စိတ်ကူးအိပ်မက်လေးထဲကအတိုင်းပဲ အေးချမ်းလှတဲ့တောင်ပေါ်မြို့လေးမှာ ကိုယ်ပိုင်အပန်းဖြေအိမ်လေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီဆိုတဲ့ တက္ကသိုလ်ဂွမ်းပုံ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံက ငယ်စဉ်ကတည်းက အ နုပညာကို ရူးသွပ်ခဲ့သူဖြစ်ပြီး အခုချိန်ထိတိုင် ရုပ်ရှင်ဇာတ်ကားတွေမှာ အရေးပါတဲ့ဇာတ်ရုပ်တွေ ကို သရုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။
တက္ကသိုလ်ဂွမ်းပုံက ပြီးခဲ့တဲ့(၂၀၁၅) ခုနှစ်မှာ “ဤအရာကို အချစ်လို့ခေါ်လား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး အကယ်ဒမီဆုရှင်တစ်ယောက်အဖြစ်အနုပညာလောကမှာ
အောင်မြင်စွာရပ်တည်နေလျက်ရှိပါတယ်။ အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်လာရတဲ့ တက္ကသိုလ်ဂွမ်းပုံက တစ်ဖက်မှာလည်း သူမရဲ့ အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့
ကြိုးစားနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ တက္ကသိုလ်ဂွမ်းပုံက သူမငယ်ငယ်ကတည်းက စိတ်ကူးခဲ့ရတဲ့ ပြင်ဦးလွင်မြို့မှာအိမ်လေးတစ်လုံး ပိုင်ဆိုင်ဖို့ဆန္ဒတွေပြည့်ခဲ့ရပြီဖြစ်ပြီး အိမ်လေးက အခုဆိုရင် (၉၀%) လောက်ပြင်ဆင်ပြီးသွားပြီလို့
သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြောလာပါ တယ်။ တက္ကသိုလ်ဂွမ်းပုံတို့ ဇနီးမောင်နှံကတော့ သားသမီးရတနာမရှိပေမယ့် တူနှစ်ကိုယ်နေထိုင်ဖို့ အိမ် လေးကို ပြင်ဆင်ထားတာ အရမ်းလှပြီး အေးချမ်းတယ်နော်။ ပရိသတ်ကြီးလည်း
ဂွမ်းပုံလေးရဲ့ နေအိမ်လေးကိုကြည့်ပြီး အားကျစိတ်တွေဖြစ်လာမယ်ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆို င် နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်