သူတုိ႔တစ္မိသားစုလုံး ထမင္းငတ္ေတာ့မယ္ကူညီပါဆိုလို႔ အိမ္ကိုသြားစစ္ၾကည့္​မိတဲ့အခါမွ ငိုၿပီးျပန္လာခဲ့ရတဲ့အျဖစ္

မနက္က မင္းရသလူမႈကူညီေရး ပရဟိတအဖြဲ႕ ကို ဖုန္း ဝင္လာတယ္။ ​ေတာင္ဒဂုံမွာတစ္အိမ္လုံးကို ရွာေကြၽးေနတဲ့ေကာင္မေလးက က်န္းမာေရး မေကာင္းလို႔ အလုပ္ေျခာက္လနားရမွာမို႔ မိသားစု ထမင္းငတ္ရေတာ့မယ္ ကူညီပါတဲ့၊ အဖြဲ႔က ေဒါက္တာတစ္ေယာက္နဲ႔အတူ

စိစစ္ေရးမႉး ကိုေဝႀကီးကသြားစစ္ေတာ့ သူပါငိုၿပီး ျပန္လာရတယ္။ အေၾကာင္းစုံကေတာ့ အတူပါသြားတဲ့ စိစစ္ေရးမႉးကိုေဝႀကီးရဲ႕အမ်ိဳးသမီး မဒါ က ဟိုေရာက္ေတာ့ေရးႀကီးသုတ္ျပာ ဖုန္းဆက္တယ္” ကိုမင္းေရေကာင္မေလးက အစ္မအဖြားျဖစ္သလိုျဖစ္ေနတာေသြးေစာင့္တက္လိုက္တာနဲ႔

ပြဲခ်င္းၿပီးပဲ။ ဒါေပမဲ့ သူေရာဂါ ဒီ‌ေလာက္ဆိုးမွန္း သူမသိရွာဘူး။ အခုလိုင္းဖြင့္ VD call နဲ႔အစ္မျပမယ္ ”တဲ့၊ ကိုယ္လည္း လိုင္းဖြင့္VD call ေခၚၿပီး ခ်က္ခ်င္းၾကည့္လိုက္တယ္။ ဟုတ္တယ္အဲ့ဒီေကာင္မေလးရဲ႕ မိသားစုမွာအသက္ ၇၀ ေက်ာ္ အဖြား နဲ႔တူ ၊တူမေလးေတြ သုံးေယာက္ရွိတယ္။

​ေကာင္မေလးက ေပါင္ေသြးေၾကာမွာ ေသြးခဲတာ။ လက္ရွိ ေသြးကို ေခ်ေနရတယ္။တစ္ခုခု လႈပ္ရွားမယ္ဆိုရင္ မဒါ ေျပာသလို႐ုတ္တရက္ ဆုံးပါးသြားနိုင္တဲ့ အေျခအေန။ ကိုယ္‌ေတြအဖြဲ႔က ဆန္၊ ဆီ၊ဆားကူညီဖို႔သြားတာ ဟိုေရာက္ေတာ့အေျခအေနမွန္ကို သိရၿပီးဘာလုပ္လို႔ ဘာကိုင္ရမွန္း

မသိျဖစ္ကုန္တယ္။ က်န္းမာေရးက ေစာေစာကေျပာတဲ့အတိုင္း ေဆးကုသမႈ စရိတ္လိုတယ္။ စားေရးေသာက္ေရးေကာအဆင္ေျပလား ဆိုေတာ့မီးဖိုေခ်ာင္က ဆီပုလင္းကို လက္ညွိုးထိုးျပတယ္။ လက္ႏွစ္လုံးပဲ က်န္ေတာ့တယ္​တဲ့၊ ဒီေန႔ဘာနဲ႔ စားလဲဆိုေတာ့ ကန္စြန္း႐ြက္ခူးၿပီး ျပဳတ္စားတယ္တဲ့။

အဲ့ဒါ ဟင္းလားဟင္။ VD call ထဲကပဲ ကြၽန္ေတာ္ ငိုမိတယ္။ အခု COVID-19 ကာလ ကူညီမႈေတြ ထဲမွာ သူတို႔ကို ဦးစားေပး အျမန္ဆုံး ကူညီဖို႔ စိစစ္ေရးမႉး ကိုေဝႀကီးက လမ္းေၾကာင္းကျပန္လာေတာ့ လွမ္းေျပာတယ္သူ႕စကားမဆုံးခင္မွာပဲကြၽန္ေတာ္ အတည္ျပဳေပးမိလိုက္တယ္​။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

မနက်က မင်းရသလူမှုကူညီရေး ပရဟိတအဖွဲ့ ကို ဖုန်း ဝင်လာတယ်။ တောင်ဒဂုံမှာတစ်အိမ်လုံးကို ရှာကျွေးနေတဲ့ကောင်မလေးက ကျန်းမာရေး မကောင်းလို့ အလုပ်ခြောက်လနားရမှာမို့ မိသားစု ထမင်းငတ်ရတော့မယ် ကူညီပါတဲ့၊ အဖွဲ့က ဒေါက်တာတစ်ယောက်နဲ့အတူ

စိစစ်ရေးမှူး ကိုဝေကြီးကသွားစစ်တော့ သူပါငိုပြီး ပြန်လာရတယ်။ အကြောင်းစုံကတော့ အတူပါသွားတဲ့ စိစစ်ရေးမှူးကိုဝေကြီးရဲ့အမျိုးသမီး မဒါ က ဟိုရောက်တော့ရေးကြီးသုတ်ပြာ ဖုန်းဆက်တယ်” ကိုမင်းရေကောင်မလေးက အစ်မအဖွားဖြစ်သလိုဖြစ်နေတာသွေးစောင့်တက်လိုက်တာနဲ့

ပွဲချင်းပြီးပဲ။ ဒါပေမဲ့ သူရောဂါ ဒီ‌လောက်ဆိုးမှန်း သူမသိရှာဘူး။ အခုလိုင်းဖွင့် VD call နဲ့အစ်မပြမယ် ”တဲ့၊ ကိုယ်လည်း လိုင်းဖွင့်VD call ခေါ်ပြီး ချက်ချင်းကြည့်လိုက်တယ်။ ဟုတ်တယ်အဲ့ဒီကောင်မလေးရဲ့ မိသားစုမှာအသက် ၇၀ ကျော် အဖွား နဲ့တူ ၊တူမလေးတွေ သုံးယောက်ရှိတယ်။

ကောင်မလေးက ပေါင်သွေးကြောမှာ သွေးခဲတာ။ လက်ရှိ သွေးကို ချေနေရတယ်။တစ်ခုခု လှုပ်ရှားမယ်ဆိုရင် မဒါ ပြောသလိုရုတ်တရက် ဆုံးပါးသွားနိုင်တဲ့ အခြေအနေ။ ကိုယ်‌တွေအဖွဲ့က ဆန်၊ ဆီ၊ဆားကူညီဖို့သွားတာ ဟိုရောက်တော့အခြေအနေမှန်ကို သိရပြီးဘာလုပ်လို့ ဘာကိုင်ရမှန်း

မသိဖြစ်ကုန်တယ်။ ကျန်းမာရေးက စောစောကပြောတဲ့အတိုင်း ဆေးကုသမှု စရိတ်လိုတယ်။ စားရေးသောက်ရေးကောအဆင်ပြေလား ဆိုတော့မီးဖိုချောင်က ဆီပုလင်းကို လက်ညှိုးထိုးပြတယ်။ လက်နှစ်လုံးပဲ ကျန်တော့တယ်တဲ့၊ ဒီနေ့ဘာနဲ့ စားလဲဆိုတော့ ကန်စွန်းရွက်ခူးပြီး ပြုတ်စားတယ်တဲ့။

အဲ့ဒါ ဟင်းလားဟင်။ VD call ထဲကပဲ ကျွန်တော် ငိုမိတယ်။ အခု COVID-19 ကာလ ကူညီမှုတွေ ထဲမှာ သူတို့ကို ဦးစားပေး အမြန်ဆုံး ကူညီဖို့ စိစစ်ရေးမှူး ကိုဝေကြီးက လမ်းကြောင်းကပြန်လာတော့ လှမ်းပြောတယ်သူ့စကားမဆုံးခင်မှာပဲကျွန်တော် အတည်ပြုပေးမိလိုက်တယ်။ ခရက်ဒစ်