အသက်အရွယ်နဲ့တောင် မလိုက်ပါလား ကလေးရယ် စိတ်မကောင်းလိုက်တာကွယ်

မျက်နှာ​လှမ်းကြည့်တော့ လဲ မျက်နှာကမကောင်းဘူး တစ်ယောက်မှလဲဆိုငိကယ်ကိုရပ်မပေးကြဘူး။ သူ့ကြည့်ပြီးသနားလာတာနဲ့ဆိုင်ကယ်ကိုသူ့ဘေးနားထိုးရပ်ပြီး ကလေးဘာဖြစ်လို့လဲ နေမကောင်းဘူးလားမေးတော့ သူအသက်ရှုတွေကြပ်တယ်တဲ့အသက်ရှုမဝဘူးတဲ့ မောနေရှာတယ်

ချွေးတွေလဲပြန်လို့ သူ့ကိုလမ်းဘေးနေရိပ်တဲ့နေရာခနထိုင်ခိုင်းလိုက်ပြီး ဘာလုပ်ပေးရမလဲမေးတော့ အာဖျန်းဆေး လိုချင်တယ်တဲ့သူ့သုံးနေကျဟာလေးက အိမ်မှာမေ့ကျန်နေခဲ့တာတဲ့သူ့ပိုက်ဆံလေးကြည့်တော့လဲအကြွေလေးတွေပဲရှိရှာတယ်။ ဗန်းထဲမှာလဲသရက်ကင်တွေအများကြီး

ကျန်သေးတယ်၊ ကျွန်တေိာလဲသနားပြီး ကလေးဆေးနာမည်သိလားလို့မေးတော့ သူသိတယ်တဲ့အဲ့တာဆို လာဆိုငိကယ်ပေါ်တတ် သွားဝယ်မယ်ဆိုပြီး​ဆေးဆိုင်မှာ သူ့အတွက်အာဖျန်းဆေးလိုက်ဝယ်ပေးလိုက်တယ်လက်ထဲလဲ6ထောင်ပဲပါခဲ့တာ​ဆေးက4500 ပေးရလို့တော်သေးတယ်

သူအဲ့ဆေးလေးသုံးလိုက်တော့ အရမ်းမသက်သာပေမယ့်ခုနကလောက်မဆိုးတော့ဘူးသူ့အကြောင်းနည်းနည်းမေးကြည့်တော့ သူ့အသက်က၁၂နှစိပဲရှိသေးတယ် 6တန်းတက်နေတာ အဖေမရှိတော့ဘူးတဲ့၊ အမေတော့ရှိတယ်တဲ့ အမတစ်ယောက်လဲရှိတယ်ပြောတယ်။

အမကလဲအိမ်ထောင်ကျသွားတော့ ကလေးနှစ်ယောက်နဲ့အဆင်မပြေဘူး သူ့အမေကလဲသူများတွေကိုလိုက်နှိပ်ပေးရတာတဲ့မိသားစုက အဆင်မပြေဘူးတဲ့နေနေတဲ့အိမ်ကလဲ ကျူးတဲ့ ပိုက်ဆံအကြွေးတွေရှိတယ်တဲ့၊ သရက်ကင်အကုန်ရောင်းကုန်မှနေ့ပြန်တွေအမေကပေးနိုင်မှာတဲ့

ဘယ်ကလာတာလဲမေးတော့ တံခွန်တိုင်ဘက်ကနေလာရတာတဲ့ မနက်ရနာရီ၈နာရီဝန်းကျင်ကနေ တစ်နေကုန်ရောင်းရတာတစ်ခါတစ်လေရောင်းမကုန်ရင် မိုးချုပ်တယ်ပြောတယ်၊ ​ရောင်းမကောင်းတဲ့နေ့ဆိုအိမ်မပြန်ချင်ဘူးတဲ့၊ ​နေ့ပြန်တွေကညကျလာတောင်းကြတာပြောတယ်။

သူဒီကိုအရင်ကတော့ ကားနဲ့လာတာ ခုကားမရှိတော့ဆိုင်ကယ်တက္ကစီ နဲ့လာရတာတဲ့ တက္ကစီ ခနဲ့ကျ ရောငိးရတာအမြတ်သိပ်မကျနိဘူးတဲ့ ရောဂါဖြစ်တော့ မရောင်းရဘူးဝယ်မစားကျဘူးတဲ့ ဒါကုန်အောင်ရောင်းမှဖြစ်မှာစိုp ထသွားဖို့လုပ်နေတော့ မင်းမသွားနဲ့အိမ်ပြန်လိုက်ပို့မယ်

ပြောတော့ သူငြင်းတယ်။ ဒါကုန်မှရမှာတဲ့ သူဇွတ်သွားဖို့လုပ်တယ် မျက်နှာလဲသိပ်မကောင်းတဲ့ ကိုယ်ပူစမ်းကြည့်တော့ကိုယ်တွေပူနေတယ်မင်းနေမကောင်းဘူးလားမေးတော့ သူမနေ့ကမိုးတွေမိတာ သိပ်နေမကောင်းဘူးတဲ့ မင်းအမောဖောက်တာ ဆေးခန်းမပြဘူးလားမေးတော့

သူကုတင်၅၀၀ ကလေးဆေးရုံကိုနှစိခါတတ်ဘူးတယ်။ ပိုက်ဆံမတတ်နိုင်လို့ သူဆေးရုံမသွားနိုင်တော့ဘူးတဲ့ အိမ်ကလဲအကြွေးတွေနဲ့မို့ ဆေးရုံတတ်ဖို့အဆင်မပြေဘူးလေတဲ့ ဒီအာဖျန်း ဆေးလေးနဲ့ပဲအဆင်ပြေပါတယ်တဲ့ ဒီဆေးကတစ်ဘူးဘယ်လောက်ခံလဲမေးတော့

တစ်ပတ်ပဲခံတယ်ပြောတယ် တစ်ပတ်တစ်ခါဝယ်ရတယ်တဲ့ အဲ့တာဆိုငါမင်းကို တစ်ပတ်တစ်ခါဝယ်ပေးမယ်ကူညီမယ် ကျောင်းဖွင့်ရင်လဲ ကျောင်းစာရေးကိရိယာမှန်သမျှ အကုန်ဝယ်ပေးမယ် လို့ ပြောလိုက်တယ်ဘာမှတော့သူပြန်မပြောဘူး သူပြန်တော့မယ်တဲ့ ဒါကုန်အောင်ရောင်းမှဖြစ်မှာ

အမေ့ကို ပိုက်ဆံ​ပေးရမှာဆိုပြီးဇွတိသွားမယ် လုပ်နေတော့ ခနလေးငါသိတဲ့ ပရဟိတ ဆရာဝန်အမဆီကိုဖုနိးဆက်ပြီး အကူအညီတောင်းကြည့်ဦးမယ်ပြောပြီး အမဆီကိုဖုန်းဆက်ပြီးအကျိုးအကြောင်းပြောပြတော့ အမချကိချင်းလာကူညီပေးတယ်ကလေးကအားနည်းနေတာ

ဆေးရုံသွားမှဖြစ်မယ်ဆိုပြီး အိုးဝေနဲ့ကုတင်၅၀၀ကိုသွားပြီး ပြတော့ ကလေးကဒီနေ့မှမသက်သာရင် မနက်ဖြန်ဆေးရုံတင်ရမယ်ပြောတယ် သူဆေးရုံမတတ်ချင်ဘူးတဲ့ သူဆေးရုံတတ်ရင် အမေ့ကိုပိုက်ဆံမပေးနိုင် ရင် နေ့ပြန်သမားတွေက လာကြမှာတဲ့ သူဆေးရုံမတတ်ချင်ဘူး

ဇွတ်ပြောနေရှာတာ လောလောဆယိတော့ဆေးရုံက သောက်ဆေးတွေနဲ့အသက်ရှုကိရိယာလေးပေးလိုက်တယ်။ အဲ့အမကဆေးဖိုးတွေရောအကုန်ရှင်းပေးတယ်၊ ကလေးကိုလဲ သရက်ကင်တွေသွားမရောင်းနဲ့တော့သူဝယ်မယ်ဆိုပြီး ကလေးကို ပိုက်ဆံပေးရှာတယ်။

ကျွန်တေိာတို့ကိုလဲ ကလေးကို အိမ်ထိရောက်အောင်သေချာလိုက်ပို့ပေးပါတဲ့ သူညနေပိုင်းကျူတီရှိလို့ ခွဲခန်းဝင်ရမှာမို့ မအားတော့လို့ပါတဲ့၊ လိုအပ်တာရှိရင် ဖုန်းဆက်လိုက်ပါဆိုပြီး အမက သေချာမှာp ပြန်သွားတယ် ကျွန်တော်တို့သူ့ကိုအိမ်ထိလိုကိပို့တော့ သူအိမ်လေးက

ရေတွင်လေးဘေးမှာ ဆောက်ထားတာ နေဖြစ်ရုံလေးပါသူ့အမနဲ့တွေ့တော့ သူ့အမကို အကျိုးအကြောင်းပြောပြတကယ်လို့၊ မနက်ဖြန်မသက်သာရင်ဆေးရုံတငိရမယ်လို့ ဆရာဝန်ကပြောတယ် အမတို့ဆက်သွယ်ရမယ့်ဖုန်းရှိလားမေးတော့ သူတို့မှာဖုန်းမရှိဘူးတဲ့အဲ့တာဆို

ကျွန်တော့်ဖုန်းနံပါတ်ပေးခဲ့မယ် မနက်ဖြန်သက်သာသာ၊ မသက်သာသာ ဖုန်းဆက်ပေးပါလို့ ဆေးရုံတင်ရတယ်ဆိုလဲ ငွေရေးကြေးရေးမပူပါနဲ့ပရဟိတ သမားတွေနဲ့ဆက်သွယ်ပြီး အကူအညီတောင်းကြည့်ပေးပါ့မယ်။ ကျွန်တော်​တို့လဲတတ်နိုင်သလောက်ကူညီပေးပါ့မယ်လို့ပြောခဲ့တယ်

ကလေးအကြောင်းသူ့အမကိုမေးတော့ကလေးကရောဂါအခံရှိတယ်တဲ့ အမောခနခနဖောက်တတ်တာတဲ့၊ အရင်ကတော့ ဆေးရုံခနခနတတိရတယ် ခုမပြေလည်လို့ဆေးရုံမတတ်နိုင်ဘူးတဲ့အာဖျန်းဆေးတောင် ရပ်ကွက်ထဲကသူ့ကိုသနားလို့ဆိုပြီး ဝယ်ဝယ်ပေးနေကျတာကလေးက

အာဖျန်းဆေး ဖျန်ူးလိုက်ရင်တော့ သက်သာသွားတယ်တဲ့ အမြဲဆောင်ထားရတာ ဆရာဝန်တွေကလဲဆောင်ခိုင်းထာတာတဲ့၊ ဒီနေ့သူမေ့သွားလို့ စိတ်ပူနေတာတဲ့ ကျွန်တေိာတို့ကိုလဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါပြောရှာတယ်အန်တီရှိလား မေးတော့အမေကသွားနှိပ်တာ

ပြနိမလာသေးဘူးတဲ့၊ အိမ်က ကျူးလားမေးတော့ ဟုတ်တယ်တဲ့ အစိုးရကဖျက်​ဆိုဖျက်​ရမှာတဲ့၊ ကျွန်တော်တို့လဲ တစ်ခုခုလိုတာရှိရင်ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးပေးခဲ့လိုက်တယ်မနက်ဖြန်လဲ ကလေးကမသက်သာရင် ဆေးရုံတတ်ခိုင်းဖို့် ပြောခဲ့လိုက်တယ် အတတ်နိုင်ဆုံးကူညီပါ့မယ်လို့

ပြောခဲ့တယ်။ သူတို့ကတော့မနက်ဖြန်သေချာပေါက် ဆက်မယ်ပြောတာပဲ သူ့စက်ဘီးလေးလဲ ပြင်ချငိတယ် ကျောင်းသွားရင်စီးဖို့်တဲ့ ကျောင်းဖွင့်ခါနီးအကုန်လာလုပ်ပေးမယ်လို့ သူ့ကိုပြောခဲ့တယ် ကလေးခဗျာ တစ်နေကုန်ဈေးရောင်းနေတော့သူမှာကလေးသဘာဝ​ဆော့ချင်ရှာမှာလေ

သူ့မှာအချိန်မရရှာဘူး။မနက်လဲထရတာတဲ့ကလေးနဲ့တောင်မလိုက်ဘူး ​လောကဓံခံရရှာတာ တကယ်သနားဖို့ကောင်းတယ်ဗျဝဋ်ရှိရင်ဒီဘဝနဲ့ပဲကြေပါစေမင်းလဲနေအမြန်ကောင်းပါစေ မိဘကို လုပ်ကျွေးနေတဲ့မင်းက တစ်နေ့မှာသူတော်ကောင်းနဲ့တွေ့မှာပါ ဆုမွန်ကောင်းတောင်းပေးပါတယ်။

ဒီနေ့တစ်နေကုန်အစစအရာရာလိုက်ကူညီပေးတဲ့ ဆရာဝန်မလေး Daw Thar TharLay ကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာအမဒီထက်မကလဲကူညီနိုင်ပါစေ။ဒီထက်မကလဲလှူနိုင်ပါစေဗျာ။မှတ်ချက်။ ပုံကိုခွင့်တောင်းပြီးမှတင်တာပါ ခရက်ဒစ်