(၂၀၂၀) ခုနှစ်​ရဲ့အလှဆုံးသတို့သမီးလေးအဖြစ် မြင်တွေ့ခွင့်​ရ​တော့မယ့်​ အကယ်​ဒမီမင်းသမီး​ချော​လေး ဝတ်မှုန်ရွှေရည်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ဝတ်မှုန်ရွှေရည်လို့ခေါ်တဲ့ မင်းသမီးလေးကတော့ ဘာဘီအရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းတဲ့ လှပမှုလေးတွေနဲ့ မြင်လိုက်တိုင်းမှာရင်ခုန်အောင် လုပ်နိုင်သူပါပဲ ပရိသတ်ကြီးရေ။
လတ်တလောမှာတော့ ခမ်းနားစွာလှပလွန်းတဲ့ သူမရဲ့အလှတွေနဲ့ ပရိသတ်တွေကို ထပ်မံဖမ်းစားလိုက်ပြန်ပါပြီနော်။ ကြည်လင်အေးချမ်းပြီး ခမ်းနားတဲ့ မြန်မာသတို့သမီးဝတ်စုံလေးအဖြစ်
Sweet And Smart Fashion Collection ဖန်တီးပုံဖော်ပေးခဲ့ပြီး မြန်မာထိုင်မသိမ်းရဲ့ ရေသီနား၊ ရင်ခံ၊အပေါ်ရုံ အားလုံကို အရင်မူအတိုင်း ဖန်တီးပေးထားပြီး ပုဝါမှာအနည်းငယ်
ဆန်းသစ်တီထွင်ခွဲထွက်ပေးထားတဲ့မြန်မာသတို့သမီးဝတ်စုံလေးကို ချပြလာခဲ့ပါတယ်။ သတို့သမီးဝတ်စုံကိုဗိုလ်ဆန်ဆန်လေး မြင်စေချင်တဲ့ idea လေးနဲ့ချုပ်လုပ်ခဲ့ပြီး ပုဝါရဲ့အထပ်အထပ်ကို
ရွှေဘူးနွယ်၊ရွှေ crystal များအပြင် Ostic feather လေးတွေနဲ့ အလှဆင်ပေးထားတဲ့အပြင် ဝတ်မှုန်ရွှေရည် ဝတ်လိုက်တဲအခါမှာတော့ ဝတ်စုံရဲ့ခမ်းနားလှပမှုနဲ့ သူမရဲ့ အလှတရားက
စာဖွဲ့မမီနိုင်တော့ပါဘူး ပရိသတ်ကြီးရေ။ အရမ်းကိုလှပပြီး ကျက်သရေရှိလွန်းတဲ့အပြင် နန်းဆန်လွန်းတဲ့ သူမရဲ့အလှတရားကို ပရိသတ်တွေက တော့ အရမ်းကို သဘောကျနေကြတာပါ။
ဝတ်စုံရောလူရော ပြောစရာမလိုအောင်လှနေတဲ့အကြောင်းကိုလည်း ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။ ကစ်ရဲ့ပရိသတ်ကြီးလည်း အရမ်းလှတဲ့ သတို့သမီးလေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။