ေျမႀကီးကို စားစရာအျဖစ္ေရာင္းတယ္ စားလုိ႔ရတယ္ဆိုတာ မသိတာဟာ ကြ်န္ေတာ္တစ္ေယာက္တည္းလားဗ်ာ
|ေရွးေခတ္ ျဗဟၼာႀကီးေတြ ေျမသင္းစား လို့ ထူးဆန္းတဲ့ အခ်စ္ျဖစ္ေပၚခဲ့သတဲ့ (မင္းေအာင္ သီခ်င္းထဲၾကားဖူးခဲ့တာ)တစ္ကယ္ေျမႀကီးကိုစားစရာ အျဖစ္ေရာင္းမွန္း ခုမွသိတယ္။ တစ္သက္နဲ႔ တစ္ကိုယ္ အခုမွ ျမင္ဖူးၾကားဖူးတာပါ၊
မိတ္ေဆြတို့ေရာ၊ ဗဟုသုတအေနနဲ႔မၽွေဝပါရေစ။ ေအာင္ပန္းေဈး ေန႔တိုင္းေျမႀကီးခဲလာေရာင္းတဲ့ မို့အို။ စားလို့ရတဲ့ ေျမခဲေလးေတြပါ။ ေျမခဲတိုင္း စားလို့မရပါဘူး ။ပအိုဝ္းလူမ်ိဳးအေခၚအေဝၚက *ဟမ္းေတာ့*လို့ေခၚတယ္။
ေျမႀကီးေတာ့ဟုတ္တယ္ ၊ ရိုးရိုးေျမႀကီးေတာ့ မဟုတ္ပါဖူး။ လြယ္လြယ္နဲ႔ ရွာလို့မရပါဘူး။ ဒီစားလို့ရတဲ့ ေျမႀကီးေတြကေနရာသက္သက္ရွိပါတယ္။မ်ားေသာအားျဖင့္ အဖိုးအဖြား ေတြႀကိဳက္ၾကတယ္။ အစာေျပေပါ့ ထမင္းစားၿပီးရင္
စားၾကတာမ်ားတယ္။ တခ်ိဳ့ၾက စားတာစြဲသြားရင္ မစားဘဲ မေနနိုင္ျဖစ္သြားပါတယ္။ နို့ဆီဘူးတဘူး ငါးရာပါ။ အရသာက စိမ့္ပါတယ္။ ထုံးဓါတ္ အနဲငယ္ပါပါတယ္။အနဲငယ္ စပ္ပါတယ္။ ရွမ္းလို လိန္ဟြမ္း လို့ေခၚတယ္။ ဗမာလို ေျမႀကီးေမြးလို့
အဓိပၸါယ္ရတယ္။ ရွမ္းျပည္ေတာင္ပိုင္းမွာဆို ဗအို့လူမ်ိဳးေတြ အစားမ်ားတယ္။ ထူးထူးဆန္းဆန္း ေလးမို့ မိတ္ေဆြတို့ အတြက္ မၽွေဝေပးလိုက္တာပါ ။ ခရက္ဒစ္ ဘႀကီးစိုး
ယူနီကုဒ္ျဖင့္ ဖတ္ရန္
ရှေးခေတ် ဗြဟ္မာကြီးတွေ မြေသင်းစား လို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်ခဲ့သတဲ့ (မင်းအောင် သီချင်းထဲကြားဖူးခဲ့တာ)တစ်ကယ်မြေကြီးကိုစားစရာ အဖြစ်ရောင်းမှန်း ခုမှသိတယ်။ တစ်သက်နဲ့ တစ်ကိုယ် အခုမှ မြင်ဖူးကြားဖူးတာပါ၊
မိတ်ဆွေတို့ရော၊ ဗဟုသုတအနေနဲ့မျှဝေပါရစေ။ အောင်ပန်းဈေး နေ့တိုင်းမြေကြီးခဲလာရောင်းတဲ့ မို့အို။ စားလို့ရတဲ့ မြေခဲလေးတွေပါ။ မြေခဲတိုင်း စားလို့မရပါဘူး ။ပအိုဝ်းလူမျိုးအခေါ်အဝေါ်က *ဟမ်းတော့*လို့ခေါ်တယ်။
မြေကြီးတော့ဟုတ်တယ် ၊ ရိုးရိုးမြေကြီးတော့ မဟုတ်ပါဖူး။ လွယ်လွယ်နဲ့ ရှာလို့မရပါဘူး။ ဒီစားလို့ရတဲ့ မြေကြီးတွေကနေရာသက်သက်ရှိပါတယ်။များသောအားဖြင့် အဖိုးအဖွား တွေကြိုက်ကြတယ်။ အစာပြေပေါ့ ထမင်းစားပြီးရင်
စားကြတာများတယ်။ တချို့ကြ စားတာစွဲသွားရင် မစားဘဲ မနေနိုင်ဖြစ်သွားပါတယ်။ နို့ဆီဘူးတဘူး ငါးရာပါ။ အရသာက စိမ့်ပါတယ်။ ထုံးဓါတ် အနဲငယ်ပါပါတယ်။အနဲငယ် စပ်ပါတယ်။ ရှမ်းလို လိန်ဟွမ်း လို့ခေါ်တယ်။ ဗမာလို မြေကြီးမွေးလို့
အဓိပ္ပါယ်ရတယ်။ ရှမ်းပြည်တောင်ပိုင်းမှာဆို ဗအို့လူမျိုးတွေ အစားများတယ်။ ထူးထူးဆန်းဆန်း လေးမို့ မိတ်ဆွေတို့ အတွက် မျှဝေပေးလိုက်တာပါ ။ ခရက်ဒစ် ဘကြီးစိုး