ဇာတ်ပို့ ဇာတ်ရံတစ်ယောက်အနေနဲ့ အစည်းအရုံးကပေးတဲ့ထောက်ပံ့ကြေးကို ရသင့်ရဲ့သားနဲ့ မရခဲ့လို့ ရင်ဖွင့်လာတဲ့ မျိုးမျိုးခိုင်ရဲ့ (ရုပ်​သံဖိုင်​)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
သရုပ်ဆောင် မျိုးမျိုးခိုင်ကတော့ ဟာသ ဇာတ်ပို့သရုပ်ဆောင်ဘဝနဲ့ နှစ်ပေါင်းများစွာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထက်တိုင်ရရှိနေသူတစ်ဦးပါ။ ယခုကိုဗစ်ကာလမှာတော့ ရုပ်ရှင်လောကသားများအတွက် ကားရိုက်ရပ်နားထားရတာကြောင့်
ဝင်ငွေနည်းပါးနေခဲ့တာကြောင့် ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ငွေထုတ်ပေးလျက်ရှိတာပါ ဒီလိုထုတ်ပေးခဲ့ရာမှာ ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ကြေးကို ရသင့်ရဲ့သားနဲ့ မရခဲ့တဲ့ အပေါ် မျိုးမျိုးခိုင်ကပြောပြလာခဲ့တာဖြစ်ပါတယ်။ “ရုပ်ရှင်အစည်းအရုံးမှာထောက်ပံ့ကြေးငွေလာထုတ်တာပါ
ဒါပေမယ့် ဒီဘက်ကအစည်းအရုံးထောက်ပံ့ငွေရပါတယ် ကျွန်မတို့ ဇာတ်ပို့ဇာတ်ရံထောက်ပံ့ကြေးငွေကမရပါဘူး ကိုဗစ်ဖြစ်နေတော့မပေးနိုင်ဘူးလေ အဲ့ဒါကို မရဘူးဆိုတော့မယူဘူးလို့ရတယ်လေ ဇာတ်ပို့ဇာတ်ရံထဲလည်းမပါတော့ဘူး လာခိုင်းရင်မလုပ်ပေးဘူးလို့ ပြောလိုက်တယ်။
အခုမင်းသမီးဖြစ်သွားပြီ မင်းသမီးအလွှာထဲမှာပဲ ပါတော့မယ်၊ ဓာတ်ပုံပေးဖို့ကလည်းမသိလိုက်ဘူး ကိုဗစ်ဆိုတော့လည်း ဒီတောင်မလာနိုင်ဘူး အိမ်ထဲကအိမ်ပြင်တောင်မထွက်တာကို အဲ့တုန်းကလာတုန်းကတော့မမအိခိုင်ကပြောတယ် ဓာတ်ပုံပေးရမယ်ဆိုတော့
မကြီးရေ ဓာတ်ပုံမရိုက်လာရသေးဘူးဆိုတော့ နောက်နေ့ကျရင် ဓာတ်ပုံလာပေးမယ်လို့ပြောခဲ့တာ ဒါပေမယ့် ကိုဗစ်ဖြစ်သွားတော့ ဒီကို မရောက်ဖြစ်ဘူးလေ ဒါလေးတော့ နားလည်ပေးရမှာပေါ့ ရပါတယ်ပိုက်ဆံ ၂၀၀၀၀ ဘာမှမဖြစ်ပါဘူး။ အစည်းအရုံးကလှူပေးတာကိုတော့ကျေးဇူးတင်ပါတယ်။
အစည်းအရုံးကဆန်တွေဆီတွေဆိုလည်း အမြဲလှူပေးတယ် ကိုယ့်လုပ်တဲ့လူတွေအားလုံးကို ထောက်ပံ့ပြီးတော့ ကြည့်ပေးတဲ့ အတွက်ကြောင့် ရုပ်ရှင်အစည်းအရုံးကို ကျေးဇူးတင်ပါတယ်။ အခုကာလမှာတော့ ရဲလေးမသင်ပေးတဲ့အတွက် Live လွှင့်ပြီးဈေးရောင်းတတ်သွားတယ်။
အခုတော့ လုပ်ငန်းရှင်တွေအတွက် ဈေးရောင်းပေးနေတယ် ပိုက်ဆံလည်းရသင့်သလောက်ရတော့ ကိုဗစ်ကာလမှာ ခံသာတာပေါ့ အဲ့ဒီအတွက်လည်း ခေါ်ရောင်းခဲ့ကြတဲ့လုပ်ငန်းရှင်တွေကို ကျေးဇူးတင်ပါတယ်”လို့ဆိုလာခဲ့တာဖြစ်ပါတယ်။
မျိုးမျိုးခိုင်ကတော့ ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ကြေးကို ရသင့်ရဲ့သားနဲ့ မရခဲ့တဲ့ အပေါ်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။ ခရက်ဒစ်