​ေအာက္​​ေျခအလုပ္​သမားဘဝကေနၿပီး အကယ္ဒမီဆုရ အႏုပညာရွင္တစ္ဦးျဖစ္ေအာင္ ႀကိဳးစားခဲ့ရတယ္ဆိုတဲ့ ဟာသလူရႊင္ေတာ္ႀကီး မိုးဒီ

မိုးဒီဟာ ၁၉၆၂ ခုႏွစ္တုန္းကဇာတ္သမား တစ္ေယာက္အေနနဲ႔ အႏုပညာေလာကရဲ့ ေအာက္ေျခအလုပ္သမားဘဝမွာက်င္လည္ခဲ့ရတယ္လို့ ဆိုပါတယ္။ အဲဒီကေနတဆင့္ လူရႊင္ေတာ္တစ္ဦးျဖစ္လာတဲ့အေၾကာင္း ေျပာျပလာပါတယ္။

“ကၽြန္ေတာ္က ငယ္စဥ္ကတည္းကဒီဟာသပညာကို ခ်စ္ျမတ္နိုးၿပီးေတာ့ ႐ူးသြပ္ခဲ့တယ္။ ဒါေၾကာင့္ ၁၉၆၂ ခုႏွစ္တုန္းက (၁၄) ႏွစ္သားအရြယ္မွာ ဇာတ္သဘင္သမား ဘဝကေနစျဖတ္သန္းခဲ့တယ္။ ေအာက္ေျခအလုပ္သမားဘဝမွာ အလုပ္လုပ္ရင္း လၽွပ္စစ္ပညာကို​ေလ့လာခဲ့ၿပီးေတာ့

မီးဆရာ ျဖစ္ခဲ့ပါတယ္။ အဲဒီကေနတဆင့္ လူလိုလို႔ဝင္ကရင္းနဲ႔ ျပဇာတ္မင္းသားလည္း ျဖစ္ခဲ့ရ တယ္၊ လူရႊင္ေတာ္လည္းျဖစ္ခဲ့ရပါတယ္။ ေနာက္ဆုံးေတာ့ ကၽြန္ေတာ္က လူရႊင္ေတာ္ႀကီးျဖစ္ခဲ့ ပါတယ္” လို့ သူကဆိုပါတယ္။ အဲဒီေနာက္ မိုးဒီဟာ လူရႊင္ေတာ္တစ္ေယာက္အျဖစ္

လူရႊင္ေတာ္ ေမာ့စ္နဲ႔ အၿငိမ့္ေတြကရာမွာအေပးအယူမၽွခဲ့သလို ပရိသတ္အားေပးမွုေတြလည္း ရရွိလာတာေၾကာင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္လုပ္ဖို့ အတြက္ သ႐ုပ္ေဆာင္ေလာကမွ ကမ္းလွမ္းခဲ့ၾကတယ္လို့ ဆိုပါတယ္။ မိုးဒီက ဗီဒီယိုဇာတ္ကားေတြလည္း ရိုက္ခဲ့ရသလို႐ုပ္ရွင္ကားႀကီးေတြလည္း

ရိုက္ကူးခဲ့ရသူတစ္​ေယာက္ပါ။ သူပထမဆုံး ရိုက္ကူးခဲ့ရတဲ့႐ုပ္ရွင္ဇာတ္ကားကေတာ့ “ ကိုးဆယ္ဆ သာလိမ့္မယ္” ႐ုပ္ရွင္ကားႀကီးျဖစ္ပါတယ္။ ဒီကားကေန တဆင့္ မိုးဒီဟာ ပထမဆုံးအကယ္ဒမီ ဇာတ္ပို့ဆုကို ရရွိခဲ့တယ္လို႔သိရပါတယ္။ “ဇာတ္သဘင္ေလာကမွာ ကိုေမာ့စ္နဲ႔

လက္တြဲၿပီးေတာ့ အၿငိမ့္ေတြကခဲ့ၾကတယ္။ အဲဒီမွာ ကၽြန္ေတာ္တို့ သေဘာက်ၾကတဲ့အတြက္ ဗီဒီယို ေလာက က ကမ္းလွမ္းလာခဲ့ၾကတယ္။ ၁၉၈၄ ခုႏွစ္မွာ “ မ်က္စိမွိတ္၍ ေခါင္းညိမ့္ျပသည္” ဆိုတဲ့ဇာတ္ကားမွာ စၿပီးေတာ့ဇာတ္ပို့ ဇာတ္ရံအျဖစ္ ပထမဆုံး ပါဝင္သ႐ုပ္ေဆာင္ခဲ့ရတယ္။

ၿပီးေတာ့ ျမန္မာတစ္နိုင္ငံလုံး အၿငိမ့္ၿပိဳင္ပြဲမွာ ပထမဆုံးဆုနဲ႔ ပထမဆုံးအၿငိမ့္ဆိုတဲ့ ေရႊတံဆိပ္ဆု (၂) ဆုကို ရရွိခဲ့ပါတယ္။ ဒီလိုနဲ႔ ႀကိဳးစားလာရင္း ၂၀၀၇ ခုႏွစ္မွာ ရိုက္ကူးခဲ့တဲ့ “ ကိုးဆယ္ဆသာလိမ့္မယ္” ဆိုတဲ့႐ုပ္ရွင္ဇာတ္ကားနဲ႔ ကၽြန္ေတာ္ ဇာတ္ပို့ ဆုရခဲ့ပါတယ္။

ကၽြန္ေတာ့္ရဲ့ ဝါသနာအရေရာ၊ ဝမ္းေရးအတြက္ပါ လုပ္ေနရတဲ့ ဒီအလုပ္ေလးကို ဆက္လက္လုပ္ကိုင္ရင္း အခုခ်ိန္မွာ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္တဲ့ ကာလနဲ႔ ၾကဳံရပါတယ္” ဆိုၿပီးေတာ့ ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္ အမွတ္တရ ဂုဏ္ျပဳစကားေျပာရင္း ေျပာခဲ့တာျဖစ္ပါတယ္။ မိုးဒီကိုေတာ့လူရႊင္ေတာ္

တစ္ေယာက္အျဖစ္ အၿငိမ့္၊ ျပဇာတ္ ေတြကေနတဆင့္ ပရိသတ္ေတြစတင္အားေပးခဲ့ၾကတာပါ။ အဲဒီေနာက္ ဇာတ္ကားေတြလည္း ရိုက္ကူးလာခဲ့ရပါတယ္။ တီဗီေၾကာ္ျငာေတြလည္း အမ်ားႀကီး ရိုက္ကူးထားသူတစ္ေယာက္ပါ။

သူ႔ရဲ့ အႏုပညာမ်ိဳးစက္အေနနဲ႔ သားျဖစ္သူ လူရႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ေကာင္းစံ ကလည္း ပရိသတ္အားေပးမွုေတြ ရရွိ ထားတဲ့ ဟာသပညာရွင္တစ္ေယာက္ပါ။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

မိုးဒီဟာ ၁၉၆၂ ခုနှစ်တုန်းကဇာတ်သမား တစ်ယောက်အနေနဲ့ အနုပညာလောကရဲ့ အောက်ခြေအလုပ်သမားဘဝမှာကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီကနေတဆင့် လူရွှင်တော်တစ်ဦးဖြစ်လာတဲ့အကြောင်း ပြောပြလာပါတယ်။

“ကျွန်တော်က ငယ်စဉ်ကတည်းကဒီဟာသပညာကို ချစ်မြတ်နိုးပြီးတော့ ရူးသွပ်ခဲ့တယ်။ ဒါကြောင့် ၁၉၆၂ ခုနှစ်တုန်းက (၁၄) နှစ်သားအရွယ်မှာ ဇာတ်သဘင်သမား ဘဝကနေစဖြတ်သန်းခဲ့တယ်။ အောက်ခြေအလုပ်သမားဘဝမှာ အလုပ်လုပ်ရင်း လျှပ်စစ်ပညာကိုလေ့လာခဲ့ပြီးတော့

မီးဆရာ ဖြစ်ခဲ့ပါတယ်။ အဲဒီကနေတဆင့် လူလိုလို့ဝင်ကရင်းနဲ့ ပြဇာတ်မင်းသားလည်း ဖြစ်ခဲ့ရ တယ်၊ လူရွှင်တော်လည်းဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ကျွန်တော်က လူရွှင်တော်ကြီးဖြစ်ခဲ့ ပါတယ်” လို့ သူကဆိုပါတယ်။ အဲဒီနောက် မိုးဒီဟာ လူရွှင်တော်တစ်ယောက်အဖြစ်

လူရွှင်တော် မော့စ်နဲ့ အငြိမ့်တွေကရာမှာအပေးအယူမျှခဲ့သလို ပရိသတ်အားပေးမှုတွေလည်း ရရှိလာတာကြောင့် ဇာတ်ပို့သရုပ်ဆောင်လုပ်ဖို့ အတွက် သရုပ်ဆောင်လောကမှ ကမ်းလှမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ မိုးဒီက ဗီဒီယိုဇာတ်ကားတွေလည်း ရိုက်ခဲ့ရသလိုရုပ်ရှင်ကားကြီးတွေလည်း

ရိုက်ကူးခဲ့ရသူတစ်ယောက်ပါ။ သူပထမဆုံး ရိုက်ကူးခဲ့ရတဲ့ရုပ်ရှင်ဇာတ်ကားကတော့ “ ကိုးဆယ်ဆ သာလိမ့်မယ်” ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီကားကနေ တဆင့် မိုးဒီဟာ ပထမဆုံးအကယ်ဒမီ ဇာတ်ပို့ဆုကို ရရှိခဲ့တယ်လို့သိရပါတယ်။ “ဇာတ်သဘင်လောကမှာ ကိုမော့စ်နဲ့

လက်တွဲပြီးတော့ အငြိမ့်တွေကခဲ့ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ သဘောကျကြတဲ့အတွက် ဗီဒီယို လောက က ကမ်းလှမ်းလာခဲ့ကြတယ်။ ၁၉၈၄ ခုနှစ်မှာ “ မျက်စိမှိတ်၍ ခေါင်းညိမ့်ပြသည်” ဆိုတဲ့ဇာတ်ကားမှာ စပြီးတော့ဇာတ်ပို့ ဇာတ်ရံအဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ရတယ်။

ပြီးတော့ မြန်မာတစ်နိုင်ငံလုံး အငြိမ့်ပြိုင်ပွဲမှာ ပထမဆုံးဆုနဲ့ ပထမဆုံးအငြိမ့်ဆိုတဲ့ ရွှေတံဆိပ်ဆု (၂) ဆုကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ကြိုးစားလာရင်း ၂၀၀၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “ ကိုးဆယ်ဆသာလိမ့်မယ်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ ကျွန်တော် ဇာတ်ပို့ ဆုရခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ဝါသနာအရရော၊ ဝမ်းရေးအတွက်ပါ လုပ်နေရတဲ့ ဒီအလုပ်လေးကို ဆက်လက်လုပ်ကိုင်ရင်း အခုချိန်မှာရုပ်ရှင် နှစ်(၁၀၀) ပြည့်တဲ့ ကာလနဲ့ ကြုံရပါတယ်” ဆိုပြီးတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့် အမှတ်တရ ဂုဏ်ပြုစကားပြောရင်း ပြောခဲ့တာဖြစ်ပါတယ်။ မိုးဒီကိုတော့လူရွှင်တော်

တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေစတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။

သူ့ရဲ့ အနုပညာမျိုးစက်အနေနဲ့ သားဖြစ်သူ လူရွှင်တော် ဟာသသရုပ်ဆောင် ကောင်းစံ ကလည်း ပရိသတ်အားပေးမှုတွေ ရရှိ ထားတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ ခရက်ဒစ်