ချစ်​သမီးလေးတောင်းဆိုတိုင်း လိုက်ပြီးမလုပ်ပေးဖြစ်တဲ့အကြောင်းကို ပြောပြလာခဲ့တဲ့ အေသင်ချိုဆွေ
ပြီးတော့တခုခုဆို ဆူတယ် အပြစ်ပေးတယ် သူတောင်းဆိုတာတွေလိုက်ပြီးမလုပ်ပေးဘူး အဲ့လို ပုံစံနဲ့ပဲသွားတာပေါ့ အမေနဲ့သမီးဆိုတာထက်ကို သူငယ်ချင်းပေါင်းပေါင်းတာပေါ့ကိုယ်နဲ့သူက စိတ်ကြီးတာချင်းလည်းတူတယ်နည်းနည်း Strong ဖြစ်တာလည်းတူတယ် သူပြုတ်ကျသွားပြီဆိုရင်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အဆိုတော်အေသင်ချိုဆွေကတော့ ချစ်ရတဲ့သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေး ကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ တစ်ကိုယ်တော် သီချင်းခွေ ၂ ခွေ ထွက်ရှိခဲ့ပြီးနောက် အနုပညာလောကနဲ့ ခဏဝေးကွာသွားခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့သီချင်းကောင်းများနဲ့ အတူ
ပြန်လည် ရောက်ရှိလာပြီးလက်ရှိမှာလည်း အနုပညာအလုပ်တွေကို အားကြိုး မာန်တက်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ယခုကိုဗစ်ကာလမှာတော့ အေသင်ချိုဆွေဟာ သမီးလေးအိုင်ဗီကို ပိုမိုအချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ် သူမအနေနဲ့ အိုင်ဗီလေးကို ထိန်းကျောင်းရာမှာအလိုမလိုက်ပဲ
သမီးလေးတောင်းဆိုတဲ့အတိုင်းလိုက်မလုပ်ပေးဖြစ်ဘူးလို့လည်းဆိုပါတယ်။ ကလေးတွေကို သူတို့လုပ်ချင်တာ သူတို့ပေးလုပ်တာကောင်းပါတယ် ပြီးမှ အပြစ်ပေးတာမျိုး လုပ်ချင်လုပ်ပေါ့နော် အိမ်မှာတော့ သူ့ကိုစိတ်ကြိုက်ပေးလုပ်ခိုင်းထားတာပဲ ဆုံးမရတဲ့အချိန် တွေလည်းရှိတာပေါ့။
စကားပြောရတာပေါ့ အမှန်တကယ်ကတော့ ဆုံးမတာထက် စကားပြောရတာပေါ့အဲ့လိုအချိန်တွေမှာ သူ့ကို ပြောပြတယ်သူစပြီးတော့ အပြစ်လုပ်လုပ်ချင်းတုန်းကတော့ ငြိမ်ငြိမ်မနေဘူး ဟိုလျှောက်ပြေး ဒီလျှောက်ပြေးနဲ့ပေါ့ လူကြီးတွေရဲ့ Attention လိုချင် တာလည်းပါမှာပေါ့။
သူက Smart ဖြစ်တာတော့တော်တော်ဖြစ်တယ် ဉာဏ်အရမ်းကောင်းတယ် ကြီးလို့ရှိရင် အမေ ကို ပြန်ဆရာလုပ်မယ့်ထဲမှာပါတယ် အဓိကက ဒီဘက်ခေတ်ကလေးတွေက ဟိုဟာမလုပ်နဲ့ ဒီဟာ မလုပ်နဲ့ဆိုပိုလုပ်တယ် ကိုယ့်တုန်းကလဲ အဲ့လိုပဲဆိုတော့ သူ့ကိုအကုန်လုပ်ခွင့်ပေးထားတယ်။
ပြီးတော့တခုခုဆို ဆူတယ် အပြစ်ပေးတယ် သူတောင်းဆိုတာတွေလိုက်ပြီးမလုပ်ပေးဘူး အဲ့လို ပုံစံနဲ့ပဲသွားတာပေါ့ အမေနဲ့သမီးဆိုတာထက်ကို သူငယ်ချင်းပေါင်းပေါင်းတာပေ့ါကိုယ်နဲ့သူက စိတ်ကြီးတာချင်းလည်းတူတယ်နည်းနည်း Strong ဖြစ်တာလည်းတူတယ် သူပြုတ်ကျသွားပြီဆိုရင်
သူ့ကိုရီရင်သူမကြိုက်ဘူး စိတ်ဆိုးတယ် သူကစိတ်ကလည်းအရမ်းကောက်တတ်တယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ အိုင်ဗီလေးကို ထိန်းကျောင်းတဲ့သူ့ရဲ့ပုံစံလေးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်။ ခရက်ဒစ်