ကားဝယ္ၿပီးသူတိုင္း သြား​ေရာက္​ကာ ဦးတိုက္ေနတဲ့ ေရႊေညာင္ပင္ဘိုးဘိုးႀကီးရဲ႕ ေနာက္ကြယ္က သမိုင္းအမွန္

၁၉၃၅ ေလာက္က ရန္ကုန္ ပဲခူး လမ္းမေပၚ ေထာက္ၾကန႔္နားမွာ ေညာင္ပင္ႀကီးတစ္ပင္ရွိသတဲ့။ အဲ့ဒီေညာင္ပင္ေဘးမွာပထမကမာၻစစ္ျပန္ အဘိုးႀကီးတစ္ေယာက္ရဲ႕ကားဝပ္ေရွာ့တဲက‌ေလးရွိတယ္။

အဘိုးႀကီးေသသြားတဲ့အခါအဲ့ဒီေညာင္ပင္ႀကီးနားမွာကားေတြမၾကာခဏပ်က္တတ္တယ္။ ေညာင္ပင္ႀကီးကို ပါလာတဲ့ထမင္း၊ ဟင္း၊ မုန႔္ေလးေတြပသၿပီး ေတာင္းပန္လိုက္ရင္

ကားေတြက ျပန္ေကာင္းသြားေရာတဲ့ေလ။ ဝပ္ေရွာ့ဆရာႀကီးက နတ္ျဖစ္ၿပီး ဂြင္ဖန္တာေနမယ္လို႔ ကားသမားေတြက ယူဆၾကတယ္။ ၁၉၄၂ ခုႏွစ္မွာ ေဒၚေအးရင္ဆိုတဲ့ ဘြားေတာ္က

အဲ့ဒီေညာင္ပင္မွာ ေ႐ႊေညာင္ပင္ဘိုးဘိုးႀကီး ဆိုၿပီး နတ္ကြန္းေဆာက္လိုက္တယ္။ ေနာက္ပိုင္း ကားေတြ ဝယ္ၿပီးရင္ ဝပ္ေရွာ့ဆရာဘိုးဘိုးႀကီး ကို လာလာျပၾကေတာ့တာတဲ့ေလ။

အခု ေ႐ႊေညာင္ပင္နတ္နန္းသြားၿပီး သမိုင္းေၾကာင္းေမးရင္ေတာ့ ကႆပဘုရားရွင္ကေန အစခ်ီၿပီး ေ႐ႊတိဂုံဘုရားသမိုင္းပါ ဆြဲစိျပလိမ့္မယ္။ ဝပ္ေရွာ့ဆရာႀကီးတို႔ ေဂၚခ်က္ ဗုဒၶဝင္ထဲပါ ေရာက္သြားတာေနာ္။ ခရက္​ဒစ္​ Kyaw Swa Naing

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

၁၉၃၅ လောက်က ရန်ကုန် ပဲခူး လမ်းမပေါ် ထောက်ကြန့်နားမှာ ညောင်ပင်ကြီးတစ်ပင်ရှိသတဲ့။ အဲ့ဒီညောင်ပင်ဘေးမှာပထမကမ္ဘာစစ်ပြန် အဘိုးကြီးတစ်ယောက်ရဲ့ကားဝပ်ရှော့တဲက‌လေးရှိတယ်။

အဘိုးကြီးသေသွားတဲ့အခါအဲ့ဒီညောင်ပင်ကြီးနားမှာကားတွေမကြာခဏပျက်တတ်တယ်။ ညောင်ပင်ကြီးကို ပါလာတဲ့ထမင်း၊ ဟင်း၊ မုန့်လေးတွေပသပြီး တောင်းပန်လိုက်ရင်

ကားတွေက ပြန်ကောင်းသွားရောတဲ့လေ။ ဝပ်ရှော့ဆရာကြီးက နတ်ဖြစ်ပြီး ဂွင်ဖန်တာနေမယ်လို့ ကားသမားတွေက ယူဆကြတယ်။ ၁၉၄၂ ခုနှစ်မှာ ဒေါ်အေးရင်ဆိုတဲ့ ဘွားတော်က

အဲ့ဒီညောင်ပင်မှာ ရွှေညောင်ပင်ဘိုးဘိုးကြီး ဆိုပြီး နတ်ကွန်းဆောက်လိုက်တယ်။ နောက်ပိုင်း ကားတွေ ဝယ်ပြီးရင် ဝပ်ရှော့ဆရာဘိုးဘိုးကြီး ကို လာလာပြကြတော့တာတဲ့လေ။

အခု ရွှေညောင်ပင်နတ်နန်းသွားပြီး သမိုင်းကြောင်းမေးရင်တော့ ကဿပဘုရားရှင်ကနေ အစချီပြီး ရွှေတိဂုံဘုရားသမိုင်းပါ ဆွဲစိပြလိမ့်မယ်။ ဝပ်ရှော့ဆရာကြီးတို့ ဂေါ်ချက် ဗုဒ္ဓဝင်ထဲပါ ရောက်သွားတာနော်။ ခရက်ဒစ် Kyaw Swa Naing