အမေ့ကိုသတိရလွန်းလို့ မျက်ရည်တွေဝဲလျှက်​နဲ့ ကျန်ရစ်ခဲ့ရရှာတဲ့ ခင်ပွန်းဖြစ်သူကို ခဏလေးခွဲပြီး အိမ်ပြန်လာခဲ့ပြီဆိုတဲ့ အိမ့်ချစ်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အဆိုတော်မလေး အိမ့်ချစ်ကတော့ သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံလေးနဲ့ သီချင်းကောင်းတွေများစွာကို သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က သီချင်းဆိုကောင်းရုံသာမက ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်သူဖြစ်တာကြောင့်
ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကပါချစ်ကြတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က အခုဆိုရင် အိမ်ထောင်ကျပြီး ခင်ပွန်းဖြစ်သူ အလုပ်ရှိရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တစ်အိုးတစ်အိမ် ထူထောင်ထားပြီပဲ ဖြစ်ပါတယ်။
မနေ့က အောက်တိုဘာလ (၂၈) ရက်နေ့မှာတော့ အိမ့်ချစ်က သူမရဲ့ မိခင်ရှိရာ မြန်မာပြည်ကို ပြန်လာခဲ့ပြီဆိုတဲ့အကြောင်းကို “Bangkok ကအိမ်လေးကိုခဏခွဲပြီး အမေ့အိမ်လေးဆီ အပြေးပြန်လာပြီ Q ဝင်ရလဲဝင်မှာပဲ။
အမေ့ကိုလဲသတိရတာကိုး ယောကျာ်းကတော့ရုံးနဲ့မို့လိုက်မရတော့ မျက်ရည်လေးတွေဝဲပြီး အိမ်ပြန်သွားရှာလေပြီ ” ဆိုပြီး မျက်ရည်တွေအဝဲသားနဲ့ ခင်ပွန်းဖြစ်သူကို ခဏလေးခွဲခွာလာခဲ့ကြောင်းကို မျှဝေထားပါတယ်။
အိမ့်ချစ်ကတော့ မကြာသေးခင် လပိုင်းကမှ လက်ထပ်ခဲ့တာဖြစ်လို့ ကြင်စဦးအချိန်မှာ ဇနီးမောင်နှံနှစ်ယောက် မခွဲချင်သေးပေမယ့် မိခင်ကို ပိုလွမ်းတာမို့ မိခင်ကြီးရှိရာ နေအိမ်လေးဆီကို ပြန်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်