သူရဲ့ဆေးစစ်ချက်အဖြေမှာ Covid 19 Positive ဖြစ်တဲ့အကြောင်း ပြောပြလာခဲ့တဲ့ ထွန်းကိုကို
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိတ်သတ်ကြီးရေ ပရဟိတမင်းသားတစ်လက်အဖြစ် ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းမှာ ကျရာတာဝန်ကို နေ့စဉ်မပြတ်ထမ်းဆောင်နေသူ ထွန်းကိုကိုကတော့ ဒီတစ်ခေါက်ဦးကျော်သူ ကိုဗစ် Positive ဖြစ်ချိန်မှာလည်း
ကိုယ်တိုင် ဆေးစစ်ချက်မယူရသေးဘဲနဲ့တောင် ဦးကျော်သူကို ပြုစုစောင့်ရှောက်ဖို့ ရဲဘော်ရဲဖက်စိတ်ဓာတ်အပြည့်နဲ့ အဖော်အဖြစ် လိုက်သွားပေးခဲ့သူပါ။ ပြီးခဲ့တဲ့ (၂၄) ရက်နေ့ကတော့ ထွန်းကိုကို ကိုဗစ်ပိုးရှိ မရှိစစ်ဆေးဖို့ Swab test လုပ်ခဲ့ပြီး
မနေ့ညကတော့ ဦးကျော်သူကပျော်မနေကြပါနဲ့ဗျာအခုထိ P ပါဗျာ(ကျော်နဲ့ထွန်း)ဆိုတဲ့စာသားလေးမျှဝေခဲ့သလို ထွန်းကိုကိုကတော့ သံမဏိ လူသားလည်းမဟုတ်ဘူး။ စက်ရုပ်လူသားလည်း မဟုတ်ဘူး ပါဝါရိန်းဂျားလည်းမဟုတ်ဘူး။
P ဖြစ်တာမဆန်းပါဘူးဆိုပြီး သူ့မှာလည်း ကိုဗစ်ပိုးတွေ့ရှိကြောင်း ပရိသတ်ကိုမျှဝေခဲ့ပါတယ်။အားပေးနေတဲ့ပရိသတ်တွေကတော့ ပရဟိတမင်းသားနှစ်ယောက်စလုံးကို ဒီရောဂါကိုအနိုင်တိုက်ကြဖို့နဲ့အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့
ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။ သူတို့နှစ်ဦးစလုံးအတွက် ဆရာဝန်၊ ဆရာမတွေကလည်း စိတ်ခွန်အား၊ လူခွန်အားရအောင် အစွမ်းကုန်ကြိုးစားကုသပေးနေသလို ဝိုင်းဝန်းဆုတောင်းပေးနေကြတဲ့ပရိသတ်ကြီးရဲ့မေတ္တာဓာတ်ကြောင့်လည်း
အမြန်ဆုံးပြန်လည်သက်သာပျောက်ကင်းလာမှာတော့ အမှန်ပါပဲနော်။ ပရိတ်သတ်ကြီးလည်း ထွန်းကိုကို နဲ့ ဦးကျော်သူ တို့နှစ်ယောက် Covid ရောဂါဆိုးကြီးကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးခဲ့ ကြပါဦးနော်။
ဖတ်ရှုပေးခဲ့ ကြတဲ့ပရီတ်သတ်ကြီးများအားလုံးသာယာသောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ခရက်ဒစ်