသွားခဲ့တယ်။ “ဝမ်းသာလိုက်တာဆရာမရယ်

ကျွန်မလေကျွန်မပါလိုက်ချင်တာနှစ်ယောက်ဆို လက်မခံနိုင်မှာစိုးလို့ကျွန်မသမီးလေးကိုဘဲအပ်ရတာပါကျွန်မသမီးလေးမရှိရင်ကျွန်မလဲဘာလုပ်ရမှန်းမသိဘူးရူးချင်ရူးသေချင်သေမှာပြီးတော့ ကလေးကစိတ်ထရင်ကျွန်မနဲ့မှဖြစ်တာအရင် ပိုက်ဆံအဆင်ပြေတုံးကညဘက်မအိပ်ဘဲ

စိတ်ထရင်ကျွန်မဆရာဝန်ပေးတဲ့စိတ်ငြိမ်ဆေးတွေ ၃/၄ လုံးတိုက်ပစ်တာအဲ့ဒါဆိုသူကငြိမ်ပြီး အိပ်ရော”ဟင်အဖွားကိုဆရာဝန်ကတိုက်ခိုင်းတာလား”လို့ပုံ့ကအလန့်တကြားမေးတော့မဟုတ်ဘူးကျွန်မဟာ ကျွန်မတိုက်တာ၊ ဆေးတွေကတပါတ်မပြည့်ခင်ကုန်ရောခုတော့ပိုက်ဆံမရှိတော့

ဝယ်လဲမတိုက်နိုင်တော့ပါဘူးအဲ့တော့သူလဲပိုဆိုးလာတယ်၊ ဖြစ်ပြီးခဲ့တာတွေလဲ ပြန်ပြင်မရပြီမို့ စေတနာဇောနဲ့လုပ်ခဲ့တဲ့ပညာမတတ်ရှာ၊ ဗဟုသုတမကြွယ်ရှာဘဲသားသမီးကိုချစ်တဲ့စိတ်လေး တခုနဲ့အကောင်းဆုံးကိုဖန်တီးပေးခဲ့တယ်လို့ယူဆနေတဲ့ဒီမအေကြီးကိုအပြစ်မဆိုချင်တော့လို့

ဘာမှမပြောဖြစ်တော့ပါဘူး။ ပတ်ဝန်းကျင်ကတော့ပြောပါတယ်သူ့သမီးကအဲ့ဒါကြောင့်ပိုဆိုးတာတဲ့စဖြစ်တုံးကသူ့သမီးလေးမအိပ်ရင်ဆေးတွေလှိမ့်တိုက်တာတဲ့၊ အင်းလို့တလုံးထဲဘဲပြောမိတော့တယ်၊ နောက်ဆုံးပုံ့လက်ခံတော့သူတို့သားအမိရိပ်သာလာမယ်ပေါ့သူ့သမီးလေးတော့

အရင်ပို့မယ်သူကတော့ခုတခါဘဏ်ငွေထုတ်ရင် သူရစရာရှိတဲ့လူဆီကရစရာတောင်းပြီးသူ့ကြွေးလေးတွေဆပ်ပြီးမှလာခဲ့ပါရစေတဲ့သံသရာကြွေးမပါချင်လို့ပါတဲ့၊ ပုံ့လဲကူမယ့်ကူအဆုံးထိဘဲ ကူလိုက်ပါတော့တယ်၊ ပေးရမယ့်အကြွေးစာရင်းတွက်ခိုင်းပုံ့ဘဲစိုက်ဆပ်ပြီးတခါထဲလိုက်ခဲ့ဖို့ဘဲ

မှာပြီးပြန်လာခဲ့တယ်။ မပြန်ခင်အဖွားကသူ့သမီးလေးနဲ့မိတ်ဆက်ပေးတော့ပါလာတဲ့မုန့်တွေ သူ့ကိုကျွေးရင်းစကားပြောကြတယ်၊ အသက်က ၃၈ ဆိုတော့ပုံ့ထက်ကြီးတယ်၊ ဒါပေမဲ့ကလေးလေးလိုဘဲမုန့်ကျွေးတော့မအေစားဆိုမှသူစားတယ်ပုံ့ကို အဖွားကသူတို့ဘဝအကြောင်း

ပြောပြနေချိန်သူ့အတိတ်ကိုပြန်သတိရတော့အမူအရာပျက်လာတာနဲ့သံကြိုးပြန်ခတ်ထားရတယ်၊ သံကြိုးဖြည်ပြီးပုံ့နဲ့စကားပြောဓာတ်ပုံတွေ ရိုက်တုံးက ပြုံးရွှင်နေသလောက် သံကြိုးပြန်ခတ်တော့ရုပ်ကအတော်ကိုတင်းမာနေတယ်၊ မိသားစုအရေးတွေကိုရူးလောက်တဲ့ထိ

ကြိတ်ခံခဲ့ရပုံပေါ်ပါတယ်။ ဒီလိုနဲ့ဆပ်စရာရှိတာတွေဆပ်၊ လုပ်စရာရှိတာတွေအပြီးလုပ်ပြီးသားအမိနှစ်ယောက်တပြိုင်ထဲလ်ာက်ခဲ့ဖို့မှာရင်းပုံ့တို့တွေပြန်လာခဲ့ကြတယ်၊ အပြန်ခရီးမှာတော့ကားပေါ်ကလူတွေအားလုံးအတွေးကိုယ်စီနဲ့တိတ်ဆိတ်လို့ပေါ့၊ ၃ ရက်လောက်နေတော့

မနက်အစောကြိးသူတို့သားအမိသုံးဘီလေးနဲ့ ရောက်လာခဲ့တယ်၊ နောက်မှာလဲဆိုင်ကယ်တွေနဲ့ ရပ်ကွက်လူကြီးတွေလိုက်ပို့ရှာတယ်၊ သမီးလေးကိုဟင်္သာတကိုဘုရားဖူးသွားမယ်ဆိုပြီးညာခေါ်လာခဲ့တာသူတို့တွေရိပ်သာရောက်တော့ဘုန်းကြီးကျောင်းကဘုရားကိုအရင်ပြရတယ်။

ဘုရားဖူးပေါ့၊ ပုံ့လဲအမအခြေအနေကဆိုးတာနဲ့ အဖွားတွေနဲ့တွဲထားဖို့မဖြစ်တော့နောက်ဘေးမှာ အလှုရှင်တွေအသစ်လှုဒါန်းထားတဲ့စိတ်ကျန်းမာရေးအဆောင်လေးမှာသီးသန့်ထားလိုက်တယ်အစကနှစ်ယောက်တခန်းထားဖို့စီစဉ်ထားပေမဲ့အဖွားကသူ့သမီးကစိတ်ဖောက်လာရင်သူ့ကို

ရိုက်တယ်လည်ပင်းညှစ်တယ်မနေရဲဘူးဆိုလို့ ဘေးချင်းကပ်လျက်အခန်းလေးမှာထားပေးရတယ်။ အမနေတဲ့ အခန်းကိုသော့လေးခတ်ထားပြီးအဖွားကိုသော့လေးအပ်ထားလိုက်တယ်၊ အဖွားကသန်မာသေးတာဘဲတခြားဘာလုပ်စရာမလိုဘူးကိုယ့်သမီးတာဝန်လေးတော့

ကိုယ်ယူပေးနော်အဖွားသမီးကိုဘဲ ဂရုစိုက်ပေးပါဆိုတော့အဖွားလဲအားရဝမ်းသာနဲ့ဟုတ်ကဲ့ပါ ကျွန်မကလဲအဲ့လိုသမီးလေးကိုပြုစုချင်တာပါတဲ့၊ ခုတော့ ခိုလှုံရာရဲ့အရိပ်မှာအမလဲခြေထောက်ကို ၁၄ နှစ်ကြာသံကြိုးခတ်ပြီးချုပ်နှောင်ခံရတဲ့ဘဝကလွတ်မြောက်ခဲ့ပြီးဘဝကို

အရှုံးပေးဖို့ထိကြံရွယ်နေပြီးကိုယ့်ကိုယ်ကို သက်ဆိုးမရှည်ဘူးလို့ထင်နေတဲ့အဖွားလဲဝလို့လှလို့ကျန်ရှိတဲ့ဘဝကိုလောကကြီးမှာနေပျော်နေခဲ့ပြီ၊ စိတ်ကောင်းနေတဲ့အချိန်ဆိုအမက သီချင်းတွေဆိုတယ်၊ ကတယ်၊ ဆော့တယ်၊ ပဌာန်းရွတ်တယ်ရုပ်လေးကလဲချောချောလေးနဲ့

ကလေးလေးလိုပါဘဲအဲ့ချိန်ဆိုသူ့အမေကသူ့သမီးလေးအခန်းကိုဖွင့်ပေးပြီးသားအမိနှစ်ယောက် အဖွားဆောင်မှာ TV ကြည့်ကြတယ်။ ဟောဆေးမှန်မှန်တိုက်တဲ့ကြားကဘဲစိတ်ဖောက်တဲ့အချိန်ဆိုရင်တော့အော်ဟစ်ပြီးတဒုံးဒုံးနဲ့အော်ဟစ် လက်သီးတွေနဲ့ထိုးလို့အခန်းတစ်ခုနဲ့တစ်ခုကြား

ကာထားတဲ့ကျောက်ပြားအထူတွေပါထိုးပါများတော့ပေါက်ပြဲကုန်ပါလေရဲ့တံခါးဆိုရင်လဲလေ သူ့မေမေယူလာတဲ့သူ့သမီးလေးခြေထောက်ခတ်ခဲ့တဲ့သံကြိုးနဲ့ချည်ထားရတယ်၊ အမကဖောက်ရင်အကုန်ရိုက်ဖွင့်တာရယ်ပုံ့တို့ရဲ့ ခိုလှုံရာလေးကတော့ဘယ်လိုလူလာလာလာသမျှလူရဲ့

ကောင်းဒဏ်ဆိုးဒဏ်ကိုခံရင်းထုသားပေသားကြနေပါပြီ၊ ပုံ့လေပုံ့ဆီကိုရောက်လာတဲ့သူတွေ ဆိုးလို့ဆိုပြီးနောင်ဒီလိုလူလက်မခံဘူးဆိုတဲ့စိတ်ဘယ်တော့မှမဖြစ်ဘူး၊ ဘယ်လောက်ဆိုးဆိုး စိတ်မကျန်းမာလို့ဆိုးမိတဲ့အမှားပုံ့အမြဲခွင့်လွှတ်တယ်၊ တချက်မငြိုငြင်ခဲ့ဖူးဘူး

တချက်အပြစ်မပြောခဲ့ဖူးဘူး၊ ဆိုးတဲ့လူကို အကောင်းဆုံးဘယ်လိုစောင့်ရှောက်ရမလဲဘဲတွေးတယ်၊ အခုလဲအမထိုးခွဲခဲ့လို့ပေါက်ပြဲနေတဲ့ ကျောက်ပြားတွေနေရာမှာ အုတ်နံရံတွေ ကာပစ်လိုက်တယ်၊ ဒီလိုထိုးခွဲလို့အခန်းတွေပျက်ဆီးလို့ ပြန်ပြင်ရတာအမနဲ့ဆိုနှစ်ယောက်ရှိပါပြီ၊

ဒါပေမဲ့တကယ်ကိုခိုကိုးရာမဲ့ပြီးမကယ်ရင် အန္တရာယ်ဖြစ်တော့မယ့်လူဆိုပုံ့ကယ်မိနေအုံးမှာပါဘဲတစ်ဦးစေတနာတစ်ဦးမေတ္တာလို့ဘဲပြောရမလားအမဘယ်လောက်သောင်းကျန်းကျန်းပုံ့သွားရပ်လိုက်တာနဲ့ချက်ချင်းငြိမ်သွားတတ်တယ်၊ ပုံ့မေတ္တာကိုသူခံစားမိမယ်ဆိုတာပုံ့ယုံတယ်။

အဖွားကလဲသူနိုင်သလောက်ရိပ်သာကိစ္စတွေ ကူလုပ်ပေးရှာတယ်။ ခုတော့လဲအမတို့သားအမိတွေဝဋ်ကြွေးတွေကုန်ပြီးခိုလှုံရာအရိပ်မှာအေးချမ်းနေတာတနှစ်ရှိခဲ့ပါပြီ၊ အဖွားရော၊ အမရော ဝလို့လှလို့စိုလို့ပေါ့၊ အဖွားလဲသူသေရင်တောင် သမီးလေးကိုခိုလှုံရာမှာစိတ်ချပြီဆိုပြီး

နေမဝင်မှီဆည်းဆာချိန်လေးကိုအလှပဆုံးအအေးချမ်းဆုံးဖြတ်သန်းနေပါပြီရှင်။ ပထမဆုံး စတွေ့တဲ့ပုံလေးနဲ့အခုရိုက်ထားတဲ့ဘောလုံးလေးနဲ့ပုံကိုယှဉ်ကြည့်ရင်သူတို့ရဲ့လက်ရှိဘဝငြိမ်းချမ်းမှုလေးကိုအထင်းသားမြင်နေရမှာပါ။ (ဝဋ်ကြွေးတွေ ပါလာခဲ့ရင်အပြစ်မရှိဘဲလဲ

အချုပ်အနှောင်ခံရတတ်တယ်ဆိုတာလေး သံဝေဂယူမိပါတယ်။ မျက်နှာပုံတွေတော့မဖျက်တော့ပါဘူး။ အဖွားကိုယ်တိုင်ကသူ့သားသိစေချင်လိုပါတဲ့၊ သူ့သားနံမည်ကြီးတောင်ထည့်ပြီးတင်ခိုင်းတာမို့ပါပုံ့ကတော့နံမည်မတင်တော့ပါဘူး၊ ဒါပေမဲ့အကုန်ရောင်းပြီးထားသွားရက်တဲ့

သားဖြစ်သူကြီးဒီစာလေးကိုဖတ်မိတဲ့အခါလိပ်ပြာလုံပါစေဆုတောင်းပေးလိုက်ပါတယ်)။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် Thin Shwe Sin Hlaing