အင္တာနက္မရႏုိင္​တဲ့ေဒသေတြမွာ ေရဒီယိုကတစ္ဆင့္ စာသင္ၾကားနိုင္ဖို႔ကုိ စီစဥ္ေနၿပီဟု ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွူးခ်ဳပ္မွ ေျပာၾကားခဲ့ (႐ုပ္​သံဖုိင္​)

ကိုဗစ္-၁၉ ကူးစက္မႈအေျခအေနေတြေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားလိုက္ရခ်ိန္မွာ ေက်ာင္းသားေက်ာင္းသူေတြကို အြန္လိုင္း၊ ေရဒီယို၊ ႐ုပ္ျမင္သံၾကားေတြကတစ္ဆင့္စာသင္ၾကားနိုင္ဖို႔ စီစဥ္ေနတယ္လို႔ ပညာေရးဝန္ႀကီးဌာနက သိရပါတယ္။ အင္တာနက္မရတဲ့ေဒသေတြမွာေတာ့

ေရဒီယိုကတစ္ဆင့္ သင္ၾကားနိုင္ဖို႔လုပ္ေဆာင္ေနၿပီး လာမယ့္ နိုဝင္ဘာလေနာက္ဆုံးအပတ္မွာ စတင္သင္ၾကားနိုင္မယ္လို႔လည္း ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။ “ ဆရာတို႔က အြန္လိုင္းတင္မကဘူး။

အြန္လိုင္းမရတဲ့ေနရာေတြ၊ တီဗြီမရွိတဲ့ေနရာေတြမွာ ေရဒီယိုနဲ႕ပို႔ခ်နိဳင္ဖို႔ ျပင္ဆင္ေနတုန္းပဲရွိေသးတယ္။ပို႔ခ်မယ္ ဆရာ/ဆရာမ၊ အသံသြင္းမယ့္၊ ဗီဒီယိုရိုက္မယ့္ဆရာ/ဆရာမကို ေ႐ြးခ်ယ္ေနတုန္းပဲ။ ဆရာတို႔ မွန္းထားတာကေတာ့ နိုဝင္ဘာလေနာက္ဆုံးပတ္ေလာက္မွာ

ျဖစ္မလားမသိဘူးေပါ့ေနာ္။ “ လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။ ဒါ့အျပင္ ေက်ာင္းသားေက်ာင္းသူေတြ စာေမးပြဲေတြ ေျဖဆိုနိုင္ဖို႔အတြက္ သင္ၾကားေရး လုံလုံေလာက္ေလာက္ရွိဖို႔ လိုအပ္တာေၾကာင့္ လက္ရွိအေျခအေနေတြအရေတာ့ အတန္းတင္စာေမးပြဲေျဖဖို႔ေတာ့

မျဖစ္နိုင္ေသးဘူးလို႔လည္း ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။ “စာေမးပြဲေျဖဖို႔ရာက လုံေလာက္တဲ့သင္ၾကားမႈရွိမွရမယ္။ အခုခ်ိန္မွာ ျဖစ္နိုင္ဖို႔ကလည္း အင္မတန္အားနည္းပါတယ္။ အဲဒါဆို တစ္ႏွစ္ေအာက္မွာလားဆိုတာကလည္း ပညာေရးဝန္ႀကီးဌာနက ဆုံးျဖတ္လို႔မရဘူး။

ဒီကာလက သာမန္ကာလမဟုတ္တဲ့အတြက္ ကိုဗစ္ဗဟိုေကာ္မတီရဲ႕ဆုံးျဖတ္ခ်က္အတိုင္းသြားရမယ္။ ကိုဗစ္က ဒီေလာက္ျပန႔္ေနတာကို ခ်က္ခ်င္းေက်ာင္းေတြပုံမွန္ဖြင့္နိုင္ဖို႔ကဘယ္လိုမွမျဖစ္နိုင္ဘူး။ ေက်ာင္းေတြ ျပန္မဖြင့္နိုင္ေတာ့ စာပုံမွန္မသင္နိုင္ဘူး။ စာပုံမွန္မသင္နိုင္ဘဲနဲ႔်တာ့

စာေမးပြဲစစ္ဖို႔ကလည္း မျဖစ္နိုင္ဘူး။” လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆက္ေျပာပါတယ္။ လတ္တေလာမွာေတာ့ စာသင္ေက်ာင္းေတြျပန္ဖြင့္နိုင္ဖို႔ အေျခအေနမရွိေသးဘဲ ကိုဗစ္၁၉ ေရာဂါကူးစက္မႈအေနအထားကိုၾကည့္ၿပီး ေက်ာင္းျပန္ဖြင့္ဖို႔ ဆုံးျဖတ္သြားမယ္လို႔

နိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း ၿပီးခဲ့တဲ့ ေအာက္တိုဘာ (၂၃) ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ နိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း ေျပာၾကားထားပါတယ္။ အေျခခံပညာစာသင္ေက်ာင္းေတြကို ကိုဗစ္ေရာဂါထိန္းခ်ဳပ္နိုင္ခ်ိန္

​ေရာက္မွသာျပန္ဖြင့္နိုင္မွာျဖစ္ၿပီး ျပန္ဖြင့္ခ်ိန္မွာ ပိတ္ရက္ေတြမွာပါ သင္ၾကားမႈေတြျပဳလုပ္သြားရမယ့္အေျခအေနရွိတယ္လို႔ အေျခခံပညာဦးစီးဌာနကေန သိရပါတယ္။ စာသင္ေက်ာင္းေတြကို ကိုဗစ္ကူးစက္မႈႏႈန္းက်ဆင္းခဲ့တဲ့

ဇူလိုင္လမွာ ေခတၱျပန္လည္ဖြင့္လွစ္ခဲ့ေပမယ့္ ဒုတိယလွိုင္းကူးစက္မႈစတင္ခ်ိန္ ၾသဂုတ္လ၂၇ရက္မွာေတာ့ တစ္နိုင္ငံလုံးက စာသင္ေက်ာင္းေတြကို ျပန္လည္ပိတ္ခဲ့တာ လက္ရွိအခ်ိန္အထိျဖစ္ပါတယ္။ ခရက္​ဒစ္​ Duwun

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရချိန်မှာ ကျောင်းသားကျောင်းသူတွေကို အွန်လိုင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကတစ်ဆင့်စာသင်ကြားနိုင်ဖို့ စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။ အင်တာနက်မရတဲ့ဒေသတွေမှာတော့

ရေဒီယိုကတစ်ဆင့် သင်ကြားနိုင်ဖို့လုပ်ဆောင်နေပြီး လာမယ့် နိုဝင်ဘာလနောက်ဆုံးအပတ်မှာ စတင်သင်ကြားနိုင်မယ်လို့လည်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ “ ဆရာတို့က အွန်လိုင်းတင်မကဘူး။

အွန်လိုင်းမရတဲ့နေရာတွေ၊ တီဗွီမရှိတဲ့နေရာတွေမှာ ရေဒီယိုနဲ့ပို့ချနိုင်ဖို့ ပြင်ဆင်နေတုန်းပဲရှိသေးတယ်။ပို့ချမယ် ဆရာ/ဆရာမ၊ အသံသွင်းမယ့်၊ ဗီဒီယိုရိုက်မယ့်ဆရာ/ဆရာမကို ရွေးချယ်နေတုန်းပဲ။ ဆရာတို့ မှန်းထားတာကတော့ နိုဝင်ဘာလနောက်ဆုံးပတ်လောက်မှာ

ဖြစ်မလားမသိဘူးပေါ့နော်။ “ လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။ ဒါ့အပြင် ကျောင်းသားကျောင်းသူတွေ စာမေးပွဲတွေ ဖြေဆိုနိုင်ဖို့အတွက် သင်ကြားရေး လုံလုံလောက်လောက်ရှိဖို့ လိုအပ်တာကြောင့် လက်ရှိအခြေအနေတွေအရတော့ အတန်းတင်စာမေးပွဲဖြေဖို့တော့

မဖြစ်နိုင်သေးဘူးလို့လည်း ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။ “စာမေးပွဲဖြေဖို့ရာက လုံလောက်တဲ့သင်ကြားမှုရှိမှရမယ်။ အခုချိန်မှာ ဖြစ်နိုင်ဖို့ကလည်း အင်မတန်အားနည်းပါတယ်။ အဲဒါဆို တစ်နှစ်အောက်မှာလားဆိုတာကလည်း ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လို့မရဘူး။

ဒီကာလက သာမန်ကာလမဟုတ်တဲ့အတွက် ကိုဗစ်ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်းသွားရမယ်။ ကိုဗစ်က ဒီလောက်ပြန့်နေတာကို ချက်ချင်းကျောင်းတွေပုံမှန်ဖွင့်နိုင်ဖို့ကဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျောင်းတွေ ပြန်မဖွင့်နိုင်တော့ စာပုံမှန်မသင်နိုင်ဘူး။ စာပုံမှန်မသင်နိုင်ဘဲနဲ့ျတာ့

စာမေးပွဲစစ်ဖို့ကလည်း မဖြစ်နိုင်ဘူး။” လို့ ဒေါက်တာတင်မောင်ဝင်းက ဆက်ပြောပါတယ်။ လတ်တလောမှာတော့ စာသင်ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အခြေအနေမရှိသေးဘဲ ကိုဗစ်၁၉ ရောဂါကူးစက်မှုအနေအထားကိုကြည့်ပြီး ကျောင်းပြန်ဖွင့်ဖို့ ဆုံးဖြတ်သွားမယ်လို့

နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြီးခဲ့တဲ့ အောက်တိုဘာ (၂၃) ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ပြောကြားထားပါတယ်။ အခြေခံပညာစာသင်ကျောင်းတွေကို ကိုဗစ်ရောဂါထိန်းချုပ်နိုင်ချိန်

ရောက်မှသာပြန်ဖွင့်နိုင်မှာဖြစ်ပြီး ပြန်ဖွင့်ချိန်မှာ ပိတ်ရက်တွေမှာပါ သင်ကြားမှုတွေပြုလုပ်သွားရမယ့်အခြေအနေရှိတယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။ စာသင်ကျောင်းတွေကို ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းခဲ့တဲ့

ဇူလိုင်လမှာ ခေတ္တပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဒုတိယလှိုင်းကူးစက်မှုစတင်ချိန် သြဂုတ်လ၂၇ရက်မှာတော့ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေကို ပြန်လည်ပိတ်ခဲ့တာ လက်ရှိအချိန်အထိဖြစ်ပါတယ်။ ခရက်ဒစ် Duwun