ပိုင်ဆိုင်သမျှ​​စည်းစိမ်တစ်ဝက် ပုံပေးပြီး​တော့ သူမကိုလက်ထပ်ခွင့်တောင်းခံရတဲ့အကြောင်း ပြောပြလာခဲ့တဲ့ မမဆောင်း
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
မမဆောင်းနာမည်နဲ့ လူမှုကွန်ယက်မှာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့သရုပ်ဆောင် မင်းသမီး ဆောင်းအိနြေ္ဒထွန်းကတော့ ဇာတ်ကားများစွာကို ရိုက်ကူးသရုပ်ဆောင်ပြီး အားပေးတဲ့ ပရိတ်သတ် အခိုင်အမာရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ မီဒီယာများနဲ့တွေ့ဆုံလျှင်လည်း
ဟန် ဆောင်မှုကင်းပြီး ဒဲ့ဒိုးပြောဆိုတတ်တာကြောင့်ပရိသတ်တွေရဲ့ ချစ်ခြင်းကိုရရှိထားသူတစ်ဦးပါ။ မမဆောင်းကတော့ အလှူအတန်းပြုလုပ်ရာမှာ ဝါသနာပါသူတစ်ဦးဖြစ်သလို သူမရဲ့ရိုးသားတဲ့ အင်တာဗျူးဖြေဆိုဟန်တွေကြောင့်လည်း လူမှုကွန်ယက်မှာ လူအများစိတ်ဝင်စားခြင်းကို
ခံနေရတာဖြစ်ပါတယ်။ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မမဆောင်းကသူမကို စည်းစိမ်တဝက်ပုံပေးပြီး လက်ထပ်ခွင့်တောင်းခံရတဲ့အကြောင်း ပြောပြလာခဲ့တာပါ။ “ပိုက်ဆံလိမ်ခံရတာတွေရှိတယ် သရုပ်ဆောင်ထဲကပဲ အမနာမည်တော့မပြောတော့ပါဘူး၊ ပိုက်ဆံသူ့ဆီမှာ
သိန်း ၅၀ လောက်ပါသွားတယ်ကိုယ်ကရိုးတော့လေ ကိုယ့်ကိုလိမ်နေမှန်းလည်း ကိုယ်မသိဘူး အဲ့လိုပြောပြရမှာကို အားနာတယ်အဲ့ဒီမောင်လေးကိုလေပြောလည်းမပြောပြချင်ပါဘူး။ သူလည်းအခုပြန်ဆပ်သင့်သလောက် ဆပ်ပြီးပါပြီ အမလည်းတချို့ ဟာတွေ ၁၀ သိန်း ၁၅ သိန်းလောက်က
မယူဖြစ်တော့ဘူး။ အမပြောချင်တာက အမကအရမ်းရိုးတဲ့အခါကျတော့ သူများကိုအရမ်းယုံတယ် အမ အခုလိုပြောတာ အမစိတ်ဆိုးလို့ပြောတာမဟုတ်ဘူး မေးလာတဲ့သူရှိလို့ ဘဝမှာကြုံခဲ့ဖူးလားဆိုလို့ ပြောပြတာပါ ကိုယ်တောင်သူ့ကို ၁၅ သိန်းမုန့်ဖိုးပြန်ပေးလိုက်သေးတယ်။
လိုင်းပေါ်ကနေ လူတစ်ယောက်ကသူ့စည်းစိမ်ကိုတဝက်ခွဲပြီးပေးမယ် ဘာညာနဲ့အဲ့လိုမျိုး Propose အတင်းလုပ်တာတွေတော့ရှိတယ် ကိုယ့်ကို အတဲ့ပုံစံမျိုးကြီးထင်နေလားမသိပါဘူးအဲ့လိုပုံစံမျိုးနဲ့ ပြောတော့ ကိုယ်ကရိုးပေမယ့် အတော့မအဘူးပေါ့နော် မမဆောင်းကသူတို့က
အတဲ့ပုံစံမျိုး ဆက်ဆံတာရှိတယ်ကိုယ်က ကိုယ့်ဘာသာကြည့်ရှောင်ရတာပေါ့နော် ”လို့ဆိုလာခဲ့တာ ဖြစ်ပါတယ်။ မမဆောင်းကတော့ သူ့ကို လူတွေကအတဲ့စာရင်းထဲသွင်းထားပြပေမယ့်
သူမဟာ ရိုးသာရိုးတာဖြစ်ပြီး မအတဲ့အကြောင်း ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်၊ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။ ခရက်ဒစ်