သြားခ်င္တာမသြားရ စားခ်င္တာမစားရနဲ႔မုိ႔ ကိုဗစ္ကာလၾကီးမွာ စိတ္ဓာတ္ေတြက်ေနတယ္လုိ႔ ရင္​ဖြင္​့ကာ​ေျပာျပလာတဲ့ ဖိုက္တင္မင္းသားႀကီး စိုင္းသီဟရဲ႕ (႐ုပ္​သံ)

ပရိသတ္ႀကီးတို႔ေရ တစ္ေခတ္တစ္ခါက ဗီဒီဗီယိုေခတ္မွာ နာမည္ေက်ာ္ၾကားလူႀကိဳက္မ်ားခဲ့တဲ့ ဖိုက္တင္မင္းသားႀကီး စိုင္းသီဟကိုေတာ့ ပရိသတ္အားလုံး မွတ္မိၾကအုံးမယ္ ထင္ပါတယ္။  စိုင္းသီဟ ဟာဆိုရင္ ေယာက်ာ္းဆန္တဲ့ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ ေျပာင္ေျမာက္လွတဲ့

အက္ရွင္သ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ အရင္တစ္ခ်ိန္က ျမန္မာကားခ်စ္သူေတြၾကား အင္မတန္မွ လူႀကိဳက္မ်ားခဲ့တဲ့ ဗီဒီယိုမင္းသားတစ္လက္ ဆိုရင္လည္း မမွားပါဘူးေနာ္။ အခုေနာက္ပိုင္းမွာေတာ့ စိုင္းသီဟက ႐ုပ္ရွင္အႏုအညာေလာကနဲ႔ အနည္းငယ္ေဝးကြာေနခဲ့တာျဖစ္ၿပီး

မီဒီယာေတြေပၚမွာလည္း အေတြ႔ရနည္းတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ စိုင္းသီဟက ကိုဗစ္ဒုတိယလႈိင္း စျဖစ္လာတဲ့အခ်ိန္မွာ စိတ္ဓာတ္လည္းက်မိၿပီး ေၾကာက္လည္းေၾကာက္မိတဲ့အေၾကာင္း ရင္ဖြင့္ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။  စိုင္းသီဟတစ္ေယာက္႐ုပ္ရွင္အစည္းအ႐ုံးက

ျပဳလုပ္တဲ့ ဇာတ္ပို႔ဇာတ္ရံအလႊာမွ အကူအညီ လိုအပ္ေနသူေတြကို လႉဒါန္းေငြေပးအပ္တဲ့ အစီအစဥ္ေလးကို လာေရာက္ပါဝင္ေနခိုက္ ေမးျမန္းထားတာပဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္အစည္းအ႐ုံးက အခုလို ကူညီလႉဒါန္းေပးတဲ့အတြက္ အသုံးစရိတ္ျပတ္ေနတဲ့ ဇာတ္ပို႔အလႊာကလူေတြအတြက္

နည္းနည္းပါးပါးအေထာက္အကူရတာေပါ့လို႔ စိုင္းသီဟက ေက်းဇူးတင္စကားဆိုလိုက္ပါတယ္။ အခုေနာက္ပိုင္းမွာလည္း မျပည့္စုံသူေတြရဲ႕ လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပး ေနတဲ့ အဖြဲ႕အစည္းေတြ မ်ားျပားလာတဲ့အတြက္ ဒုကၡေရာက္ေနတဲ့သူေတြအေနနဲ႔ အနည္းငယ္​ေတာ့

အသက္ရွဴေခ်ာင္လာတယ္လို႔ စိုင္းသီဟက သူ႔ရဲအျမင္ကို ေျပာပါတယ္။ စိုင္းသီဟအေနနဲ႔လည္း ကိုဗစ္ကာလအတြင္းမွာ ႏိုင္ငံေတာ္ကခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း ေနထိုင္ေနရၿပီး အစပိုင္းမွာေတာ့ သိပ္ၿပီး စိတ္ထဲမရွိေပမယ့္ ေနာက္ပိုင္းဒုတိယလႈိင္းျဖစ္လာတဲ့

အခ်ိန္မွာေတာ့ ေၾကာက္လာမိတယ္လို႔ ရယ္ရယ္ေမာေမာနဲ႔ ရင္ဖြင့္ေျပာၾကားလာပါတယ္။  “ပထမျဖစ္တုန္းကေတာ့ ေခါင္းထဲမွာလည္း သိပ္မရွိဘူး ပုံမွန္လိုပဲ စားလိုက္ေသာက္လိုက္နဲ႔ အခုေနာက္ပိုင္းက်မွ နည္းနည္းေလး ေၾကာက္လာတယ္” စိုင္းသီဟတစ္ေယာက္ သြားခ်င္တာမသြားရ၊

လုပ္ခ်င္တာမလုပ္ရနဲ႔ ဒီကာလအတြင္း အိမ္ထဲမွာပဲ ေနေနရတဲ့အတြက္ စိတ္ဓာတ္ေတာင္ အနည္းငယ္က်မိတယ္လို႔ ဆိုလာပါတယ္။ သူ႔အေနနဲ႔ အႏုပညာလုပ္ငန္းေတြကိုလည္း ဆက္လက္လုပ္ကိုင္လိုတဲ့ ဆႏၵရွိတဲ့အတြက္ အခုလိုနားနားေနေန ေနရတဲ့ကာလအတြင္းမွာ

ႏိုင္ငံျခားအက္ရွင္ဇာတ္ကားေတြ ေလ့လာၾကည့္ရႈျဖစ္ေနၿပီး ေလ့က်င့္ေရးလည္းဆင္းျဖစ္တယ္လို႔ ေျပာျပပါတယ္။ အခုေနာက္ပိုင္း ကား႐ိုက္ေတြနည္းလာရတဲ့ အေပၚမွာလည္း စိုင္းသီဟက အခုလိုပဲရယ္ေမာၿပီး ေျပာျပခဲ့ပါတယ္။ “မထြက္တာလား မ႐ိုက္ျဖစ္တာလားေတာင္မသိဘူး။

အရင္တုန္းကေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း ပါဝင္ၿပီးလုပ္ခဲ့ရတယ္၊ အခုေနာက္ပိုင္းလည္း လုပ္ေတာ့ လုပ္ေနၾကတာပါပဲ အကိုတို႔မပါတာေပါ့” ျမန္မာ့႐ုပ္ရွင္ေတြက ေကာင္းတဲ့႐ုပ္ရွင္ေတြလည္း ေကာင္းသလို လိုအပ္ခ်က္ေတြလည္း ရွိေနေသးၿပီး အရင္တုန္းကနဲ႔ေတာ့ အမ်ားႀကီးကြာသြားၿပီလို႔

စိုင္းသီဟက ေဝဖန္ေထာက္ျပလိုက္ပါတယ္။ ႏိုင္ငံေရးနဲ႔ ပတ္သတ္ၿပီးေတာ့လည္း အရင္တုန္းကထက္ ပိုေကာင္းလာလိမ့္မယ္လို႔ စိုင္းသီဟက ေမွ်ာ္လင့္ထားၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ တိုင္းျပည္ေအးခ်မ္းမွ အႏုပညာသမားေတြတင္မကပဲ အလႊာအသီးသီးက

တိုင္းသူျပည္သားအားလုံး အဆင္​ေျပလာလိမ့္မယ္လို႔ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ဆက္စပ္ေျပာျပခဲ့ပါတယ္။  “ပိုေကာင္းလာလိမ့္မယ္လို႔ေတာ့ ထင္ပါတယ္… ဆိုးတဲ့အရာကိုေတာ့ ဘယ္သူမွလုပ္ေတာ့မွာ မဟုတ္ဘူး” ပရိသတ္ႀကီးတို႔ေရတစ္ခ်ိန္ကအက္ရွင္

ဗီဒီယိုကားေတြနဲ႔ ေအာင္ျမင္ေက်ာ္ၾကားလူႀကိဳက္မ်ားခဲ့တဲ့ ဖိုက္တင္မင္းသားႀကီး စိုင္းသီဟ ဟာဆိုရင္ အခြင့္အေရးေပးရင္ေပးသလို အႏုပညာအလုပ္ေတြကိုဆက္လက္လုပ္ကိုင္လိုပါတယ္တဲ့ေနာ္။ အကယ္၍မ်ား စိုင္းသီဟတစ္ေယာက္ အႏုပညာေလာကထဲကိုျပန္လည္ၿပီး

ဝင္ေရာက္ျဖစ္လာခဲ့ရင္ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အက္ရွင္ကားေကာင္းေလးေတြကို ၾကည့္ရႈအားေပးၾကပါအုံးလို႔ တိုက္တြန္းလိုက္ရပါတယ္။  ပရိသတ္ႀကီးတို႔လည္း ကိုဗစ္ကာအတြင္းမွာ

က်န္းမာခ်မ္းသာၿပီးေတာ့ ေဘးဘယာကင္းေဝးၾကပါေစလို႔ စိုင္းသီဟက ဆုေတာင္းစကားဆိုလိုက္ပါတယ္။ အခ်ိန္ေပးၿပီးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ပရိသတ်ကြီးတို့ရေ တစ်ခေတ်တစ်ခါက ဗီဒီဗီယိုခေတ်မှာ နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ ဖိုက်တင်မင်းသားကြီး စိုင်းသီဟကိုတော့ ပရိသတ်အားလုံး မှတ်မိကြအုံးမယ် ထင်ပါတယ်။  စိုင်းသီဟ ဟာဆိုရင် ယောကျာ်းဆန်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပြောင်မြောက်လှတဲ့

အက်ရှင်သရုပ်ဆောင်ချက်များကြောင့် အရင်တစ်ချိန်က မြန်မာကားချစ်သူတွေကြား အင်မတန်မှ လူကြိုက်များခဲ့တဲ့ ဗီဒီယိုမင်းသားတစ်လက် ဆိုရင်လည်း မမှားပါဘူးနော်။ အခုနောက်ပိုင်းမှာတော့ စိုင်းသီဟက ရုပ်ရှင်အနုအညာလောကနဲ့ အနည်းငယ်ဝေးကွာနေခဲ့တာဖြစ်ပြီး

မီဒီယာတွေပေါ်မှာလည်း အတွေ့ရနည်းတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ စိုင်းသီဟက ကိုဗစ်ဒုတိယလှိုင်း စဖြစ်လာတဲ့အချိန်မှာ စိတ်ဓာတ်လည်းကျမိပြီး ကြောက်လည်းကြောက်မိတဲ့အကြောင်း ရင်ဖွင့်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။  စိုင်းသီဟတစ်ယောက်ရုပ်ရှင်အစည်းအရုံးက

ပြုလုပ်တဲ့ ဇာတ်ပို့ဇာတ်ရံအလွှာမှ အကူအညီ လိုအပ်နေသူတွေကို လှူဒါန်းငွေပေးအပ်တဲ့ အစီအစဉ်လေးကို လာရောက်ပါဝင်နေခိုက် မေးမြန်းထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးက အခုလို ကူညီလှူဒါန်းပေးတဲ့အတွက် အသုံးစရိတ်ပြတ်နေတဲ့ ဇာတ်ပို့အလွှာကလူတွေအတွက်

နည်းနည်းပါးပါးအထောက်အကူရတာပေါ့လို့ စိုင်းသီဟက ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ အခုနောက်ပိုင်းမှာလည်း မပြည့်စုံသူတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေး နေတဲ့ အဖွဲ့အစည်းတွေ များပြားလာတဲ့အတွက် ဒုက္ခရောက်နေတဲ့သူတွေအနေနဲ့ အနည်းငယ်တော့

အသက်ရှူချောင်လာတယ်လို့ စိုင်းသီဟက သူ့ရဲအမြင်ကို ပြောပါတယ်။ စိုင်းသီဟအနေနဲ့လည်း ကိုဗစ်ကာလအတွင်းမှာ နိုင်ငံတော်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေထိုင်နေရပြီး အစပိုင်းမှာတော့ သိပ်ပြီး စိတ်ထဲမရှိပေမယ့် နောက်ပိုင်းဒုတိယလှိုင်းဖြစ်လာတဲ့

အချိန်မှာတော့ ကြောက်လာမိတယ်လို့ ရယ်ရယ်မောမောနဲ့ ရင်ဖွင့်ပြောကြားလာပါတယ်။  “ပထမဖြစ်တုန်းကတော့ ခေါင်းထဲမှာလည်း သိပ်မရှိဘူး ပုံမှန်လိုပဲ စားလိုက်သောက်လိုက်နဲ့ အခုနောက်ပိုင်းကျမှ နည်းနည်းလေး ကြောက်လာတယ်” စိုင်းသီဟတစ်ယောက် သွားချင်တာမသွားရ၊

လုပ်ချင်တာမလုပ်ရနဲ့ ဒီကာလအတွင်း အိမ်ထဲမှာပဲ နေနေရတဲ့အတွက် စိတ်ဓာတ်တောင် အနည်းငယ်ကျမိတယ်လို့ ဆိုလာပါတယ်။ သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်လိုတဲ့ ဆန္ဒရှိတဲ့အတွက် အခုလိုနားနားနေနေ နေရတဲ့ကာလအတွင်းမှာ

နိုင်ငံခြားအက်ရှင်ဇာတ်ကားတွေ လေ့လာကြည့်ရှုဖြစ်နေပြီး လေ့ကျင့်ရေးလည်းဆင်းဖြစ်တယ်လို့ ပြောပြပါတယ်။ အခုနောက်ပိုင်း ကားရိုက်တွေနည်းလာရတဲ့ အပေါ်မှာလည်း စိုင်းသီဟက အခုလိုပဲရယ်မောပြီး ပြောပြခဲ့ပါတယ်။ “မထွက်တာလား မရိုက်ဖြစ်တာလားတောင်မသိဘူး။

အရင်တုန်းကတော့ တော်တော်များများလည်း ပါဝင်ပြီးလုပ်ခဲ့ရတယ်၊ အခုနောက်ပိုင်းလည်း လုပ်တော့ လုပ်နေကြတာပါပဲ အကိုတို့မပါတာပေါ့” မြန်မာ့ရုပ်ရှင်တွေက ကောင်းတဲ့ရုပ်ရှင်တွေလည်း ကောင်းသလို လိုအပ်ချက်တွေလည်း ရှိနေသေးပြီး အရင်တုန်းကနဲ့တော့ အများကြီးကွာသွားပြီလို့

စိုင်းသီဟက ဝေဖန်ထောက်ပြလိုက်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သတ်ပြီးတော့လည်း အရင်တုန်းကထက် ပိုကောင်းလာလိမ့်မယ်လို့ စိုင်းသီဟက မျှော်လင့်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တိုင်းပြည်အေးချမ်းမှ အနုပညာသမားတွေတင်မကပဲ အလွှာအသီးသီးက

တိုင်းသူပြည်သားအားလုံး အဆင်ပြေလာလိမ့်မယ်လို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်စပ်ပြောပြခဲ့ပါတယ်။  “ပိုကောင်းလာလိမ့်မယ်လို့တော့ ထင်ပါတယ်… ဆိုးတဲ့အရာကိုတော့ ဘယ်သူမှလုပ်တော့မှာ မဟုတ်ဘူး” ပရိသတ်ကြီးတို့ရေတစ်ချိန်ကအက်ရှင်

ဗီဒီယိုကားတွေနဲ့ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ ဖိုက်တင်မင်းသားကြီး စိုင်းသီဟ ဟာဆိုရင် အခွင့်အရေးပေးရင်ပေးသလို အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လိုပါတယ်တဲ့နော်။ အကယ်၍များ စိုင်းသီဟတစ်ယောက် အနုပညာလောကထဲကိုပြန်လည်ပြီး

ဝင်ရောက်ဖြစ်လာခဲ့ရင် သူပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းလေးတွေကို ကြည့်ရှုအားပေးကြပါအုံးလို့ တိုက်တွန်းလိုက်ရပါတယ်။  ပရိသတ်ကြီးတို့လည်း ကိုဗစ်ကာအတွင်းမှာ

ကျန်းမာချမ်းသာပြီးတော့ ဘေးဘယာကင်းဝေးကြပါစေလို့ စိုင်းသီဟက ဆုတောင်းစကားဆိုလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ခရက်ဒစ်