UFC တွင်ထိုးသတ်ခဲ့သော သက်တမ်းတလျှောက်မှာ ရှုံးပွဲမရှိသေးတဲ့ဖိုက်တာကြီး ခါဘစ် ဖိုက်တာဘဝကနေအနားယူတော့မည် (ရုပ်သံ)
ယူနီကုဒ်ဖြင့် ဖတ်ရန်
ရှုံးပွဲလုံး၀ မရှိတဲ့ UFC ချန်ပီယံ ဖိုက်တာကြီး ခါဘီဟာ ယနေ့မနက်သုံးနာရီမှာကစားတဲ့ပွဲမှာ ဂျပ်စတင် ဂေဂျီ ကိုအနိုင်ယူအပြီးမှာတော့
ကစားသမားဘ၀ ကနေအနားယူပြီ ဖြစ်တဲ့ အကြောင်းတရားဝင် ကြေငြာသွားခဲ့ပါတယ်။ ယခင် ကတော့ ကွယ်လွန်သွားတဲ့ဖခင် ဖြစ်သူရဲ့
ဆန္ဒအတိုင်း၊ နောက်ဆုံးပွဲမှာ ဂျော့စိန့်ပီယား နဲ့ ထိုးချင်သေးတဲ့ အကြောင်း ပြောဆိုခဲ့ပါသေးတယ်။ သို့သော် အဖေ မရှိတော့တဲ့နောက်ပိုင်း
မိခင် ဖြစ်သူက UFC ပွဲတွေ မထိုးစေချင်တော့ဘူးလို့ တားမြစ်ခဲ့တာကြောင့်၊ ဒီပွဲဟာ နောက်ဆုံးပွဲပါ လို့ ကတိပေးရင်းထိုးသတ်ခဲ့တာ ဖြစ်တယ်လို့
သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြသွားခဲ့ ပါတယ်။ ခါဘီရဲ့ကစားသမားဘဝမှတ်တမ်း UFC ထိုးပွဲ 29 ပွဲနိုင်ပွဲ 29 ပွဲရှုံးပွဲ လုံး၀ မရှိ။ ခရက်ဒစ်