ကိုဗစ်လူနာများအတွက် အင်းယား Q စင်တာမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ အဆိုတော်မလေး ဂျူဝဲလ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
သံစဉ်များနဲ့ကမ္ဘာ” အဆိုပြိုင်ပွဲကနေပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားတဲ့ အဆိုတော် တွေထဲမှာတော့ ဂျူဝဲလ်တစ်ယောက်လည်း အပါအဝင်ပါ။ လက်ရှိအချိန်မှာတော့ နာမည်ရအော င်မြ င်နေတဲ့အဆိုတော်တစ်ဦးဖြစ်ပြီး
ဂျူဝဲလ်ကတော့သီချင်းအေးအေးလေးတွေနဲ့အတူ ပရိသတ်တွေသတိထားမိတဲ့အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။ အခုလိုကိုဗစ်ကာလမှာတော့ ဂျူဝဲလ်ဟာ လိုအပ်တဲ့နေရာတွေကို လှူဒါန်းဖို့ကိုလည်းမမေ့လျော့ခဲ့ပါဘူး။
ကွာရန်တင်းစင်တာတစ်ခုဖြစ်တဲ့ အင်ယားဝင်တာမှာတော့ အလှူငွေသွားရောက်လှူ ဒါန်းခဲ့ပါတယ်။ အင်းယားစင်တာမှလူနာတွေကျန်းမာရေး၊ ကာကွယ်ကုသရေး၊ ဆေးဝါးနဲ့ အဟာရပြည့်စုံရေးအတွက် အလှူငွေ(၁၀)သိန်းလှူဒါန်းခဲ့တာပါ။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်းက မြင့်တက်လျက်ရှိနေတာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းနဲ့ Volunteer တွေကကြိုးပမ်းနေသလို အလှူရှင်တွေကလည်းလှူဒါန်းလျက်ရှိနေပါတယ်။
အခုလို ကိုဗစ်လူနာတွေအတွက်လှူဒါန်းခဲ့တဲ့ ဂျူဝဲလ်တစ်ယောက် အနုပ ညာလောကမှာလည်းအောင်မြင်မှုများစွာရရှိပြီး အလှူအတန်းတွေလည်း ဆထက်တံပိုးလုပ်နိုင် ပါစေနော်။ ခရက်ဒစ်