သူမရဲ့အစဉ်အလာမပျက် ရှုတင်ပြီးတိုင်းမှာ ဝါရင့်​အနုပညာရှင်တွေကို ဆန် ဆီ ဆားအစုံအလင်နဲ့ ကန်တော့လေ့ရှိတဲ့ ဖြူဖြူထွေးရဲ့ ကြည်နူးစရာပုံရိပ်​လေးများ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
မူလနာမည်ပျောက်ပြီး ပရဟိတမင်းသမီးလေးလို့ အများက ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့သရုပ်ဆောင် ဖြူဖြူထွေးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေကို လုပ်ကိုင်လေ့ရှိသူပါ။
သူမရဲ့ ရိုးသားဖြူစင်တဲ့စိတ်ထားလေးကြောင့်လည်း အများရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဆယ်လီတွေထဲမှာ ထိပ်ဆုံးနေရာကနေရပ်တည်ထားနိုင်သူလည်း ဖြစ်ပါတယ်။
ယခုလို Covid ကာလမှာတောင်သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာကိုလည်းတွေ့ရပါတယ်နော်။ ယနေ့မှာလည်း ဖြူဖြူထွေးကဝါရင့်ဇာတ်ပို့သရုပ်ဆောင်များနဲ့အတူ
ကြော်ငြာဇာတ်လမ်းတိုလေးကို ရိုက်ကူးနေတာဖြစ်ပြီးရှုတင်အပြီးမှာအစဉ်အလာမပျက် ကန်တော့နေတာပဲဖြစ်ပါတယ်။ ဖြူဖြူထွေးက ဘာသာ တရားကိုင်းရှိုင်းသူဖြစ်ပြီး
သူ့ထက်ကြီးတဲ့ သူတွေအပေါ်မှာလည်း အမြဲရိုသေလေးစားစွာဆက်ဆံလေ့ရှိတာလည်းဖြစ်ပါတယ်။ ယခုမှာလည်း ဖြူဖြူထွေးက ဆန်၊ဆီ၊ဆား အစုံအလင်နဲ့ ကန်တော့နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလာတာပါ။
မျက်နှာလေးတွေထက်မှာ အပြုံးကိုယ်စီနဲ့ ကြည့်မိသူတိုင်း သဘောကျမိစေတဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ခရက်ဒစ်