အရက္၊ ေဆးလိပ္မေသာက္တာေတာင္ ကိုဗစ္​ေရာဂါဆုိးႀကီးအား အလူးအလဲခံလိုက္ရသူမွ ေျပာျပလာတဲ့ကိုယ္ေတြ႔အေတြ႔အၾကဳံ

ပထမဦးစြာ ေက်းဇူးတင္စကားအေနနဲ႔ ဧရာဝတီေဖာင္ေဒးရွင္း ဥကၠ႒ ဦးေဇာ္ေဇာ္ကို ေက်းဇူးအထူးတင္ပါတယ္။ ေနာက္ထပ္ ေက်းဇူးတင္ရမယ့္သူေတြကေတာ့ ကိုဆန္းလင္း နဲ႔ ကိုမိုးေဝပါပဲ (အားနာလို႔ နာမည္ေတြေတာ့ မတဂ္ေတာ့ပါဘူး)။ ကြၽန္ေတာ္နဲ႔ ပုက်ဳနဲ႔

ကိုဗစ္စစစ္တဲ့ေန႔ကေန စၿပီး အစစအရာရာ ဂ႐ုစိုက္ေပးခဲ့ေသာ ဧရာဝတီစင္တာမွဆရာဝန္၊ ဆရာမမ်ား၊ သူနာျပဳမ်ား ၊ေဗာ္လန္တီယာမ်ား ႏွင့္ ဧရာဝတီစင္တာမွကိုဗစ္လူနာေဗာ္လန္တီယာမ်ား အားလုံးကိုလႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္။

ကြၽန္ေတာ့္အတြက္ လိုအပ္တာပံ့ပိုးကူညီေပးခဲ့ၾကတဲ့ ဟာနာကုမၸဏီ၊ ငွက္သိုက္ေတြတကူးတက ပို႔ေပးတဲ့ Happy Agency မွ ရာဇာနဲ႔ မသိရီ၊ သူ႔အေဖအတြက္ အစားေသာက္ေတြပို႔ေပးရင္း ကြၽန္ေတာ့္အတြက္ပါထည့္ပို႔ေပးတဲ့ မိုက္ကယ္ႀကီး ကိုလည္း ေက်းဇူးတင္ပါတယ္။

ေနာက္ဆုံး ေက်းဇူးတင္ရမွာက ကြၽန္ေတာ္ေနျပန္ေကာင္းလာေအာင္ စိတ္ဓာတ္ခြန္အားေပးတဲ့ ခ်စ္ရတဲ့မိသားစုနဲ႔ ပုက်ဳေလးပါပဲ။ ကြၽန္ေတာ္ အိမ္မွာ ေနမေကာင္းျဖစ္ၿပီး အသက္ရႉမဝျဖစ္လာတာနဲ႔ ကြၽန္ေတာ္တို႔ လင္မယား ၂ေယာက္ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ ဧရာဝတီစင္တာမွာ

ေအာက္တိုဘာလ ၂၀ ရက္ေန႔က သြားစစ္ခဲ့ပါတယ္။ ကိုဆန္းလင္းနဲ႔ ကိုမိုးေဝတို႔ အစစရာရာ ဝိုင္းဝန္းကူညီေပးခဲ့ၾကလို႔လဲ အဆင္ေျပခဲ့တာပါ။ ေန႔လည္ပိုင္းကိုေဖေဖနဲ႔ ေမေမပါ စစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ လင္မယား ၂ေယာက္က positive အေျဖထြက္ၿပီး ကံေကာင္းစြာပဲ

ေမေမနဲ႔ ေဖေဖက Negative အေျဖထြက္ခဲ့ပါတယ္။ စသြားကတည္းက အထုပ္ပိုးေတြယူသြားခဲ့တာမို႔ တခါတည္းဧရာဝတီစင္တာ ၂ မွာ ေနခဲ့ရပါေတာ့တယ္။ ပထမ တညက ပုက်ဳနဲ႔ ကြၽန္ေတာ္ အေဆာင္တူ အခန္းတူေနရေပမယ့္ ကြၽန္ေတာ့္ အေျခအေနက ညဘက္အဖ်ားေတြတက္

ေမာဟိုက္လာတာမို႔ ေနာက္တေန႔မနက္ ECG ႐ိုက္ရတယ္။ လက္ကိုလည္းေဆးေတြထိုးပါတယ္။ဒါနဲ႔ ၂၁ ရက္ေန႔ မနက္ပိုင္းကြၽန္ေတာ့္ကိုဧရာဝတီ စင္တာ ၁ ကို ေအာက္ဆီဂ်င္တပ္ထားလ်က္နဲ႔ ေ႐ႊ႕ရပါေတာ့တယ္။ ဘဝမွာ စိတ္မေကာင္းဆုံး အခိုက္အတန္႔ကို ႀကဳံရတာပါပဲ

ကိုယ္တိုင္ကလဲ ေမာဟိုက္ေန၊ ပုက်ဳေလးကလဲ ငိုေနရွာတာ ကြၽန္ေတာ့္လာေခၚတဲ့ ေဆး႐ုံကားထြက္သြားတဲ့အထိစင္တာ ၁ မွာ ေငးက်န္ခဲ့ရွာပါေတာ့တယ္။ အတိုခ်ဳံးေျပာရရင္ ပထမပိုင္းရက္ေတြ ညပိုင္း အဖ်ားေတြတက္ပါတယ္။ အိမ္သာလမ္းေလွ်ာက္သြား​ေတာင္တလွပ္လွပ္နဲ႔ေမာပါတယ္။

ေအာက္ဆီဂ်င္ level ေတြလဲက်ပါတယ္။ ဒါ က်ေနာ္ ေဆးလိပ္မေသာက္၊ အရက္မေသာက္ (အရက္ဘီယာ မေသာက္တာ ၇ လေက်ာ္ခဲ့ပါၿပီ) တာေတာင္ ေတာ္ေတာ္ခံရပါတယ္။ ေအာက္ဆီဂ်င္ level ျပန္တက္လာေအာင္ ေန႔ေန႔ ညည ေအာက္ဆီဂ်င္အိုးနဲ႔ ရႉခဲ့ရပါတယ္။

ပုက်ဳကေတာ့ ပထမ ၁ရက္သာ ဖ်ားၿပီးေနေကာင္းတာေၾကာင့္ စင္တာ ၁ မွာ ေဗာ္လန္တီယာ အျဖစ္ ကူညီၿပီးဆင္းတဲ့အထိ က်န္းက်န္းမာမာပါပဲ။ ကြၽန္ေတာ္ကေတာ့ စင္တာ ၂ ေရာက္ၿပီး ၄ ရက္ေလာက္ေနမွေနျပန္ေကာင္းလာတယ္၊ ေအာက္ဆီဂ်င္ level ျပန္တက္လာတယ္။

ကြၽန္ေတာ္ေရာ ပုက်ဳေရာ ဧရာဝတီစင္တာမွာစုစုေပါင္း ၁၀ ရက္ေန႔ခဲ့ရၿပီး ေဆး႐ုံက ျပန္ဆင္းလို႔ ဒီေန႔ ပဲ အိမ္ျပန္ေရာက္ပါတယ္။ (အိမ္ျပန္ေရာက္လို႔ ေနလည္း ေကာင္းေနပါၿပီ အားလုံးစိတ္ပူေနၾကမွာစိုးလို႔ ေနျပန္ေကာင္းၿပီးအိမ္ေရာက္မွ တင္တာပါ။ ကြၽန္ေတာ္ ေနေကာင္းပါတယ္

ေက်းဇူးတင္ပါတယ္) ကိုဗစ္ ဘယ္ကကူးလဲေတာ့ မေမးပါနဲ႔ ကြၽန္ေတာ္တို႔ လင္မယား ၂ေယာက္လုံးလဲ ဘယ္သြားသြား ျပန္လာရင္ဂ႐ုစိုက္ၾကတဲ့သူေတြပါ အိမ္မွာပဲ အမ်ားအားျဖင့္ေနပါတယ္ သြားတာဆိုလို႔ လမ္းထိပ္ စီးတီးမတ္နဲ႔ ATM သာရွိပါတယ္။ Work from home လုပ္ေနတာလဲ

ၾကာပါၿပီ။ အိမ္မွာ လူႀကီးေတြရွိလို႔ အရမ္းဂ႐ုစိုက္ေနတဲ့ ၾကားကျဖစ္တာပါ။ ဆိုေတာ့ ဘယ္ကကူးတာလဲ ဆိုတာထက္ မိတ္ေဆြတို႔လဲ မေပါ့ပါနဲ႔ အဓိကကကိုယ္ခံအားေကာင္းေအာင္ မွန္မွန္အိပ္ မွန္မွန္စားပါ။ ကိုဗစ္က ေနရာစုံက ကူးႏိုင္ပါတယ္။ စင္တာမွာ အသက္ႀကီးပိုင္းေတြ

ေတာ္ေတာ္႐ုန္းကန္ေနၾကရပါတယ္။ တေန႔ တေန႔ ေရာက္လာတဲ့ လူနာေတြအမ်ားႀကီးပါပဲ။ ဧရာဝတီစင္တာမွာ ေန႔စဥ္လူေပါင္းမ်ားစြာကို ေကြၽးေမြး ကုသေပးေနရတာမလြယ္ကူလွပါဘူး။ အလႉရွင္ ဧရာဝတီေဖာင္ေဒးရွင္းေၾကာင့္သာ လူနာေတြ သက္ေသာင့္သက္သာ ကုသႏိုင္တာပါ။

အဲ့ဒီ​ေတာ့ မိတ္ေဆြတို႔လည္း တတ္ႏိုင္သေလာက္ ဧရာဝတီစင္တာကိုဝိုင္းဝန္း လႉဒါန္းေပးၾကဖို႔လည္း တိုက္တြန္းလိုပါတယ္။ ကြၽန္ေတာ္တို႔ေတာ့ ကိုဗစ္နဲ႔ ႀကဳံႀကိဳက္ၿပီးသြားၿပီ ထပ္ၿပီး ကူးစက္မခံရေအာင္ ဒိထက္ပိုဂ႐ုစိုက္ဖို႔ပဲ ရွိေတာ့တယ္။ ကိုဗစ္ဖိစီးမႈေၾကာင့္ဝိတ္လဲ

၁၂ ေပါင္ေလာက္ က်ၿပီး လူပါ ေခ်ာင္လည္လည္ျဖစ္သြားခဲ့ၿပီးၿပီ။ အားလုံးပဲကိုဗစ္ကင္းစင္ ေနေကာင္းၾကပါေစ။ လူစုလူေဝး တတ္ႏိုင္သေလာက္ေရွာင္ၿပီး က်န္းမာေရးလမ္းၫႊန္ခ်က္မ်ား အတိုင္းေနထိုင္ၾကပါ။ ကိုဗစ္ကို မေပါ့ၾကပါနဲ႔လို႔ပဲ ေျပာခ်င္ပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ပထမဦးစွာ ကျေးဇူးတင်စကားအနေနဲ့ ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ထပ် ကျေးဇူးတင်ရမယ့်သူတွေကတော့ ကိုဆန်းလင်း နဲ့ ကိုမိုးဝေပါပဲ (အားနာလို့ နာမည်တွေတော့ မတဂ်တော့ပါဘူး)။ ကျွန်တော်နဲ့ ပုကျုနဲ့

ကိုဗစ်စစစ်တဲ့နေ့ကနေ စပြီး အစစအရာရာ ဂရုစိုက်ပေးခဲ့သော ဧရာဝတီစင်တာမှဆရာဝန်၊ ဆရာမများ၊ သူနာပြုများ ၊ဗော်လန်တီယာများ နှင့် ဧရာဝတီစင်တာမှကိုဗစ်လူနာဗော်လန်တီယာများ အားလုံးကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော့်အတွက် လိုအပ်တာပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဟာနာကုမ္ပဏီ၊ ငှက်သိုက်တွေတကူးတက ပို့ပေးတဲ့ Happy Agency မှ ရာဇာနဲ့ မသိရီ၊ သူ့အဖေအတွက် အစားသောက်တွေပို့ပေးရင်း ကျွန်တော့်အတွက်ပါထည့်ပို့ပေးတဲ့ မိုက်ကယ်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံး ကျေးဇူးတင်ရမှာက ကျွန်တော်နေပြန်ကောင်းလာအောင် စိတ်ဓာတ်ခွန်အားပေးတဲ့ ချစ်ရတဲ့မိသားစုနဲ့ ပုကျုလေးပါပဲ။ ကျွန်တော် အိမ်မှာ နေမကောင်းဖြစ်ပြီး အသက်ရှူမဝဖြစ်လာတာနဲ့ ကျွန်တော်တို့ လင်မယား ၂ယောက်ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဧရာဝတီစင်တာမှာ

အောက်တိုဘာလ ၂၀ ရက်နေ့က သွားစစ်ခဲ့ပါတယ်။ ကိုဆန်းလင်းနဲ့ ကိုမိုးဝေတို့ အစစရာရာ ဝိုင်းဝန်းကူညီပေးခဲ့ကြလို့လဲ အဆင်ပြေခဲ့တာပါ။ နေ့လည်ပိုင်းကိုဖေဖေနဲ့ မေမေပါ စစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လင်မယား ၂ယောက်က positive အဖြေထွက်ပြီး ကံကောင်းစွာပဲ

မေမေနဲ့ ဖေဖေက Negative အဖြေထွက်ခဲ့ပါတယ်။ စသွားကတည်းက အထုပ်ပိုးတွေယူသွားခဲ့တာမို့ တခါတည်းဧရာဝတီစင်တာ ၂ မှာ နေခဲ့ရပါတော့တယ်။ ပထမ တညက ပုကျုနဲ့ ကျွန်တော် အဆောင်တူ အခန်းတူနေရပေမယ့် ကျွန်တော့် အခြေအနေက ညဘက်အဖျားတွေတက်

မောဟိုက်လာတာမို့ နောက်တနေ့မနက် ECG ရိုက်ရတယ်။ လက်ကိုလည်းဆေးတွေထိုးပါတယ်။ဒါနဲ့ ၂၁ ရက်နေ့ မနက်ပိုင်းကျွန်တော့်ကိုဧရာဝတီ စင်တာ ၁ ကို အောက်ဆီဂျင်တပ်ထားလျက်နဲ့ ရွှေ့ရပါတော့တယ်။ ဘဝမှာ စိတ်မကောင်းဆုံး အခိုက်အတန့်ကို ကြုံရတာပါပဲ

ကိုယ်တိုင်ကလဲ မောဟိုက်နေ၊ ပုကျုလေးကလဲ ငိုနေရှာတာ ကျွန်တော့်လာခေါ်တဲ့ ဆေးရုံကားထွက်သွားတဲ့အထိစင်တာ ၁ မှာ ငေးကျန်ခဲ့ရှာပါတော့တယ်။ အတိုချုံးပြောရရင် ပထမပိုင်းရက်တွေ ညပိုင်း အဖျားတွေတက်ပါတယ်။ အိမ်သာလမ်းလျှောက်သွားတောင်တလှပ်လှပ်နဲ့မောပါတယ်။

အောက်ဆီဂျင် level တွေလဲကျပါတယ်။ ဒါ ကျနော် ဆေးလိပ်မသောက်၊ အရက်မသောက် (အရက်ဘီယာ မသောက်တာ ၇ လကျော်ခဲ့ပါပြီ) တာတောင် တော်တော်ခံရပါတယ်။ အောက်ဆီဂျင် level ပြန်တက်လာအောင် နေ့နေ့ ညည အောက်ဆီဂျင်အိုးနဲ့ ရှူခဲ့ရပါတယ်။

ပုကျုကတော့ ပထမ ၁ရက်သာ ဖျားပြီးနေကောင်းတာကြောင့် စင်တာ ၁ မှာ ဗော်လန်တီယာ အဖြစ် ကူညီပြီးဆင်းတဲ့အထိ ကျန်းကျန်းမာမာပါပဲ။ ကျွန်တော်ကတော့ စင်တာ ၂ ရောက်ပြီး ၄ ရက်လောက်နေမှနေပြန်ကောင်းလာတယ်၊ အောက်ဆီဂျင် level ပြန်တက်လာတယ်။

ကျွန်တော်ရော ပုကျုရော ဧရာဝတီစင်တာမှာစုစုပေါင်း ၁၀ ရက်နေ့ခဲ့ရပြီး ဆေးရုံက ပြန်ဆင်းလို့ ဒီနေ့ ပဲ အိမ်ပြန်ရောက်ပါတယ်။ (အိမ်ပြန်ရောက်လို့ နေလည်း ကောင်းနေပါပြီ အားလုံးစိတ်ပူနေကြမှာစိုးလို့ နေပြန်ကောင်းပြီးအိမ်ရောက်မှ တင်တာပါ။ ကျွန်တော် နေကောင်းပါတယ်

ကျေးဇူးတင်ပါတယ်) ကိုဗစ် ဘယ်ကကူးလဲတော့ မမေးပါနဲ့ ကျွန်တော်တို့ လင်မယား ၂ယောက်လုံးလဲ ဘယ်သွားသွား ပြန်လာရင်ဂရုစိုက်ကြတဲ့သူတွေပါ အိမ်မှာပဲ အများအားဖြင့်နေပါတယ် သွားတာဆိုလို့ လမ်းထိပ် စီးတီးမတ်နဲ့ ATM သာရှိပါတယ်။ Work from home လုပ်နေတာလဲ

ကြာပါပြီ။ အိမ်မှာ လူကြီးတွေရှိလို့ အရမ်းဂရုစိုက်နေတဲ့ ကြားကဖြစ်တာပါ။ ဆိုတော့ ဘယ်ကကူးတာလဲ ဆိုတာထက် မိတ်ဆွေတို့လဲ မပေါ့ပါနဲ့ အဓိကကကိုယ်ခံအားကောင်းအောင် မှန်မှန်အိပ် မှန်မှန်စားပါ။ ကိုဗစ်က နေရာစုံက ကူးနိုင်ပါတယ်။ စင်တာမှာ အသက်ကြီးပိုင်းတွေ

တော်တော်ရုန်းကန်နေကြရပါတယ်။ တနေ့ တနေ့ ရောက်လာတဲ့ လူနာတွေအများကြီးပါပဲ။ ဧရာဝတီစင်တာမှာ နေ့စဉ်လူပေါင်းများစွာကို ကျွေးမွေး ကုသပေးနေရတာမလွယ်ကူလှပါဘူး။ အလှူရှင် ဧရာဝတီဖောင်ဒေးရှင်းကြောင့်သာ လူနာတွေ သက်သောင့်သက်သာ ကုသနိုင်တာပါ။

အဲ့ဒီတော့ မိတ်ဆွေတို့လည်း တတ်နိုင်သလောက် ဧရာဝတီစင်တာကိုဝိုင်းဝန်း လှူဒါန်းပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့တော့ ကိုဗစ်နဲ့ ကြုံကြိုက်ပြီးသွားပြီ ထပ်ပြီး ကူးစက်မခံရအောင် ဒိထက်ပိုဂရုစိုက်ဖို့ပဲ ရှိတော့တယ်။ ကိုဗစ်ဖိစီးမှုကြောင့်ဝိတ်လဲ

၁၂ ပေါင်လောက် ကျပြီး လူပါ ချောင်လည်လည်ဖြစ်သွားခဲ့ပြီးပြီ။ အားလုံးပဲကိုဗစ်ကင်းစင် နေကောင်းကြပါစေ။ လူစုလူဝေး တတ်နိုင်သလောက်ရှောင်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များ အတိုင်းနေထိုင်ကြပါ။ ကိုဗစ်ကို မပေါ့ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ခရက်ဒစ်