ေခါင္လံဖူးၿမိဳ႕တြင္မဲ႐ုံတာဝန္က်သည့္ပညာေရးဝန္ထမ္းမ်ားအား လိုက္ပို႔​ေသာယာဥ္တန္​းဟာ လမ္းေျမၿပိဳမွုေၾကာင့္ ကိုးရက္ၾကာ ပိတ္မိေနခဲ့ၿပီး ဆရာ၊ ဆရာမမ်ား ခက္​ခဲစြာျဖင္​့ ခရီးဆက္​​​ေနခဲ့ရ

ေခါင္လံဖူးၿမိဳ႕တြင္ မဲ႐ုံတာဝန္က်သည့္ ပညာေရးဝန္ထမ္းမ်ားကို ပူတာအိုမွ လိုက္ပါပို႔ေဆာင္ေသာ ယာဥ္အစီးသုံးဆယ္ လမ္းေျမၿပိဳမႈေၾကာင့္ ကိုးရက္ၾကာ ပိတ္မိေနၿပီး ဆရာ၊ ဆရာမမ်ားမွာ အထမ္းအပိုးမ်ားႏွင့္ ေျခလ်င္ခရီးဆက္ခဲ့ရေၾကာင္း

လိုက္ပါပို႔ေဆာင္သည့္ ယာဥ္ေမာင္းမ်ားထံမွ သိရသည္။ ပူတာအိုခရိုင္၊ ေခါင္လန္ဖူးၿမိဳ႕နယ္ မေဂြဇႏွင့္ ရီဒမ္းၾကားတြင္ ပိတ္မိေနခဲ့ျခင္းျဖစ္ၿပီး ကားေမာင္းသူ လူဦးေရသုံးဆယ္မွာ ကိုးရက္ၾကာ ပိတ္မိေနမႈေၾကာင့္ ရိကၡာျပတ္လမ္းမႈမ်ား

ႀကဳံေတြ႕ရသည့္အတြက္ ပူတာအိုၿမိဳ႕သို႔ ေျခလ်င္ခရီး ဆင္းလာသူမ်ားရွိေနေၾကာင္း ပူတာအိုမွ ကားအငွားလိုက္သြားသူ ကိုဒြက္ကဆိုပါသည္။၎က “ေအာက္တိုဘာ ၂၁ ရက္ေန႔ကေန ဒီေန႔အထိ လမ္းမွာပိတ္ေနတာ။

ဆရာမေတြကေတာ့ အထမ္းေတြ၊ အပိုးေတြနဲ႕ ခရီးဆက္သြားလိုက္ၾကၿပီ။ က်ေနာ္တို႔ ကားဆရာေတြက ရက္ၾကာေတာ့ စားစရာ မရွိေတာ့ဘူး။ ဒါေတာင္ ေလးငါးရက္က ေခါက္ဆြဲေျခာက္ပဲ စားေနရတာ။ ေနာက္သုံးရက္ေလာက္မွ

ကားသြားယူမယ္။ ကားကိုအဲဒီမွာပဲ ပစ္ထားခဲ့ရတယ္။ မေဂြဇကေန ၂၅ မိုင္မွာေပါ့ အခုျဖစ္ေနတာ” ဟု ဆိုသည္။ ကခ်င္ျပည္နယ္တြင္ လမ္းခရီးခက္ခဲမႈႏွင့္ ဆက္သြယ္ေရး ခက္ခဲမႈကို ႀကဳံေတြ႕ေနရသည့္မွာ ေခါင္လန္းဖူးၿမိဳ႕နယ္၊

​ေဆာ့ေလာ္ၿမိဳ႕နယ္ႏွင့္ ေနာင္မြန္ၿမိဳ႕နယ္ ေျမာက္ပိုင္း ပန္နန္းဒင္ ၿမိဳ႕နယ္ (ခြဲ) ေဒသတို႔ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျပာၾကားသည္။ ယင္းေဝးလံေခါင္းဖ်ား ေဒသမ်ားရွိ မဲ႐ုံမ်ားမွမဲ႐ုံပစၥည္းမ်ားကို

တပ္မေတာ္ ရဟတ္ယာဥ္ျဖင့္ လိုက္ပါပို႔ေဆာင္ခဲ့ၿပီး တာဝန္က် ဆရာ/ဆရာမမ်ားကို ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ပူတာအိုၿမိဳ႕မ်ားတြင္ သင္းတန္းမ်ား ပို႔ခ်ကာ ဆရာ၊ ဆရာမ ၃၀၀ ေက်ာ္ကို ေစလႊတ္ခဲ့သည္။၂၀၂၀ အေထြေထြ​ေ႐ြးေကာက္ပြဲအတြက္

ကခ်င္ျပည္နယ္တြင္ ျပည္နယ္လႊတ္ေတာ္အတြက္ ၃၆ ေနရာ၊ ျပည္သူ႕လႊတ္ေတာ္အတြက္ ၁၈ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၁၂ ေနရာ၊ တိုင္းရင္းသားေရးရာဝန္ႀကီး ၄ ေနရာျဖစ္ၿပီး ပါတီေပါင္း ၁၉ ပါတီ၊

ကိုယ္စားလွယ္ေလာင္း ၄၁၀ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္ေၾကာင္း သိရသည္။ အခ်ိန္​​ေပးၿပီးဖတ္​႐ႈ႕​ေပးၾက​ေသာ ပရိတ္​သတ္​ႀကီးအားလုံးလည္​း သာယာ​ေသာ​ေန႔​ေလးျဖစ္​ပါ​ေစ ​ေက်းဇူးလည္​းအထူးတင္​႐ွိပါတယ္​​ေနာ္​။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ခေါင်လံဖူးမြို့တွင် မဲရုံတာဝန်ကျသည့် ပညာရေးဝန်ထမ်းများကို ပူတာအိုမှ လိုက်ပါပို့ဆောင်သော ယာဉ်အစီးသုံးဆယ် လမ်းမြေပြိုမှုကြောင့် ကိုးရက်ကြာ ပိတ်မိနေပြီး ဆရာ၊ ဆရာမများမှာ အထမ်းအပိုးများနှင့် ခြေလျင်ခရီးဆက်ခဲ့ရကြောင်း

လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်းများထံမှ သိရသည်။ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် မဂွေဇနှင့် ရီဒမ်းကြားတွင် ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ကားမောင်းသူ လူဦးရေသုံးဆယ်မှာ ကိုးရက်ကြာ ပိတ်မိနေမှုကြောင့် ရိက္ခာပြတ်လမ်းမှုများ

ကြုံတွေ့ရသည့်အတွက် ပူတာအိုမြို့သို့ ခြေလျင်ခရီး ဆင်းလာသူများရှိနေကြောင်း ပူတာအိုမှ ကားအငှားလိုက်သွားသူ ကိုဒွက်ကဆိုပါသည်။၎င်းက “အောက်တိုဘာ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ လမ်းမှာပိတ်နေတာ။

ဆရာမတွေကတော့ အထမ်းတွေ၊ အပိုးတွေနဲ့ ခရီးဆက်သွားလိုက်ကြပြီ။ ကျနော်တို့ ကားဆရာတွေက ရက်ကြာတော့ စားစရာ မရှိတော့ဘူး။ ဒါတောင် လေးငါးရက်က ခေါက်ဆွဲခြောက်ပဲ စားနေရတာ။ နောက်သုံးရက်လောက်မှ

ကားသွားယူမယ်။ ကားကိုအဲဒီမှာပဲ ပစ်ထားခဲ့ရတယ်။ မဂွေဇကနေ ၂၅ မိုင်မှာပေါ့ အခုဖြစ်နေတာ” ဟု ဆိုသည်။ ကချင်ပြည်နယ်တွင် လမ်းခရီးခက်ခဲမှုနှင့် ဆက်သွယ်ရေး ခက်ခဲမှုကို ကြုံတွေ့နေရသည့်မှာ ခေါင်လန်းဖူးမြို့နယ်၊

ဆော့လော်မြို့နယ်နှင့် နောင်မွန်မြို့နယ် မြောက်ပိုင်း ပန်နန်းဒင် မြို့နယ် (ခွဲ) ဒေသတို့ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။ ယင်းဝေးလံခေါင်းဖျား ဒေသများရှိ မဲရုံများမှမဲရုံပစ္စည်းများကို

တပ်မတော် ရဟတ်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ပြီး တာဝန်ကျ ဆရာ/ဆရာမများကို မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့များတွင် သင်းတန်းများ ပို့ချကာ ဆရာ၊ ဆရာမ ၃၀၀ ကျော်ကို စေလွှတ်ခဲ့သည်။၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်

ကချင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်အတွက် ၃၆ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၈ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ၄ နေရာဖြစ်ပြီး ပါတီပေါင်း ၁၉ ပါတီ၊

ကိုယ်စားလှယ်လောင်း ၄၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်