နှစ်​နာရီဆို​သောအချိန်​ခဏ​လေး အတွင်းမှာပဲ သိန်းပေါင်းရာချီတန်တဲ့တန်ဖိုးကြီး ကားအစီး (၃၀) နီးပါးကို ရောင်းချပေးနိုင်ခဲ့တဲ့ ထက်ထက်မိုးဦးရဲ့ (ရုပ်​သံဖိုင်​)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ဘဝရဲ့ အချိုအကွေ့တွေများစွာကို ကြုံဆုံခဲ့ရပေမယ့် အောင်မြင်တဲ့ ဆန်းတစ်ခုကတော့ လျှော့ကျသွားခြင်းမရှိတဲ့ ထက်ထက်မိုးဦးကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြား လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ
လုပ်ကိုင်စဉ်ကလည်း ထိပ်ဆုံးကနေအောင်မြင်မှုအကြီးအကျယ်ရရှိခဲ့သလို လက်ရှိအွန်လိုင်းကနေ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း Live Sale တွေပြုလုပ်ပေးနေတဲ့ ထက်ထက်မိုးဦးက ပရိသတ်တွေတောင် မျက်လုံးပြူးရတဲ့အထိ
ဆန်းတစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထက်ထက်မိုးဦးက မြန်မာနိုင်ငံမှာ တင်သွင်းတာမကြာသေးတဲ့ MG တံဆိပ်ကားအမျိုးစားတွေကို Live လွှင့်ပြီး ရောင်းချပေးခဲ့ပါတယ်။ ထက်ထက်မိုးဦးကတော့ (၂) နာရီအတွင်း
အချိန်ခဏလေးအတွင်းမှာ ကားပေါင်းအများကြီး ရောင်းချနိုင်ခဲ့ကြောင်းကို “ဒီနေ့ ထက် နဲ့ MG Myanmar တို့ Live Sale မှာ ကားတွေအများကြီးရောင်းရတယ်။ 2 နာရီ Live အတွင်းမှာပဲ ကား ၂၁ စီး ရောင်းရတယ်။ ထက်ကိုနေ့တိုင်းလှအောင်
ပြင်ပေးတဲ့ လင်းလင်းကလည်း ၁ စီး ဝယ်သွားတယ်။ လင်းသူငယ်ချင်းတွေကလည်း ၂ စီးထပ်ဝယ်ပေးသေးတယ်။ ၂၃ စီးရောင်းရပြီ ၂၅ စီးပြည့်အောင် လာအားပေးပါ ထက်လည်း ၆ နာရီထိ ရှိဦးမယ် စောင့်နေမယ်နော်။
ပျော်ရွှင်စရာကောင်းတဲ့ သီတင်းကျွတ်ဖြစ်ကြပါစေရှင်။ ပရိသတ်ကြီးနဲ့အတူတူ ကုသိုလ်ယူဖို့ အစီအစဉ်တွေရှိတာမို့ စောင့်ကြည့်ပေးဦးနော်။ ဒီည ထက် Live မရှိတော့ဘူး စောင့်မနေနဲ့တော့နော် မီးထွန်းကြမယ် ။” ဆိုပြီး သူမရဲ့
ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။ ထက်ထက်မိုးဦးကတော့ မိနစ်(၁၂၀)အတွင်းမှာ သိန်းရာချီ ကား(၂၃) စီးကို ရောင်းချပေးနိုင်ခဲ့တယ်ဆိုတာ တကယ့်ကို လက်ဖျားခါလောက်တဲ့ စွမ်းရည်ပါပဲနော်။ ပရိသတ်တွေကလည်း
ထက်ထက်ကိုချစ်လို့ အားပေးကြတယ်ဆို ပိုလို့တောင်မှန်မယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်