ခင္ပြန္းျဖစ္သူနဲ႔ ကေလးယူဖို႔အတြက္ အစီအစဥ္ရွိမရွိဆိုတာကို ေျပာျပလာခဲ့တဲ့ သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ရဲ႕ (႐ုပ္​သံဖုိင္​)

နိုင္ငံရပ္ျခားမွာ အေျခခ်ေနထိုင္ေနၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ကေတာ့ အခုလက္ရွိ မွာ သူ႔ကိုအရမ္းခ်စ္တဲ့ခ်စ္သူေၾကာင့္ ေပ်ာ္ရႊင္တဲ့ဘဝေလးကိုပိုင္ဆိုင္ထားသူပါ။ ဥကၠာမင္းေမာင္ကေတာ့ ျမန္မာနိုင္ငံကိုလာၿပီး ႐ုပ္ရွင္ရိုက္ဖို့ရွိေပမယ့္ ၾကန႔္ၾကာေနတာျဖစ္တယ္ လို့ ဆိုထားပါတယ္။“

လုပ္မယ့္ဟာေလးေတြေတာ့ရွိတယ္ ႐ုံတင္မယ့္ဟာေလး ေတြလည္းရွိပါတယ္။ အႏုပညာအလုပ္ကေတာ့ ကိုယ့္ကိုလာေခၚရင္ လာေခၚသလိုေတာ့ရိုက္ျဖစ္မွာပါ ကိုယ့္ဟာ နဲ႔ကိုယ္က်ေတာ့ သီခ်င္းေလးေတြရိုက္ဖို့ရွိတယ္ MUSIC VIDEO ေတြ ျပန္ရိုက္ဖို့ရွိတယ္ “လို့ သိရပါတယ္။

ဥကၠာမင္းေမာင္ကေတာ့ နိုင္ငံျခားမွာေနရင္းနဲ႔ သီခ်င္းေတြေရးျဖစ္တယ္လို့ဆိုထားပါတယ္။ “သီခ်င္းေတြေရးျဖစ္တယ္ အရင္အေခြတုန္းကေခြထုတ္လိုက္ေပမယ့္ ပိုက္ဆံျပတ္သြားတာနဲ႔ MUSIC VIDEO မရိုက္လိုက္ရဘူး ကိုယ္ကဒီမွာေနတဲ့အခါက်ေတာ့ ျမန္မာျပည္လာလိုက္

၃ပုဒ္လိုက္သြင္းလိုက္ ျပန္သြင္းလိုက္ ျပန္လာလိုက္နဲ႔ တစ္ေခြလုံး ၁၈ပုဒ္ေလာက္သြင္းၿပီးမွ ၁၂ပုဒ္ပဲေရြး ျဖစ္တယ္ မေအးခ်မ္းေမနဲ႔လည္း ဒီမွာ ၂ပုဒ္သြင္းတာ အေခြထဲမွာ တစ္ပုဒ္ပဲပါသြားတယ္ ၂ပုဒ္ သြင္း စရိတ္ စားစရိတ္ ေနစရိတ္ ေလယာဥ္စရိတ္နဲ႔ အားလုံးသိန္း၇၀ေလာက္ကုန္သြားတယ္။

ေျပာရရင္ပိုက္ဆံေတြအမ်ားႀကီး အဲဒီ့အေခြထဲရင္းထားေတာ့ MUSIC VIDEO မွာမရင္းနိုင္ေတာ့ဘူး ” “music video ဆိုတာကလည္း ရင္းၿပီးျပန္ရတာမွမဟုတ္တာကိုး တစ္ပုဒ္မွမပါသြားေတာ့ လည္း အတိုင္းအတာတစ္ခုက ေရာက္သင့္သေလာက္မေရာက္သြားဘူးေပါ့၊

promotion လည္းမလုပ္နိုင္ဘူး promotion လုပ္ရတာ နယ္ေတြကို အႏုပညာရွင္ေတြအမ်ားႀကီး ေခၚသြား ၿပီးေတာ့ အခ်ိန္ေတြလည္းေပးရတယ္ ေငြေတြလည္းအမ်ားႀကီးကုန္တယ္ ” လို့ ၾကဳံေတြ႕ရတဲ့ အခက္အခဲေလးေတြကိုေျပာျပခဲ့ပါတယ္။ အႏုပညာနဲ႔ပတ္သတ္ၿပီး​ေတာ့

“ဒါေလးကိုေတာ့ျပန္စခ်င္တယ္ ကိုယ္ကခ်မ္းသာေနတာလည္းမဟုတ္ ဘူး ကိုယ့္မွာရွိတဲ့ေခၽြးနဲစာေလးနဲ႔ အႏုပညာေလးကိုဆက္လက္ရပ္တည္ေနတာဆိုေတာ့ ကံတရားေပးသေလာက္ေပါ့ေနာ္ ကံတရားေပးသေလာက္ေရာ ပရိသတ္လက္ခံသေလာက္ေရာေျဖးေျဖးခ်င္းေတာ့

လုပ္ေနမွာေပါ့ေနာ္ ကိုယ္တတ္နိုင္တဲ့ေငြေၾကး amount နဲ႔ကိုယ္တတ္နိုင္တဲ့ ပမာဏေလာက္ပဲ လုပ္ျဖစ္မွာေပါ့ေနာ္ ႐ုပ္ရွင္ေတြဘာေတြစရိုက္ဖို့ေတာ့မရွိေသးဘူး လာေခၚရင္ေတာ့လည္းရိုက္ျဖစ္မွာေပါ့ေနာ္”လို့ အႏုပညာအလုပ္ေတြဆက္လုပ္သြားဆႏၵရွိတဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

သရုပ္​ေဆာင္​ဥကၠာမင္းေမာင္ကေတာ့ အခ်စ္ေရးနဲ႔ပတ္သတ္ၿပီး”အမွန္ေတာ့ perfect relationship မဟုတ္ဘူး သူလည္းperfect မဟုတ္သလိုကိုယ္လည္း perfect မဟုတ္ဘူး ကေတာက္ကဆေတာ့ရွိ တယ္ ဒီၾကားထဲ ၃ခါေလာက္ရန္ျဖစ္တယ္ ဒါေပမဲ့ ကိုယ့္ရဲ့ဒရမ္မာေတြ ျပႆနာေတြကိုေတာ့

ပရိသတ္ကိုလူသိရွင္ၾကားမျပခ်င္ဘူး ကိုယ့္ရဲ့ ကိုယ္ေရးကိုယ္တာပဲေလ ကေတာက္ကဆကေတာ့ တစ္ခ် က္တစ္ခ်က္ျဖစ္တာေပါ့ေလ အဓိကကေတာ့ ခြင့္လႊတ္တတ္ဖို့နဲ႔နားလည္မွုေပးနိုင္ဖို့ သူ႔အ ေပၚမွာ တန္ဖိုးထားဖို့ေပါ့ေနာ္ ၿပီးေတာ့ေလးစားမွုေပါ့ ေျပာရရင္ေတာ့အမ်ားႀကီးေပါ့”

“ကိုယ့္ဘာသာကိုယ္ေတာ့ကံေကာင္းတယ္လို့ ယူဆပါတယ္ ဒါေပမဲ့ အစ္ကိုဘာကိုမွ ကံေသကံမ မတြက္ဘူး သူနဲ႔တစ္သက္လုံးျမဲခ်င္တယ္ ဒါေပမဲ့လည္း ကံေပးသေလာက္ေပါ့ေနာ္ တစ္ေန႔ေန႔က်ရင္​ေတာ့ ကေလးေတြဘာေတြလိုခ်င္တယ္ သူလိုခ်င္လားမလိုခ်င္လားေတာ့မသိဘူး

ကိုယ္ကေတာ့လိုခ်င္တယ္ အရမ္းလိုခ်င္တယ္ ကိုယ့္ဘက္က ရယ္ဒီျဖစ္ရင္ေတာ့ယူျဖစ္မွာပါ အခုေတာ့ ရယ္ ဒီမျဖစ္ေသးဘူး ကိုယ့္ဘာသာကိုယ္ ဘဝအတြက္ႀကိဳးစားရဦးမယ္”လို့ ဆိုထားပါတယ္။ ဥကၠာမင္းေမာင္ကေတာ့ ကေလးလိုခ်င္တာနဲ႔ပတ္သတ္ၿပီးအစ္ကိုကေတာ့

မိန္းကေလး ပို လို ခ်င္ တယ္ ျဖစ္နိုင္ရင္ေတာ့ ႏွစ္ေယာက္လိုခ်င္တာေပါ့ အစ္ကိုကတာဝန္ယူရမွာ လြယ္ေတာ့မလြယ္ဘူး ၂ေယာက္ဆိုေတာ့ ပိုေကာင္းတာေပါ့ သူလည္းအေဖာ္ရတာေပါ့ အဓိကက မိန္းကေလးပိုလိုခ်င္ တယ္” လို့ ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေပြီဖြစ်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အခုလက်ရှိ မှာ သူ့ကိုအရမ်းချစ်တဲ့ချစ်သူကြောင့် ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ထားသူပါ။ ဥက္ကာမင်းမောင်ကတော့ မြန်မာနိုင်ငံကိုလာပြီး ရုပ်ရှင်ရိုက်ဖို့ရှိပေမယ့် ကြန့်ကြာနေတာဖြစ်တယ် လို့ ဆိုထားပါတယ်။“

လုပ်မယ့်ဟာလေးတွေတော့ရှိတယ် ရုံတင်မယ့်ဟာလေး တွေလည်းရှိပါတယ်။ အနုပညာအလုပ်ကတော့ ကိုယ့်ကိုလာခေါ်ရင် လာခေါ်သလိုတော့ရိုက်ဖြစ်မှာပါ ကိုယ့်ဟာ နဲ့ကိုယ်ကျတော့ သီချင်းလေးတွေရိုက်ဖို့ရှိတယ် MUSIC VIDEO တွေ ပြန်ရိုက်ဖို့ရှိတယ် “လို့ သိရပါတယ်။

ဥက္ကာမင်းမောင်ကတော့ နိုင်ငံခြားမှာနေရင်းနဲ့ သီချင်းတွေရေးဖြစ်တယ်လို့ဆိုထားပါတယ်။ “သီချင်းတွေရေးဖြစ်တယ် အရင်အခွေတုန်းကခွေထုတ်လိုက်ပေမယ့် ပိုက်ဆံပြတ်သွားတာနဲ့ MUSIC VIDEO မရိုက်လိုက်ရဘူး ကိုယ်ကဒီမှာနေတဲ့အခါကျတော့ မြန်မာပြည်လာလိုက်

၃ပုဒ်လိုက်သွင်းလိုက် ပြန်သွင်းလိုက် ပြန်လာလိုက်နဲ့ တစ်ခွေလုံး ၁၈ပုဒ်လောက်သွင်းပြီးမှ ၁၂ပုဒ်ပဲရွေး ဖြစ်တယ် မအေးချမ်းမေနဲ့လည်း ဒီမှာ ၂ပုဒ်သွင်းတာ အခွေထဲမှာ တစ်ပုဒ်ပဲပါသွားတယ် ၂ပုဒ် သွင်း စရိတ် စားစရိတ် နေစရိတ် လေယာဉ်စရိတ်နဲ့ အားလုံးသိန်း၇၀လောက်ကုန်သွားတယ်။

ပြောရရင်ပိုက်ဆံတွေအများကြီး အဲဒီ့အခွေထဲရင်းထားတော့ MUSIC VIDEO မှာမရင်းနိုင်တော့ဘူး ” “music video ဆိုတာကလည်း ရင်းပြီးပြန်ရတာမှမဟုတ်တာကိုး တစ်ပုဒ်မှမပါသွားတော့ လည်း အတိုင်းအတာတစ်ခုက ရောက်သင့်သလောက်မရောက်သွားဘူးပေါ့၊

promotion လည်းမလုပ်နိုင်ဘူး promotion လုပ်ရတာ နယ်တွေကို အနုပညာရှင်တွေအများကြီး ခေါ်သွား ပြီးတော့ အချိန်တွေလည်းပေးရတယ် ငွေတွေလည်းအများကြီးကုန်တယ် ” လို့ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကိုပြောပြခဲ့ပါတယ်။ အနုပညာနဲ့ပတ်သတ်ပြီးတော့

“ဒါလေးကိုတော့ပြန်စချင်တယ် ကိုယ်ကချမ်းသာနေတာလည်းမဟုတ် ဘူး ကိုယ့်မှာရှိတဲ့ချွေးနဲစာလေးနဲ့ အနုပညာလေးကိုဆက်လက်ရပ်တည်နေတာဆိုတော့ ကံတရားပေးသလောက်ပေါ့နော် ကံတရားပေးသလောက်ရော ပရိသတ်လက်ခံသလောက်ရောဖြေးဖြေးချင်းတော့

လုပ်နေမှာပေါ့နော် ကိုယ်တတ်နိုင်တဲ့ငွေကြေး amount နဲ့ကိုယ်တတ်နိုင်တဲ့ ပမာဏလောက်ပဲ လုပ်ဖြစ်မှာပေါ့နော် ရုပ်ရှင်တွေဘာတွေစရိုက်ဖို့တော့မရှိသေးဘူး လာခေါ်ရင်တော့လည်းရိုက်ဖြစ်မှာပေါ့နော်”လို့ အနုပညာအလုပ်တွေဆက်လုပ်သွားဆန္ဒရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ အချစ်ရေးနဲ့ပတ်သတ်ပြီး”အမှန်တော့ perfect relationship မဟုတ်ဘူး သူလည်းperfect မဟုတ်သလိုကိုယ်လည်း perfect မဟုတ်ဘူး ကတောက်ကဆတော့ရှိ တယ် ဒီကြားထဲ ၃ခါလောက်ရန်ဖြစ်တယ် ဒါပေမဲ့ ကိုယ့်ရဲ့ဒရမ်မာတွေ ပြဿနာတွေကိုတော့

ပရိသတ်ကိုလူသိရှင်ကြားမပြချင်ဘူး ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာပဲလေ ကတောက်ကဆကတော့ တစ်ချ က်တစ်ချက်ဖြစ်တာပေါ့လေ အဓိကကတော့ ခွင့်လွှတ်တတ်ဖို့နဲ့နားလည်မှုပေးနိုင်ဖို့ သူ့အ ပေါ်မှာ တန်ဖိုးထားဖို့ပေါ့နော် ပြီးတော့လေးစားမှုပေါ့ ပြောရရင်တော့အများကြီးပေါ့”

“ကိုယ့်ဘာသာကိုယ်တော့ကံကောင်းတယ်လို့ ယူဆပါတယ် ဒါပေမဲ့ အစ်ကိုဘာကိုမှ ကံသေကံမ မတွက်ဘူး သူနဲ့တစ်သက်လုံးမြဲချင်တယ် ဒါပေမဲ့လည်း ကံပေးသလောက်ပေါ့နော် တစ်နေ့နေ့ကျရင်တော့ ကလေးတွေဘာတွေလိုချင်တယ် သူလိုချင်လားမလိုချင်လားတော့မသိဘူး

ကိုယ်ကတော့လိုချင်တယ် အရမ်းလိုချင်တယ် ကိုယ့်ဘက်က ရယ်ဒီဖြစ်ရင်တော့ယူဖြစ်မှာပါ အခုတော့ ရယ် ဒီမဖြစ်သေးဘူး ကိုယ့်ဘာသာကိုယ် ဘဝအတွက်ကြိုးစားရဦးမယ်”လို့ ဆိုထားပါတယ်။ ဥက္ကာမင်းမောင်ကတော့ ကလေးလိုချင်တာနဲ့ပတ်သတ်ပြီးအစ်ကိုကတော့

မိန်းကလေး ပို လို ချင် တယ် ဖြစ်နိုင်ရင်တော့ နှစ်ယောက်လိုချင်တာပေါ့ အစ်ကိုကတာဝန်ယူရမှာ လွယ်တော့မလွယ်ဘူး ၂ယောက်ဆိုတော့ ပိုကောင်းတာပေါ့ သူလည်းအဖော်ရတာပေါ့ အဓိကက မိန်းကလေးပိုလိုချင် တယ်” လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ ခရက်ဒစ်