လူနာကုိအခ်ိန္မွီကုသနိုင္ပါလ်က္နဲ႔ ပုဂၢလိကေဆး႐ုံတစ္ခုရဲ႕ တစ္ကိုယ္ေကာင္းဆန္မွုေၾကာင့္ အသက္တစ္ေခ်ာင္းဆုံးရွုံးခဲ့ရျပန္​​ၿပီ

ေနာ့္အေကာင့္ထဲကညီမေလးတစ္ေယာက္ရဲ႕ အေမဒီေန႕မနက္မွာကိုဗစ္ေရာဂါနဲ႕ကြယ္လြန္ခဲ့ပါပီ။ ဆီးခ်ိဳမရွိတဲ့သူကဆီးခ်ိဳေတြထိန္းမရလို႔ဆိုပီးဆုံးသြားပါတယ္။ အဓိကေျပာခ်င္တာကစံျပေဆး႐ုံပါ။ အန္တီေဆး႐ုံေရာက္ေတာ့ဝမ္းေလွ်ာတယ္၊ဘဖ်ားတယ္။

ေအာက္ဆီဂ်င္၉၅ဝန္းက်င္ရွိပါေသးတယ္။ အားနည္းေနတဲ့အခ်ိန္ကုသမႈမလာပါဘူး။ ​ေဆးဝါးမလာဘူး။ အနည္းဆုံးေဆးမေပးနိုင္ရင္ေတာင္ဘာေဆးဝယ္ေသာက္ရမယ္လို႔လမ္းၫႊန္သင့္တယ္။ လူနာက result positive မွန္းသိတာေတာင္ေဖာင္ႀကီးပို႔မွာလိုလိုဘာလိုလိုနဲ႔

စံျပေဆး႐ုံမွာတင္၃၄ရက္ၾကာသြားပါတယ္။ ​ေဖာင္ႀကီးပို႔မယ္ပို႔မယ္နဲ႕ၾကာေနတာလဲပို႔ေပးဖို႔ေျပာတာမရဘူးတဲ့။ ​ေအာက္ဆီဂ်င္၉၀ေအာက္က်လိဳ႕သြားေခၚတာေတာင္တစ္ေယာက္မွလာမၾကည့္ပါဘူးတဲ့။ ကိုယ္ခံအားနဲ႕တိုက္တဲ့ေရာဂါပါကိုယ္ခံအားရွိေနတုန္း အခ်ိန္မွီမကုသေပးနိုင္ပဲ

ဘာလို႔ေဆး႐ုံတင္ကုသေပးေနရပါသလဲ။ ရက္ၾကာလာေတာ့အန္တီကပိုေမာလာတယ္။ လူနာေအာက္ဆီဂ်င္85 ေအာက္က်လာမွICU ရွိတယ္ဆိုၿပီးစံျပေဆး႐ုံကICU ကိုပဲပို႔တယ္တဲ့။ ပို႔ေတာ့လဲသန႔္ရွင္းေရးဝန္ထမ္းလားမသိဘူး။ သူကတြန္းတယ္ေအာက္ဆီဂ်င္အိုးသယ္မယ့္သူမရွိလို႔

အာ့ညီမေလးကိုယ္တိုင္မနိုင္မနင္းသယ္ရတယ္။ ​ေျဖးေျဖးတြန္းတာမဟုတ္ပဲစိတ္မရွည္သလိုတြန္းတယ္။ လမ္းကလဲၾကမ္းလို႔ေျဖးေျဖးတြန္းေပးဖို႔ေျပာေတာ့ရန္ေတြ႕ခံရတယ္တဲ့။ ICU ခန္းထဲထည့္ၿပီးေတာ့ အန္တီ့အေျခအေနေမးေတာ့မေျပာပါဘူး။ ပိုက္ဆံ၅၀၀၀ေပးမွေျပာပါတယ္တဲ့။

လူတစ္ေယာက္ဒုကၡျဖစ္ေနခ်ိန္မွာေစတနာသန႔္သန႔္ကူညီၾကပါဗ်ာ။ တကယ္ဆိုpositive လဲထြက္ၿပီးၿပီ၊လူနာလဲေအာက္ဆီဂ်င္ေပးထားရတယ္။ အန္တီကဖ်ားထားတယ္၊ ဝမ္းေလ်ာထားတယ္။ အာ့တာကိုဘာေဆးမွမတိုက္ပဲပစ္ထားတယ္။ကုသေရးစင္တာပို႔ေပးဖို႔ေျပာေတာ့

ဘယ္သူ႕ဆရာေခၚရမွန္းမသိဘာေဆးမွမေပးမကုတဲ့ေနရာမွာအားပ်က္ေနတဲ့အန္တီက၃ ၄ရက္ေလာက္ေနခဲ့ရတယ္။ ICU ခန္းထဲေရာက္ေတာ့ ေဆးစစ္ဖို႔ကုန္က်စရိတ္၅၀၀၀၀ႀကိဳေပးထားရတယ္။အန္တီဆုံးမွ၄၅၀၀၀ျပန္ေပးတယ္တဲ့။ဘာေတြမွန္းကိုမသိေတာ့ပါဘူးဗ်ာ။

ICU ခန္းထဲမွာေတာင္၆ရက္ေတာင္ေနနိုင္ခဲ့တဲ့သူအတြက္ေနာက္ဆုံးရလဒ္ကဆီးခ်ိဳမရွိတဲ့လူကိုဆီးခ်ိဳေတြအရမ္းထိုးတတ္လို႔ဆိုၿပီးေခါင္းစဥ္နဲ႕နာေရးသတင္းေျပာခဲ့တယ္။ တကယ့္အျဖစ္မွန္ေတြကအရမ္းေၾကာက္ဖို႔ေကာင္းတယ္။ က်ေနာ္ဒဲ့ပဲေမးခ်င္တယ္။ အခ်ိန္မွီကုသနိုင္ရက္နဲ႔

မေသသင့္ပဲေသခဲ့ရတဲ့လူေတြဘယ္ေလာက္မ်ားရွိေနလဲ။ ျဖစ္စဥ္အစအဆုံးသိေနရတဲ့က်ေနာ္အလႉခံကိစၥေတြနဲ႕႐ူပ္ေနခဲ့လို႔အခ်ိန္ျပည့္မေျပာေပးနိုင္ခဲ့တာဝမ္းနည္းမိပါတယ္။ တကယ္လဲက်ေနာ္နာက်င္ခဲ့ရပါတယ္။ တကယ္ပါဗ်ာက်ေနာ္တတ္နိုင္သေလာက္ရေအာင္ေျပာခိုင္းခဲ့ပါတယ္။

ျမန္ျမန္ICU ပို႔သင့္ေၾကာင္းကုသေရးစင္တာေရာက္ဖို႔လိုေၾကာင္းေျပာခဲ့ပါတယ္။ အာ့ညီမေလးလဲတာဝန္က်တဲ့သူေတြကိုေျပာခဲ့ပါတယ္။ ဒါေပမယ့္အခ်ိန္မွီရက္နဲ႕ေနာက္က်ခဲ့ရတယ္။

အေမတစ္ခုသမီးတစ္ခုဘဝေလးၿပိဳလဲခဲ့ရတယ္။ အန္တီေရဝဋ္ေႂကြးေတြေပးဆပ္ခဲ့တယ္လို႔ပဲသေဘာထားေပးလိုက္ပါေတာ့ဗ်ာေကာင္းရာဘုံဘဝေရာက္ပါေစ။ ခရက္ဒစ္

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

နော့်အကောင့်ထဲကညီမလေးတစ်ယောက်ရဲ့ အမေဒီနေ့မနက်မှာကိုဗစ်ရောဂါနဲ့ကွယ်လွန်ခဲ့ပါပီ။ ဆီးချိုမရှိတဲ့သူကဆီးချိုတွေထိန်းမရလို့ဆိုပီးဆုံးသွားပါတယ်။ အဓိကပြောချင်တာကစံပြဆေးရုံပါ။ အန်တီဆေးရုံရောက်တော့ဝမ်းလျှောတယ်၊ဘဖျားတယ်။

အောက်ဆီဂျင်၉၅ဝန်းကျင်ရှိပါသေးတယ်။ အားနည်းနေတဲ့အချိန်ကုသမှုမလာပါဘူး။ ဆေးဝါးမလာဘူး။ အနည်းဆုံးဆေးမပေးနိုင်ရင်တောင်ဘာဆေးဝယ်သောက်ရမယ်လို့လမ်းညွှန်သင့်တယ်။ လူနာက result positive မှန်းသိတာတောင်ဖောင်ကြီးပို့မှာလိုလိုဘာလိုလိုနဲ့

စံပြဆေးရုံမှာတင်၃၄ရက်ကြာသွားပါတယ်။ ဖောင်ကြီးပို့မယ်ပို့မယ်နဲ့ကြာနေတာလဲပို့ပေးဖို့ပြောတာမရဘူးတဲ့။ အောက်ဆီဂျင်၉၀အောက်ကျလို့သွားခေါ်တာတောင်တစ်ယောက်မှလာမကြည့်ပါဘူးတဲ့။ ကိုယ်ခံအားနဲ့တိုက်တဲ့ရောဂါပါကိုယ်ခံအားရှိနေတုန်း အချိန်မှီမကုသပေးနိုင်ပဲ

ဘာလို့ဆေးရုံတင်ကုသပေးနေရပါသလဲ။ ရက်ကြာလာတော့အန်တီကပိုမောလာတယ်။ လူနာအောက်ဆီဂျင်85 အောက်ကျလာမှICU ရှိတယ်ဆိုပြီးစံပြဆေးရုံကICU ကိုပဲပို့တယ်တဲ့။ ပို့တော့လဲသန့်ရှင်းရေးဝန်ထမ်းလားမသိဘူး။ သူကတွန်းတယ်အောက်ဆီဂျင်အိုးသယ်မယ့်သူမရှိလို့

အာ့ညီမလေးကိုယ်တိုင်မနိုင်မနင်းသယ်ရတယ်။ ဖြေးဖြေးတွန်းတာမဟုတ်ပဲစိတ်မရှည်သလိုတွန်းတယ်။ လမ်းကလဲကြမ်းလို့ဖြေးဖြေးတွန်းပေးဖို့ပြောတော့ရန်တွေ့ခံရတယ်တဲ့။ ICU ခန်းထဲထည့်ပြီးတော့ အန်တီ့အခြေအနေမေးတော့မပြောပါဘူး။ ပိုက်ဆံ၅၀၀၀ပေးမှပြောပါတယ်တဲ့။

လူတစ်ယောက်ဒုက္ခဖြစ်နေချိန်မှာစေတနာသန့်သန့်ကူညီကြပါဗျာ။ တကယ်ဆိုpositive လဲထွက်ပြီးပြီ၊လူနာလဲအောက်ဆီဂျင်ပေးထားရတယ်။ အန်တီကဖျားထားတယ်၊ ဝမ်းလျောထားတယ်။ အာ့တာကိုဘာဆေးမှမတိုက်ပဲပစ်ထားတယ်။ကုသရေးစင်တာပို့ပေးဖို့ပြောတော့

ဘယ်သူ့ဆရာခေါ်ရမှန်းမသိဘာဆေးမှမပေးမကုတဲ့နေရာမှာအားပျက်နေတဲ့အန်တီက၃ ၄ရက်လောက်နေခဲ့ရတယ်။ ICU ခန်းထဲရောက်တော့ ဆေးစစ်ဖို့ကုန်ကျစရိတ်၅၀၀၀၀ကြိုပေးထားရတယ်။အန်တီဆုံးမှ၄၅၀၀၀ပြန်ပေးတယ်တဲ့။ဘာတွေမှန်းကိုမသိတော့ပါဘူးဗျာ။

ICU ခန်းထဲမှာတောင်၆ရက်တောင်နေနိုင်ခဲ့တဲ့သူအတွက်နောက်ဆုံးရလဒ်ကဆီးချိုမရှိတဲ့လူကိုဆီးချိုတွေအရမ်းထိုးတတ်လို့ဆိုပြီးခေါင်းစဉ်နဲ့နာရေးသတင်းပြောခဲ့တယ်။ တကယ့်အဖြစ်မှန်တွေကအရမ်းကြောက်ဖို့ကောင်းတယ်။ ကျနော်ဒဲ့ပဲမေးချင်တယ်။ အချိန်မှီကုသနိုင်ရက်နဲ့

မသေသင့်ပဲသေခဲ့ရတဲ့လူတွေဘယ်လောက်များရှိနေလဲ။ ဖြစ်စဉ်အစအဆုံးသိနေရတဲ့ကျနော်အလှူခံကိစ္စတွေနဲ့ရူပ်နေခဲ့လို့အချိန်ပြည့်မပြောပေးနိုင်ခဲ့တာဝမ်းနည်းမိပါတယ်။ တကယ်လဲကျနော်နာကျင်ခဲ့ရပါတယ်။ တကယ်ပါဗျာကျနော်တတ်နိုင်သလောက်ရအောင်ပြောခိုင်းခဲ့ပါတယ်။

မြန်မြန်ICU ပို့သင့်ကြောင်းကုသရေးစင်တာရောက်ဖို့လိုကြောင်းပြောခဲ့ပါတယ်။ အာ့ညီမလေးလဲတာဝန်ကျတဲ့သူတွေကိုပြောခဲ့ပါတယ်။ ဒါပေမယ့်အချိန်မှီရက်နဲ့နောက်ကျခဲ့ရတယ်။

အမေတစ်ခုသမီးတစ်ခုဘဝလေးပြိုလဲခဲ့ရတယ်။ အန်တီရေဝဋ်ကြွေးတွေပေးဆပ်ခဲ့တယ်လို့ပဲသဘောထားပေးလိုက်ပါတော့ဗျာကောင်းရာဘုံဘဝရောက်ပါစေ။ ခရက်ဒစ်