ချစ်ရပါသောမေမေကို သိန်းချီတန်တဲ့ပတ္တမြားတစ်စုံနဲ့ သီတင်းကျွတ်ကန်တော့လိုက်တဲ့ ဦးနေဝင်းရဲ့ချစ်ဇနီးလေး အိမ့်ချစ်ချော
ယူနီကုဒ်ဖြင့် ဖတ်ရန်
ပရိသတ်ကြီးရေ Travel Bloggerတစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ချောကတော့ အဆိုတော်နေဝင်း နဲ့ အ တူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။ နေဝင်းနဲ့အိမ့်ချစ်ချောတို့ ဇနီးမောင်နှံနှစ်ယောက်ကချစ်သူဘဝကို
နှစ်ပေါင်းအကြာကြီး ဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။ သူမတို့နှစ်ယောက်လုံးကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ သူတွေပဲဖြစ်ပါတယ်နော်။ နေဝင်းနဲ့အိမ့်ချစ်ချောတို့ရဲ့ အိမ်ထောင်ရေးလေးကသာယာစိုပြေပြီး
အရမ်းပျော်ဖို့ကောင်းပါတယ်နော်။ လူငယ်တွေပီပီ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် စနောက်ကြပြီး နားလည်မှုအပြည့်လည်းရှိကြလို့ ပရိသတ်တွေက အားကျနေကြတာဖြစ်ပါတယ်။ အိမ့်ချစ်ချောကတော့ ခင်ပွန်းအပေါ်မှာလည်း
ဇနီးကောင်းတစ်ယောက်ပီသစွာနဲ့ ဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။ အခုဆိုရင်တော့ အိမ့်ချစ်ချောက မေမေ့ကို ပတ္တမြားနားကပ်တစ်ရံနဲ့ သီတင်းကျွတ်ကန်တော့ လိုက်တာဖြစ်ပါတယ်။ သူမကတော့”ကိုယ့်အဖေနဲ့အမေကို
သီတင်းကျွတ်ကန်တော့ဖို့ မမေ့နဲ့ နော်လက်ဆောင်တန်ဖိုးထက် သူတို့ကြိုက်တဲ့မုန့်လေးဆိုလည်း အဆင်ပြေတယ် အဝေးရောက် နေသူတွေက ဖုန်းလေးဆက်ပြီးကန်တော့နော်”ဆိုပြီး ရေးသားထားကာ ချစ်တဲ့ပရိသတ်တွေကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်နော်။ ခရက်ဒစ်