နှစ်လအတွင်းမှာ ကိုယ်အလေးချိန်ပေါင် (၅၀) ကျသွားတဲ့သမီးဖြစ်သူရဲ့ နည်းလမ်းလေး​တွေကို မျှဝေလာခဲ့တဲ့ မေခလာ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိတ်သတ်ကြီးရေ ပရိတ်သတ်အချစ်တော်အဆိုတော် မေခလာကတော့ စတူဒီယိုခေတ်ကတည်းကနေ အခုချိန်ထိ အောင်မြင်မှုပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ မေခလာက သရုပ်ဆောင်ရန်ကျော်နဲ့အတူတူ
သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ့မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တစ်ဦးတည်းသော သမီးလေးတစ်ယောက်တည်းကိုသာ မွေးဖွားထားတဲ့ မေခလာက ဒီကနေ့မှာတော့
နှစ်လအတွင်း ပေါင်ချိန် (၅၀) လျော့ကျသွားတဲ့ သမီးလေးအကြောင်း ဂုဏ်ယူစွာပြောလာခဲ့ပါတယ်။ “သမီးလေးပြည့်အတွက် အမေတယောက်အနေနဲ့ စိတ်ပူမိတာအမှန်ပါ လှတာမလှတာထက် ကျန်းမာရေးညံ့သွားမှာနေ့စဉ်စိုးရိမ်မိ့တာ
မိခင်ရဲ့မေတ္ထာပါ။ သမီးလေး ယခင်ပေါင်ချိန် ၂၁၂ ကနေ ကြိုးစားလိုက်တာ ပေါင်၅၀ ၂လ အတွင်း လျော့ကျ့သွားပါတယ်။ သမီးရဲ့စိတ်ဓါတ်နဲ့အတူ ပံ့ပိုးပေးတဲ့ joy မိသားစု Curvy မိသားစု ကို ကျေးဇူးပါ ” ဆိုပြီး ကိုယ်အလေးချိန်ကျသွားပြီး
အရင်ကထက် ကိုယ်ရည်စစ်သွားတဲ့ သမီးလေးပြည့်ပြည့်ရဲ့ ပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။ မေခလာနဲ့ ရန်ကျော်ကတော့ သမီးလေးတစ်ယောက်တည်းရှိတာကြောင့်သမီးလေးနဲ့ပက်သတ်ရင် အစစအရာရာလိုလေသေးမရှိ
ဂရုစိုက်သူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရင်ကထက် ချစ်စရာကောင်းလာတဲ့ မေခလာတို့ရဲ့ သမီးလေးကို အချစ်ပိုကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်