ကိုးရီးယားမှာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး​ပြော​နေကြတဲ့အ​ပေါ်မှာ ပွင့်​လင်းစွာဖြင့်​ဒဲ့ပြန်​လည်​ဖြေရှင်းလိုက်တဲ့ ရန်အောင် (ရုပ်​သံဖိုင်​)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
မင်းသားကြီး ရန်အောင်ကိုတော့ ပရိတ်သတ်နဲ့ အထူးမိတ်ဆက်ပေးစရာမလိုအောင် အားလုံးသိ ပြီး ဖြစ်ကြမှာပါနော်။ အခုချိန်ထိ လူပျိုကြီး ဘဝနဲ့ ဖြတ်သန်းနေတဲ့ ရန်အောင်ကတော့ အကယ်ဒမီ ဆုများစွာကို ရရှိထားတဲ့သူဖြစ်ပြီး
အခုချိန်ထိလည်း တက်သစ်စတွေ လေးစားအားကျ အတု ယူရတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။ ယခုရက်ပိုင်းမှာတော့ ရန်အောင်ဟာ သူ့ရဲ့မျက်နှာကို ခွဲစိတ်ပြုပြင်ထားတယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့လာခဲ့တာဖြစ်ပြီး
ဒီသတင်းကို မီဒီယာတွေနဲ့တွေ့ဆုံရာမှာ ပြန်လည်ဖြေရှင်းလာခဲ့တာ ပဲဖြစ်ပါ တယ်။ ရန်အောင်က “အသားအရေကောင်းဖို့ Collagen သောက်ပါဆိုရင်တော့သောက်တယ်မျက်နှာမှာတော့ ခွဲစိတ်ထားတယ်ဆိုတာတော့ မဟုတ်ပါဘူး။
ပရိသတ်တွေအထင်လွဲနေတာပါ ကျွန်တော ကိုရီးယားသွားပြီး Surgery လုပ်တယ်ပြောတယ် ကျွန်တော် Korea တော့သွားတယ် Surgery မလုပ်ဘူး စိုးစိုးနဲ့အတူတူသွားတာပေါ့ ဒါပေမယ့်စိုးစိုးလုပ်တယ် ကျွန်တော်မလုပ်ဘူး။
အမှန်တကယ်ကလုပ်ဖို့သွားတာပဲမလုပ်ဖြစ်ခဲ့တာဟိုရောက်တော့ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီးမှ ကျွန်တော်မလုပ်ချင်တော့လို့ ငြင်းခဲ့တာပါ စိုးစိုးကတော့လုပ်ဖြစ်တယ် ခွဲပြီးထွက်လာတော့ က မ္ဘာပျက်နေတာပဲအရမ်းတော့လည်းမနာပါဘူး။
သူကိုယ်က နာတတ်တာလည်းပါတယ် သူတို့ဆီ မှာ ကတော့ မိန်းကလေးတွေကားမောင်းလာတယ် ခွဲပြီးရင် သူတို့ကားသူတို့ကားမောင်းပြီး ပြန် ထွက်သွားတယ်။ စိုးစိုးကတော့ အပ်မြင်ရင်ကို အော်နေတာဆိုတော့အဲ့လောက်ကြီးဆိုတော့
သွားတာပဲ ကျွန်တော်ကတော့ မလုပ်ဖြစ်ခဲ့ပါဘူး မျက်နှာအသားအရေဆွဲတင်တာမျိုးတော့ လုပ်ဖြစ်တယ် လေး ငါးခြောက်လတခါလောက်ပေါ့ အဲ့ဒါတောင်မလုပ်ဖြစ်တာတစ်နှစ်ကျော်ပြီ Facial Treatment တော့လုပ်ဖြစ်ပါတယ်။
အသားအရေထိန်းသိမ်းတာမျိုးပေါ့ သူတို့ပေးတဲ့ ဆေးတွေလည်း လိမ်း ဖြစ်ပါတယ် ကျန်တာတော့ ဘာမှမလုပ်ထားပါဘူး”. လို့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ရန်အောင်ကတော့ ကိုးရီးယားမှာ
ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အပေါ် လုံးဝမဟုတ် ကြောင်း ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်နော်။ ခရက်ဒစ်