ကျန်းမာရေးမကောင်းတဲ့ ဖခင်ဖြစ်သူ​ကို ဘုန်ကြီးဘဝမှလူထွက်ခိုင်းပြီး အနီးကပ်ပြုစုပေး​နေတဲ့ ချစ်စုရဲ့ ဗီဒီယိုဖိုင်​လေး (ရုပ်​သံ)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိသတ်တွေကြားမှာ ဟာသလူရွှင်တော်တစ်ဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ဦးပေါ်လေးကတော့ ယခုလက်ရှိအချိန်မှာ ဘုန်းကြီးလူထွက်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဇာတ်ပို့သရုပ်ဆောင်အနေနဲ့
ပါဝင်ရိုက်ကူးတတ်တဲ့ သူကိုမသိသူမရှိပါဘူးနော်။ ဦးပေါ်လေးက အသက်အရွယ်တစ်ခုကြောင့် အနုပညာအလုပ်တွေကို ဆက်လက်မလုပ်ကိုင်နိုင်တော့ပေမယ့် သူရဲ့ သား ချစ်စုကတော့ ပရိသတ်တွေကြားမှာယနေ့ထိတိုင်
ရပ်တည်အောင်မြင်နေသူပါ။ ချစ်စုက လက်ရှိနာမည်ကြီး မြန်မာပြည်စတားလူရွှင်တော်အဖွဲ့တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်ကြိုက်ဟာသဉာဏ်ရွှင်သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။
ချစ်စုရဲ့ဇနီးကလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပါနော်။ ဖခင်ဦးပေါ်လေးအပေါ်မှာလည်းဇနီးမောင်နှံနှစ်ယောက်လုံးကရိုသေလေးစားကြတာကိုတွေ့ရပါတယ်။
ယခုမှာလည်း ကျန်းမာရေးမကောင်းတဲ့ ဖခင်ကို ဘုန်းကြီးလူထွက်ခိုင်းပြီး အိမ်မှာ ထမင်း၊ ဟင်း ကောင်းတွေနဲ့ သေချာ ပြုစုနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်ပေးလာခဲ့ပါတယ်။ ဖခင်ရဲ့ ကျေးဇူးကြွေးကို ဆပ်နေကြတဲ့ ချစ်စုတို့
ဇနီးမောင်နှံနှစ်ယောက်ကတော့ တကယ်ကို ချီးကျုးစရာကောင်းလွန်းနေတာပါနော်။ ဖခင် ဟာသလူရွှင်တော်ကြီး ဦးပေါ်လေးရဲ့ ဗီဒီယိုဖိုင်ကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ခရက်ဒစ်