မင္းထမ္းႏိုင္ရင္ ဆန္တအိတ္ယူသြားကြာဆိုေတာ့ ဦး​ေလးကတကယ္ ေပးမွာလားတဲ့ငိုသံေလးနဲ႔ဗ်ာ

မင္းထမ္းႏိုင္ရင္ ဆန္တအိတ္ယူသြားဆိုေတာ့ ဦး တကယ္ေပးမွာလားတဲ့ ငိုသံေလးနဲ႔ (ၾကည့္ပီးစိတ္မေကာင္း ျဖစ္မိျပန္တယ္ ကေလးရယ္) တစ္ေနကုန္ တက္တက္ႂကြႂကြ ေပါ့ပါးလန္းဆန္း ေနခဲ့ၿပီး ျပန္ခါနီး ခဏက်မွ ကိုယ့္စိတ္ေတြ ေလးသြားရတယ္။ လိုအပ္တာ ေတြေဝၿပီးလို႔

ကုန္ၿပီ ျပန္ၾကမယ္ဆိုမွ ကားနားကိုေရာက္လာတဲ့ က​ေလး။ ပါလာတာေတြကကုန္သြားေတာ့ ခပ္လွမ္းလွမ္း ဘက္မွာရွိတဲ့သူတို႔ဘက္ကို မေရာက္ႏိုင္။သူတို႔ဘက္ကို ကားမေရာက္လာလို႔ထင္ပါရဲ႕ သူေရာက္ လာတယ္။ ဦးဘာေတြ ေပးေနတာလဲ က်န္ ေသးလားတဲ့ ကားေပၚၾကည့္လိုက္ေတာ့

ဆန္အိတ္ နည္းနည္က်န္ေသးတယ္ ၆ ျပည္ဝင္ အိတ္ေလးေတြေပါ့ တျခား ဆီ၊ ဆား၊ ပဲ ဘာညာေတြပါတဲ့အထုတ္ေလးေတြကကုန္ၿပီ။ အဲဒါ က်န္တဲ့အကိုေတြက သူ႔ပုံဝဝကစ္ကစ္ကို ၾကည့္ၿပီး ခ်စ္ စ ႏိုးနဲ႔ “မင္းထမ္းႏိုင္လား၊ ထမ္းႏိုင္ရင္ ယူသြား” ဆိုေတာ့ ကိုယ့္ကိုၾကည့္ၿပီး ” ဦး ဆန္က

တကယ္ေပး မွာလားတဲ့၊ ငိုသံပါနဲ႔ လွမ္းေမးေတာ့ ရင္ထဲနင့္ သြားတယ္။ တကယ္ေပးမွာေပါ့ သားရဲ႕ အိမ္က ဘယ္မွာလဲ၊ ဦးလိုက္ပို႔မယ္မင္းထမ္းစရာမလိုပါဘူး ဆိုေတာ့ရတယ္ဦး သားဖာသာပဲ ထမ္ မယ္ ႏိုင္ပါတယ္တဲ့ ဘယ္လို ေျပာေျပာမရဘူး အဲ့ခ်ိန္ ေကာင္မေလးတစ္ေယာက္ကလဲ

သူ႔ကိုေပးဖို႔ ေခါက္ဆြဲေျခာက္ ထုတ္ေလးေတြ အနီးနားက ဆိုင္မွာသြားဝယ္ေနတုန္း သားဆန္ရရင္ရၿပီ အဲ့ဒါေတြမယူေတာ့ဘူးတဲ့၊ ရင္က ထပ္ဆို႔ရျပန္။ ေနပါအုံး သားရယ္ဆိုၿပီးကိုယ္လည္း အနားက Nabati ေဝဖာထုတ္ေတြဝယ္ၿပီးဆန္အိတ္နဲ႔အတူတူထည့္​ေခါက္ဆြဲေျခာက္ထုတ္ေတြကို

ႀကိဳးခ်ည္ၿပီး လိုက္ပို႔မယ္ဆိုတာကို အသံေလး တုန္တုန္နဲ႔ သားဖာသာထမ္းျပန္မယ္ႏိုင္တယ္တဲ့ ကိုယ္လည္း ဘာမွထပ္မေျပာ ျဖစ္ေတာ့ ကေလးက သူကိုယ္တိုင္ ထမ္းလာတဲ့ ဆန္အိတ္ေလးကို မိဘက အသိအမွတ္ျပဳ ေစခ်င္ပုံရတယ္ထင္လို႔ ကိုယ္လည္း လက္ေလွ်ာ့လိုက္ၿပီး

ေငးေနလိုက္တယ္။ အေတာ္ေတာ္ လွမ္းလွမ္းကို ေရာက္မွဒီကေလးကဖိနပ္မပါတာကို သတိထား မိေတာ့တယ္ အေပၚကဝိတ္နဲ႔ေအာက္ ေျခဗလာ နာေနရွာေတာ့မယ္လို႔စိတ္မေကာင္းျဖစ္ၿပီး

ရင္ထဲမေကာင္းျပန္ အနားမွာကလည္း ဝယ္စရာမရွိမနက္ျဖန္ ထပ္သြားရအုံးမွာမို႔ ဖိနပ္ တစ္ရံေတာ့ ဝယ္သြား ျဖစ္မယ္။ ျပန္ဆုံပါ ေစလို႔သာ ဆုေတာင္းရင္း။ ခရစ္ဒစ္ လင္းအိမ္ေန

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

မင်းထမ်းနိုင်ရင် ဆန်တအိတ်ယူသွားဆိုတော့ ဦး တကယ်ပေးမှာလားတဲ့ ငိုသံလေးနဲ့ (ကြည့်ပီးစိတ်မကောင်း ဖြစ်မိပြန်တယ် ကလေးရယ်) တစ်နေကုန် တက်တက်ကြွကြွ ပေါ့ပါးလန်းဆန်း နေခဲ့ပြီး ပြန်ခါနီး ခဏကျမှ ကိုယ့်စိတ်တွေ လေးသွားရတယ်။ လိုအပ်တာ တွေဝေပြီးလို့

ကုန်ပြီ ပြန်ကြမယ်ဆိုမှ ကားနားကိုရောက်လာတဲ့ ကလေး။ ပါလာတာတွေကကုန်သွားတော့ ခပ်လှမ်းလှမ်း ဘက်မှာရှိတဲ့သူတို့ဘက်ကို မရောက်နိုင်။သူတို့ဘက်ကို ကားမရောက်လာလို့ထင်ပါရဲ့ သူရောက် လာတယ်။ ဦးဘာတွေ ပေးနေတာလဲ ကျန် သေးလားတဲ့ ကားပေါ်ကြည့်လိုက်တော့

ဆန်အိတ် နည်းနည်ကျန်သေးတယ် ၆ ပြည်ဝင် အိတ်လေးတွေပေါ့ တခြား ဆီ၊ ဆား၊ ပဲ ဘာညာတွေပါတဲ့အထုတ်လေးတွေကကုန်ပြီ။ အဲဒါ ကျန်တဲ့အကိုတွေက သူ့ပုံဝဝကစ်ကစ်ကို ကြည့်ပြီး ချစ် စ နိုးနဲ့ “မင်းထမ်းနိုင်လား၊ ထမ်းနိုင်ရင် ယူသွား” ဆိုတော့ ကိုယ့်ကိုကြည့်ပြီး ” ဦး ဆန်က

တကယ်ပေး မှာလားတဲ့၊ ငိုသံပါနဲ့ လှမ်းမေးတော့ ရင်ထဲနင့် သွားတယ်။ တကယ်ပေးမှာပေါ့ သားရဲ့ အိမ်က ဘယ်မှာလဲ၊ ဦးလိုက်ပို့မယ်မင်းထမ်းစရာမလိုပါဘူး ဆိုတော့ရတယ်ဦး သားဖာသာပဲ ထမ် မယ် နိုင်ပါတယ်တဲ့ ဘယ်လို ပြောပြောမရဘူး အဲ့ချိန် ကောင်မလေးတစ်ယောက်ကလဲ

သူ့ကိုပေးဖို့ ခေါက်ဆွဲခြောက် ထုတ်လေးတွေ အနီးနားက ဆိုင်မှာသွားဝယ်နေတုန်း သားဆန်ရရင်ရပြီ အဲ့ဒါတွေမယူတော့ဘူးတဲ့၊ ရင်က ထပ်ဆို့ရပြန်။ နေပါအုံး သားရယ်ဆိုပြီးကိုယ်လည်း အနားက Nabati ဝေဖာထုတ်တွေဝယ်ပြီးဆန်အိတ်နဲ့အတူတူထည့်ခေါက်ဆွဲခြောက်ထုတ်တွေကို

ကြိုးချည်ပြီး လိုက်ပို့မယ်ဆိုတာကို အသံလေး တုန်တုန်နဲ့ သားဖာသာထမ်းပြန်မယ်နိုင်တယ်တဲ့ ကိုယ်လည်း ဘာမှထပ်မပြော ဖြစ်တော့ ကလေးက သူကိုယ်တိုင် ထမ်းလာတဲ့ ဆန်အိတ်လေးကို မိဘက အသိအမှတ်ပြု စေချင်ပုံရတယ်ထင်လို့ ကိုယ်လည်း လက်လျှော့လိုက်ပြီး

ငေးနေလိုက်တယ်။ အတော်တော် လှမ်းလှမ်းကို ရောက်မှဒီကလေးကဖိနပ်မပါတာကို သတိထား မိတော့တယ် အပေါ်ကဝိတ်နဲ့အောက် ခြေဗလာ နာနေရှာတော့မယ်လို့စိတ်မကောင်းဖြစ်ပြီး

ရင်ထဲမကောင်းပြန် အနားမှာကလည်း ဝယ်စရာမရှိမနက်ဖြန် ထပ်သွားရအုံးမှာမို့ ဖိနပ် တစ်ရံတော့ ဝယ်သွား ဖြစ်မယ်။ ပြန်ဆုံပါ စေလို့သာ ဆုတောင်းရင်း။ ခရစ်ဒစ် လင်းအိမ်နေ