အလုပ် လာခေါ်သူတိုင်းကို တစ်နာရီကို(၃)သိန်းတော့ သက်မှတ်ထားတယ်လို့ ​ပြောပြလာခဲ့တဲ့ အလှမယ်သင်းသင်းရဲ့ (ရုပ်​သံဖိုင်​)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အိမ်လခတောင် ပိုက်ဆံမရှိတော့လို့ မပေးနိုင်တော့တဲ့ အကြောင်း ဝမ်းနည်းစွာပြောပြလာတဲ့ အလှမယ်သင်းသင်း၊ သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။ ယခု ကိုဗစ်ကာလမှာတော့ အနုပညာရှင်အများစုဟာဝင်ငွေရပ်တန့်သွားကာ
ရုန်းကန်နေခဲ့ရတာ ဖြစ်ပြီး ဒီလိုရုန်းကန်ရတဲ့ထဲမှာ သင်းသင်းလည်း ပါဝင်လာခဲ့ပါတယ်။ သင်းသင်းကတော့ လက်ရှိကိုဗစ်မှာ ပိုက်ဆံမရှိတော့လို့ အိမ်လခ မပေးနိုင်တော့တဲ့အတွက် ရွာပြန်ရတော့မယ်လို့ ဖွင့်ဟလာခဲ့တာပါ။
“ကားလမ်းတွေ မြန်မြန်ပြန် ဖွင့်ပါစေလို့ပဲ ဆုတောင်းပါတယ်၊ နောက်ထပ်ခြောက်လ အိမ်စာချုပ်ချုပ်ဖို့အတွက် အဆင်မပြေဘူး၊ ဘာလို့လဲဆိုရင် ကိုယ့်ကိုမှီခိုနေတဲ့ မိသားစုကလည်း ရှိသေးတယ်၊ စုဆောင်းထားတာမျိုးလည်းမဖြစ်တဲ့အတွက်
အိမ်မှာပြန်နေမယ်လို့ပဲ စဉ်းစားထားတယ်” လို့ဆို လာခဲ့တာဖြစ်ပါတယ်။ “အမက ဒီကိုဗစ်ကို ကျော်ဖြတ်ဖို့ Plan ရယ်လို့မရှိပါဘူး။ အမတိုက်ခန်း ၆ လစာပေးပြီး စာချုပ်ချုပ်လိုက်တဲ့အချိန်မှာ ဒီကိုဗစ်ကြီး ပြန်ဖြစ်လာတာဆိုတော့
လူက ပြင်ဆင်လို့ရတာမျိုးလည်းမရှိဘူး။ ပထမလှိုင်းတုန်းက ဈေးရောင်းတာအဆင်ပြေပေမယ့် အခုကျတော့ ဈေးရောင်းရမှာက အားနာနေပြီ ဘာရောင်းရောင်း အားပေးကြတဲ့သူတွေရှိပေမယ့် အကုန်လုံးက ခက်ခဲနေကြတာဆိုတော့
မရောင်းချင်တော့တာပါ ထောက်ပံ့ပေးနေတဲ့ သူတွေလည်းရှိပေမယ့် ဒီလိုမျိုးကြီးကျအဆင်မပြေဘူးလေ” လို့ သူမအနေနဲ့ ရွာပြန်ဖို့ဆုံးဖြတ်ထားတဲ့ အကြောင်းအရင်းကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ သင်းသင်းကတော့ ကိုဗစ်ဒုတိယလှိုင်းရဲ့
ရိုက်ခတ်မှုဒဏ်ကြောင့် ရွာပြန်နေဖို့ စဉ်းစားနေတဲ့အ ကြောင်း ပြောပြသွားခဲ့တာပါနော်။ သင်းသင်းတစ်ယောက် အမြန်ဆုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါရစေနော်။ ခရက်ဒစ်