ထိုင်းနိုင်​ငံမှာ ကံကြမ္မာပြောင်းလဲစေဖို့အတွက်ကို လက္ခဏာလမ်းကြောင်းတွေအား ပြောင်းလဲပေးနေပြီ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ထိုင်းနိုင်ငံမှာ ကံကြမ္မာပြောင်းလဲစေဖို့အတွက် လက္ခဏာလမ်းကြောင်းတွေကို ပြောင်းလဲပေးတဲ့တက်တူး (ဆေးမင်ကြောင်) ဆိုင်တစ်ခုဟာ လူကြိုက်များရေပန်းစားလျက်ရှိတယ်လို့ သိရပါတယ်။
Nonthaburi ဒေသမှာရှိတဲ့ တက်တူးဆိုင်က ကိုယ်ရဲ့လာဘ်လာဘ၊ ကျန်းမာရေးနဲ့ မေတ္တာရေးအစရှိတာတွေကို ရိုးရိုးလေးပဲ ပြောင်းလဲလိုက်လို့ရပါတယ်လို့ ဆိုထားပါတယ်။
Ajarn Ple ခေါ် Pro-fessor Ple အမည်ရှိတဲ့အမျိုးသမီးက လက္ခဏာလမ်းကြောင်းပြောင်းလဲပေးတဲ့ တက်တူးဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပြီးတော့ ထိုင်းနိုင်ငံမှာ ဒီလိုဆိုင်မျိုးကို
ပထမဆုံးအကြိမ် မြင်တွေ့ရတာဖြစ်ပါတယ်။ Ajarn Ple က သူကိုယ်တိုင်လည်း လက္ခဏာလမ်းကြောင်းပြောင်းထားတာကြောင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတာပါလို့ ဆိုပါတယ်။
အစောပိုင်းမှာ မျက်ခုံးမွေးတက်တူးထိုးတဲ့လုပ်ငန်းသာလုပ်ကိုင်ခဲ့ပြီး လက္ခဏာပညာကို စိတ်ဝင်စားရာကနေ စိတ်ကူးသစ်ရရှိခဲ့တာဖြစ်ပါတယ်။ Ajarn Ple ရဲ့လက္ခဏာလမ်းကြောင်းပြောင်းလဲပေးတဲ့
တက်တူးဆိုင်ကို ယုံကြည်လို့လာရောက် သူတွေလည်းရှိသလို လိမ်နေတာလို့ စွပ်စွဲပြောဆိုနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။ ခရက်ဒစ်