ကိုဗစ်​​ရောဂါပိုးရှိမရှိ စစ်ဆေးဖို့နှာခေါင်း၊ အာခေါင်တို့ဖတ်ယူခံလိုက်ရတဲ့ ထွန်းကိုကို
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ပရိသတ်ကြီးရေ မင်းသားချောလေး ထွန်းကိုကိုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်းအနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ထွန်းကိုကိုက မင်းသားကြီးဦးကျော်သူရဲ့
နာရေးကူညီမှုအသင်းမှာလည်း ပါဝင်ဆောင်ရွက်ပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာပါနော်။ မင်းသားချောထွန်းကိုကိုကတော့ စိတ်သဘောထားပြည့်ဝပြီး ရိုးရိုးရှင်းရှင်း နေထိုင်တတ်လို့ လူချစ်လူခင်လည်း
ပေါများနေတာဖြစ်ပါတယ်။ အခုလတ်တလောမှာဆိုရင်တော့ ဦးကျော်သူက အများအကျိုးကိုသယ်ပိုးဆောင်ရွက်နေရင်းကနေ ကိုဗစ်ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။ ဦးကျော်သူကတော့ ဆေးကုသမှုခံယူဖို့အတွက်
ဝေဘာဂီကိုရောက်ရှိနေတာဖြစ်ပါတယ်။ ထွန်းကိုကိုကလည်း ဆရာနဲ့အတူလိုက်လာပြီး ဘေးကနေ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာကြောင့် အရမ်းစိတ်ချရပါတယ်နော်။ အခုဆိုရင်တော့ဦးကျော်သူက”ကိုယ့်သူစစ် သူ့ဆရာဝန်စစ်ပြီ။
ယနေ့ ရဲဘော်ရဲဘက်ကြီး ကိုထွန်းကိုကိုက ကျွန်တော့်အားဆီးချိုသွေးချိုစစ်ရန် ကူညီဆောင်ရွက်ပေးကာ ၊ ဆရာဝန်များကလည်း ကိုထွန်းကိုကိုအားလာရောက်၍ Swab testing လာရောက်ပြုလုပ်ပြီဖြစ်သည်။ ကံကောင်းပါစေ။
ရဲဘော်ထွန်းကိုကို။”ဆိုပြီး ဆုတောင်းပေးထားတာဖြစ်ပါတယ်။ ဆရာတပည့်နှစ်ယောက်ကတော့ ဘုရား၊တရားလည်းလုပ်ကြရင်း ကြံကြံခိုင်ခိုင် ရင်ဆိုင်နေတဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ခရက်ဒစ်