ယာဥ္မေတာ္တဆမွုဆိုးဆိုးဝါးဝါးျဖစ္ခဲ့လို႔ လမ္းခြဲေပးဖို့ေျပာလာတဲ့ခ်စ္ရသူကို မဂၤလာဝတ္စုံဝတ္ကာ အံ့ၾသဖြယ္ရာတစ္ခုကုိလုပ္ခဲ့တဲ့ မိန္းကေလးရဲ႕ (႐ုပ္သံဖုိင္)
|ထိုင္ဝမ္နိုင္ငံ New Taipei ၿမိဳ႕ရွိ အမ်ိဳးသမီးတစ္ဦးဟာ ယာဥ္တိုက္မႈေၾကာင့္ျဖစ္လာမယ့္ဆိုးက်ိဳးကို ေတြးရင္း စိတ္ဓာတ္က်ေနခဲ့တဲ့ သူမရဲ႕ခ်စ္သူေကာင္ေလးကို ေဆး႐ုံမွာခ်စ္ခြင့္ပန္ခဲ့ပါတယ္။ သူတို႔စုံတြဲဟာ ၂၀၁၈ခုႏွစ္အတြင္း လက္ထက္ဖို႔လုပ္ထားခဲ့ၾကေပမဲ့ ခ်စ္သူေကာင္ေလးက
ယာဥ္တိုက္မႈမေတာ္တဆျဖစ္သြားခဲ့တာေၾကာင့္ သူတို႔ရဲ႕အစီအစဥ္ေတြဟာမေမွ်ာ္လင့္ဘဲပ်က္စီးသြားခဲ့ရပါတယ္။ ဆရာဝန္ေတြက ခ်စ္သူေကာင္ေလးရဲ႕ကုသမႈအက်ိဳးဆက္ေတြဟာ သူတို႔ႏွစ္ဦးရဲ႕အိမ္ေထာင္ေရးဘဝကို ထိခိုက္ေစနိုင္တာေၾကာင့္ သူတို႔ရဲ႕ဆက္ဆံေရးကို ျဖတ္ေတာက္ရန္
အႀကံျပဳခဲ့ၾကပါတယ္။ အဲ့တာေၾကာင့္ ေကာင္ေလးက သူ႕ကိုေဘးကေနအရိပ္တၾကည္ၾကည္နဲ႕ဂ႐ုတစိုက္ျပဳစုေပးေနတဲ့ ခ်စ္သူေကာင္မေလးလြတ္လပ္သြားေအာင္ လမ္းခြဲေပးဖို႔ဆုံးျဖတ္ခဲ့ေၾကာင္းကို ဗီဒီယိုရဲ႕ေရွ႕ဆုံးနားေလးမွာ ေကာင္မေလးကေျပာျပထားပါတယ္။
ဒါေပမဲ့ခ်စ္သူေကာင္မေလးက သေဘာမတူခဲ့တဲ့ အျပင္ ေရွ႕ေရးမွာႀကဳံလာမယ့္ အဆိုးအေကာင္းေတြကို ဂ႐ုမစိုက္ဘဲ လူတစ္စုနဲ႕အတူ ေဆး႐ုံခန္းထဲကိုဝင္လာၿပီးခ်စ္ခြင့္ေတာင္ပန္လိုက္ပါေသးတယ္။ မဂၤလာေဆာင္ဝတ္စုံဂါဝန္အျဖဴေလးဝတ္ထားတဲ့ေကာင္မေလးကပန္းစည္းကိုင္ရင္း
”နင္ငါ့ကို နင့္ဇနီးအျဖစ္လက္တြဲမယ္ဆိုရင္ ဒီပန္းစည္းကို လက္ခံေပးနိုင္မလား”လို႔ေမးခဲ့ၿပီး “ငါဒီထက္ပိုေကာင္းေအာင္ အတတ္နိုင္ဆုံးႀကိဳးစားသြားမွာပါ၊ ၿပီးေတာ့ ငါ့ရဲ႕က်န္ရွိေနတဲ့တစ္ဘဝလုံးကို နင့္လက္ဆြဲကိုင္ရင္း ျဖတ္သန္းသြားမယ္”လို႔ခ်စ္သူေကာင္ေလးကျပန္ေျဖရင္း
ေကာင္မေလးကိုနမ္းကာရင္ခြင္ထဲေပြ႕ဖက္ထားခဲ့ပါတယ္။ ဘာေတြဘဲျဖစ္ေနျဖစ္ေန ႏွစ္ဦးႏွစ္ဖက္စလုံးခ်စ္ေနၾကရင္ေတာ့ ႀကဳံလာတဲ့အခက္အခဲမွန္သမွ်ကို ယုံယုံၾကည္ၾကည္နဲ႕ လက္တြဲမျဖဳတ္ဘဲ အတူတူရင္ဆိုင္ေျဖရွင္းသင့္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ဗီဒီယိုဟာလူအမ်ားကိုမ်က္ရည္က်ေစခဲ့သလို
ၾကည္ႏူးမႈေလးေတြပါ ခံစားမိေစခဲ့ပါတယ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။ ခရက္ဒစ္
ယူနီကုဒ္ျဖင့္ ဖတ္ရန္
ထိုင်ဝမ်နိုင်ငံ New Taipei မြို့ရှိ အမျိုးသမီးတစ်ဦးဟာ ယာဉ်တိုက်မှုကြောင့်ဖြစ်လာမယ့်ဆိုးကျိုးကို တွေးရင်း စိတ်ဓာတ်ကျနေခဲ့တဲ့ သူမရဲ့ချစ်သူကောင်လေးကို ဆေးရုံမှာချစ်ခွင့်ပန်ခဲ့ပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၈ခုနှစ်အတွင်း လက်ထက်ဖို့လုပ်ထားခဲ့ကြပေမဲ့ ချစ်သူကောင်လေးက
ယာဉ်တိုက်မှုမတော်တဆဖြစ်သွားခဲ့တာကြောင့် သူတို့ရဲ့အစီအစဉ်တွေဟာမမျှော်လင့်ဘဲပျက်စီးသွားခဲ့ရပါတယ်။ ဆရာဝန်တွေက ချစ်သူကောင်လေးရဲ့ကုသမှုအကျိုးဆက်တွေဟာ သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးဘဝကို ထိခိုက်စေနိုင်တာကြောင့် သူတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ရန်
အကြံပြုခဲ့ကြပါတယ်။ အဲ့တာကြောင့် ကောင်လေးက သူ့ကိုဘေးကနေအရိပ်တကြည်ကြည်နဲ့ဂရုတစိုက်ပြုစုပေးနေတဲ့ ချစ်သူကောင်မလေးလွတ်လပ်သွားအောင် လမ်းခွဲပေးဖို့ဆုံးဖြတ်ခဲ့ကြောင်းကို ဗီဒီယိုရဲ့ရှေ့ဆုံးနားလေးမှာ ကောင်မလေးကပြောပြထားပါတယ်။
ဒါပေမဲ့ချစ်သူကောင်မလေးက သဘောမတူခဲ့တဲ့ အပြင် ရှေ့ရေးမှာကြုံလာမယ့် အဆိုးအကောင်းတွေကို ဂရုမစိုက်ဘဲ လူတစ်စုနဲ့အတူ ဆေးရုံခန်းထဲကိုဝင်လာပြီးချစ်ခွင့်တောင်ပန်လိုက်ပါသေးတယ်။ မင်္ဂလာဆောင်ဝတ်စုံဂါဝန်အဖြူလေးဝတ်ထားတဲ့ကောင်မလေးကပန်းစည်းကိုင်ရင်း
”နင်ငါ့ကို နင့်ဇနီးအဖြစ်လက်တွဲမယ်ဆိုရင် ဒီပန်းစည်းကို လက်ခံပေးနိုင်မလား”လို့မေးခဲ့ပြီး “ငါဒီထက်ပိုကောင်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ၊ ပြီးတော့ ငါ့ရဲ့ကျန်ရှိနေတဲ့တစ်ဘဝလုံးကို နင့်လက်ဆွဲကိုင်ရင်း ဖြတ်သန်းသွားမယ်”လို့ချစ်သူကောင်လေးကပြန်ဖြေရင်း
ကောင်မလေးကိုနမ်းကာရင်ခွင်ထဲပွေ့ဖက်ထားခဲ့ပါတယ်။ ဘာတွေဘဲဖြစ်နေဖြစ်နေ နှစ်ဦးနှစ်ဖက်စလုံးချစ်နေကြရင်တော့ ကြုံလာတဲ့အခက်အခဲမှန်သမျှကို ယုံယုံကြည်ကြည်နဲ့ လက်တွဲမဖြုတ်ဘဲ အတူတူရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ သူတို့နှစ်ဦးရဲ့ဗီဒီယိုဟာလူအများကိုမျက်ရည်ကျစေခဲ့သလို
ကြည်နူးမှုလေးတွေပါ ခံစားမိစေခဲ့ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်