အြန္လိုင္းစာမ်က္ႏွာ​ေ​ပၚမွာ ေငြအတုေရာင္းသည္ ဆို​ေသာသူေတြကို ဖမ္းလိုက္ၿပီ

၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၂၂ ရက္တြင္ လူမွုကြန္ရက္စာမ်က္ႏွာ၌ “ေငြအတုသည္”အေကာင့္မွ “ေငြအတုဝယ္လိုေသာမိတ္ေဆြမ်ားဆက္သြယ္ရန္ ဖုန္းအမွတ္ ၀၉၆၇၈၅၀၇၅၁၉”ဟု ေဖာ္ျပထားသည္ကိုေတြ႕ရွိရ၍ ျမန္မာနိုင္ငံရဲတပ္ဖြဲ႔၊ မွုခင္းရဲတပ္ဖြဲ႕မွ ဝယ္ယူသူတစ္ဦးအျဖစ္

အသြင္ယူ၍အဆိုပါ ဖုန္းနံပါတ္သို့ ဆက္သြယ္စုံစမ္းေမးျမန္းခဲ့ရာ “ေငြအစစ္ကိုအတု ၆ ဆ ႏွုန္းျဖင့္ လဲလွယ္ေပးေၾကာင္း၊ လုံျခဳံေရးႀကိဳး၊ ဗဟိုဘဏ္တံဆိပ္မ်ားပါရွိေၾကာင္း၊ မွာယူလိုပါကဖုန္းအမွတ္ ၆၇၈၅၀၇၅၁၉ သို့Wave Money ျဖင့္ ေငြလႊဲပို့ရန္” ညႇိႏွိုင္းေျပာၾကားသျဖင့္

ေအာက္တိုဘာလ ၂၄ ရက္ေန႔ ေန႔လည္ ၃ နာရီခန႔္တြင္ေငြက်ပ္ ၁ သိန္းဖိုးဝယ္ယူမည္ျဖစ္ေၾကာင္းညႇိႏွိုင္းေျပာဆိုေငြလႊဲေပးခဲ့ၿပီးေငြထုတ္ယူမွုအားစုံစမ္းေစာင့္ၾကည့္ခဲ့ရာစလင္းၿမိဳ့နယ္၊ ဆင္ျဖဴကၽြန္းၿမိဳ့၊ သစၥာၿမိဳင္ရပ္ကြက္ရွိဖုန္းေရာင္း/ဝယ္ႏွင့္Wave Money လုပ္ငန္းလုပ္ကိုင္သည့္

“Sony” ေဈးဆိုင္သို့ စလင္းၿမိဳ့နယ္၊ မက်ီးကုန္းေက်းရြာေနသူမ်ားျဖစ္သည့္ေဌးျမင့္ဦး(ခ)ဖိုးနန္း (ဖ)ဦးေအာင္ေအာင္ႏွင့္ မင္းမင္း (ဖ)ဦးသန္းဝင္းတို့ ၂ ဦးမွ လာေရာက္ထုတ္ယူသြားေၾကာင္းသိရွိရ၍ ေနအိမ္မ်ားသို့ဝင္ေရာက္ရွာေဖြရာ၎တို့ ၂ ဦးအား Wave Moneyလက္ခံထားသည့္

Message မ်ားႏွင့္ “ေငြအတုသည္” Facebook အေကာင့္အသုံးျပဳသည့္ဖုန္းအမွတ္၀၉ ၆၇၈၅၀၇၅၁၉ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင္းကတ္ ၄ ခုပါဖုန္း၃ လုံး၊ ေငြ ၂၅၀၀၀ က်ပ္ႏွင့္ ဆိုင္ကယ္ ၁ စီးတို့ႏွင့္အတူဖမ္းဆီးရမိခဲ့ပါသည္။ တရားခံ ၂ ဦး၏

ေနအိမ္မ်ားတြင္ ေငြစကၠဴအတုမ်ားႏွင့္ ဆက္စပ္ပစၥည္းတစ္စုံတစ္ရာေတြ႕ရွိျခင္းမရွိဘဲ၎တို့သည္ “ေငြအတုသည္” အေကာင့္ျဖင့္ Onlineမွတစ္ဆင့္ ေငြတုမ်ားေရာင္းခ်သည္ဟုလိမ္လည္ေျပာဆို၍ကိုဗစ္-၁၉ ကူးစက္ေရာဂါျဖစ္ပြားေနခ်ိန္ ျပည္သူလူထုအခက္အခဲအေပၚ

အခြင့္ေကာင္းယူကာျပည္သူမ်ား၏ေငြေၾကးကိုလိမ္လည္ရယူေနသူမ်ားျဖစ္ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ဥပေဒႏွင့္အညီအေရးယူေဆာင္ရြက္ခဲ့ၿပီးျပည္သူလူထုအတြင္းသတိျပဳဆင္ျခင္နိုင္ေစရန္ႏွင့္ ေငြစကၠဴအတုမ်ားေဖာင္းပြမွုမရွိေစေရး၊

မလိုလားအပ္သည့္ ျပႆနာမ်ားမျဖစ္ေပၚေစေရးျမန္မာနိုင္ငံရဲတပ္ဖြဲ႕ကလည္းေစာင့္ၾကည့္သတင္းရယူႀကိဳတင္ထိန္းခ်ဳပ္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းအသိေပးအပ္ပါသည္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ “ငွေအတုသည်”အကောင့်မှ “ငွေအတုဝယ်လိုသောမိတ်ဆွေများဆက်သွယ်ရန် ဖုန်းအမှတ် ၀၉၆၇၈၅၀၇၅၁၉”ဟု ဖော်ပြထားသည်ကိုတွေ့ရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှ ဝယ်ယူသူတစ်ဦးအဖြစ်

အသွင်ယူ၍အဆိုပါ ဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာ “ငွေအစစ်ကိုအတု ၆ ဆ နှုန်းဖြင့် လဲလှယ်ပေးကြောင်း၊ လုံခြုံရေးကြိုး၊ ဗဟိုဘဏ်တံဆိပ်များပါရှိကြောင်း၊ မှာယူလိုပါကဖုန်းအမှတ် ၆၇၈၅၀၇၅၁၉ သို့Wave Money ဖြင့် ငွေလွှဲပို့ရန်” ညှိနှိုင်းပြောကြားသဖြင့်

အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင်ငွေကျပ် ၁ သိန်းဖိုးဝယ်ယူမည်ဖြစ်ကြောင်းညှိနှိုင်းပြောဆိုငွေလွှဲပေးခဲ့ပြီးငွေထုတ်ယူမှုအားစုံစမ်းစောင့်ကြည့်ခဲ့ရာစလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်ရှိဖုန်းရောင်း/ဝယ်နှင့်Wave Money လုပ်ငန်းလုပ်ကိုင်သည့်

“Sony” ဈေးဆိုင်သို့ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေသူများဖြစ်သည့်ဌေးမြင့်ဦး(ခ)ဖိုးနန်း (ဖ)ဦးအောင်အောင်နှင့် မင်းမင်း (ဖ)ဦးသန်းဝင်းတို့ ၂ ဦးမှ လာရောက်ထုတ်ယူသွားကြောင်းသိရှိရ၍ နေအိမ်များသို့ဝင်ရောက်ရှာဖွေရာ၎င်းတို့ ၂ ဦးအား Wave Moneyလက်ခံထားသည့်

Message များနှင့် “ငွေအတုသည်” Facebook အကောင့်အသုံးပြုသည့်ဖုန်းအမှတ်၀၉ ၆၇၈၅၀၇၅၁၉ ၀၉ ၆၈၂၄၇၁၀၈၆၊ ၀၉ ၈၈၉၈၇၅၈၈၁၊ ၀၉ ၂၅၅၇၅၀၈၂၃ ဆင်းကတ် ၄ ခုပါဖုန်း၃ လုံး၊ ငွေ ၂၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ၁ စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ တရားခံ ၂ ဦး၏

နေအိမ်များတွင် ငွေစက္ကူအတုများနှင့် ဆက်စပ်ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ၎င်းတို့သည် “ငွေအတုသည်” အကောင့်ဖြင့် Onlineမှတစ်ဆင့် ငွေတုများရောင်းချသည်ဟုလိမ်လည်ပြောဆို၍ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေချိန် ပြည်သူလူထုအခက်အခဲအပေါ်

အခွင့်ကောင်းယူကာပြည်သူများ၏ငွေကြေးကိုလိမ်လည်ရယူနေသူများဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ခဲ့ပြီးပြည်သူလူထုအတွင်းသတိပြုဆင်ခြင်နိုင်စေရန်နှင့် ငွေစက္ကူအတုများဖောင်းပွမှုမရှိစေရေး၊

မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးမြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းစောင့်ကြည့်သတင်းရယူကြိုတင်ထိန်းချုပ်အရေးယူဆောင်ရွက်လျက်ရှိကြောင်းအသိပေးအပ်ပါသည်။ ခရက်ဒစ်