မင်းဘယ်သူ့ကိုရေးတာလဲ သတ္တိရှိရင်နံမည်တပ်ရေးလိုက်စမ်းလို့ ဆောင်းဦးလှိုင်ကို ဒဲ့မေးလိုက်တဲ့ အဆိုတော်ကြီး ရင်ဂို
ယူနီကုဒ်ဖြင့် ဖတ်ရန်
ဆောင်းဦးလှိုင်ဟာ လတ်တလော မှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှား မှုတွေ ဆက် လက်ပြီးတော့လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ဆောင်းဦးလှိုင်ဟာ အသံအေးအေးလေးနဲ့ပရိသတ်အများစုက
အားပေးခံရတဲ့ အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆောင်းဦးလှိုင်က “ မတွေဝေကြပါနဲ့ “ တစ်ခါမှနိုင်ငံရေးအကြောင်းမပြောသူတွေ အခု နိုင်ငံရေး တအားပြော ကြတယ်။ တစ်ခါမှ အနီအသင်း အတွက်သီချင်းမရေး/မဆို
သူတွေ အခုရေးကြဆို ကြတယ်။ ဘာကြာသေး လို့လဲ။ (ခုဘဲအာဏာရှင်မိသားစုပိုင် ဆက်သွယ်ရေး လုပ်ငန်းကြီး အတွက်သီချင်းဆိုပေးပြန် တယ်)။ တချို့က နီချင်ယောင်ဆောင်တယ်။ တကယ်တမ်း ကိုယ်ကျိုးရှာဖို့ဆိုရင်
အာဏာရှင်တွေကို ပေါင်းစားကြပြန်တယ်။မတွေဝေကြ ပါနဲ့။ ဘယ်သူ တရားပျက်ပျက်၊ ဘယ်သူ ဘာလုပ်လုပ်၊ ဘာပြောပြော မိမိယုံကြည်ချက်တွေ ယိုင်နဲ့မသွားစေနဲ့။ သစ္စာတရားကို လက်ကိုင် ထား။ လာမယ့် ရွေးကောက်ပွဲမှာ
အနီတွေအနိုင်ရဖို့ လိုပါတယ်။ ပြတ်သားရဲပါစေဗျား။ ဆောင်းဦးလှိုင် ၃၁.၁၀.၂၀၂၀” ဆိုပြီး လူမှုကွန်ယက် မှာတင် ခဲ့တာ ပဲဖြစ် ပါတယ်။ ဆောင်းဦးလှိုင်က ဘယ်သူဆိုတာနာမည် မထည့်ပြော ခဲ့ပေမယ့် အဆိုတော်ရင်ဂိုကတော့
ဆောင်းဦးလှိုင် ကိုပေါက်ကွဲနေတာပဲဖြစ်ပါတယ်။ ရင်ဂိုက ” ဟေ့ကောင် ဆောင်းဦး မင်းဘယ်သူ့ ကိုရေးတာလဲသတ္တိရှိရင် နံမည်တပ်ရေး လိုက်စမ်း ဟေ့ကောင် ” ဆိုပြီး ဆောင်းဦးလှိုင်ကို ဒဲ့မေးလာခဲ့ပါတယ်။ ရင်ဂိုက ဆောင်းဦးလှိုင်ရဲ့
messenger ကနေလဲသွားပြော ထားပါသေးတယ်။ ရင်ဂိုရဲ့သား ဟန်ထူးလွင် ကတော့ မကြာခင် ရက်ပိုင်းအတွင် ကြောက်ခေတ် ဆိုတဲ့ သီချင်းထွက် ခဲ့ပြီး အရမ်းကိုပေါက်ခဲ့တာ ပဲဖြစ်ပါတယ်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်