အမေရောဂါ ကူးချင်ကူးပါစေတော့ကွယ်​ ဆရာမတွေကိုပြောပြီး သမီး​​လေးဘေးမှာ ​မေ​မေရှိနေပေးမယ်နော်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ထုတ်ပြန်ထားတဲ့စည်းကမ်းတွေလိုက်နာကြပါ ပတ်ဝန်းကျင်ကဘဝတွေ၊ ခံစားကြေကွဲမှုတွေကိုကိုယ်ချင်းစာကြပါ။ “အမေဘာဘဲဖြစ်ဖြစ် အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ဆရာမတွေကိုပြောပြီးသမီးလေးနဲ့အတူ အမေဘေးမှာရှိနေပေးမယ်နော်”တဲ့။
ဒီနေ့မှတ်မှတ်ရရ ၂၂.၁၀ .၂၀ရက်နေ့ ကိုဗစ်ကြောင့် ကျနော့ နှလုံးသားအရင့်အမာကြီးကို မျက်ရည်ကျအောင်ဖန်တီးလိုက်တဲ့ မေ့မရနိုင်တော့မယ့် ကြေကွဲစရာနေ့ တနေ့ဆိုလည်းမမှားပါဘူး။ယခင် အကြိမ်တွေလိုဘဲ Quarantine ကနေပိုးမရှိတဲ့သူဆို ပျော်ရွှင်စွာအိမ်ပြန်ကြ
ပိုးတွေ့တဲ့သူတွေဆို ဆက်လက်နေပြီးနောက်ရက်မှာ ကုသရေးစင်တာကိုသွားကြရတယ်။ ဒီနေ့မှာ ဖြစ်သွားတဲ့ဖြစ်စဉ်လေးပါ။ “အမေ အဖေသမီးတယောက်ထဲဒီမှာ နေခဲ့ရမှာလားဟင်” “အေးပေါ့သမီးလေးရယ်သမီးက ပို့တွေ့လူနာဖြစ်နေတော့ဆေးကုသခံရမယ်လေ သမီးလေးရဲ့”
“ဟုတ်လားဟင် မေရီး ဖေရီးပြောတာ” “သမီးလေး ဆေးကုသခံလိုက်နော်သမီး ဘာကြောက်စရာမဟုတ်ပါဘူး ကျန်းမာသွားရင်အမေကိုယ်တိုင် လာခေါ်မယ်နော်၊ သမီးလေးရယ် တိတ် တိတ်” “ဟင့်အင်း ဟင့်အင်း မလိုက်ပါရစေနဲ့ မေမေနဲ့ဖေဖေရယ်နော်သမီးကြောက်တယ်နော်ဖေရီး
ကြေကွဲစရာ ရင်နင့်စရာမြင်ကွင်းနဲ့ အသံလေးတွေကြားမှာကျနော် စီးမျောရင်းစွံ့အနေတဲ့အချိန်မှာ “ကဲပါသမီးရယ် အမေ ယရင်ခွင်ထဲမှာဘဲနေတော့နော်” မိခင်ဖြစ်သူမှ ခလေးအနားပြန်သွားရင်း “အမေဘာဘဲဖြစ်ဖြစ် အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ဆရာမတွေကိုပြောပြီး
သမီးလေးနဲ့အတူ အမေဘေးမှာရှိနေပေးမယ်နော်”တဲ့ ဒိထက်ကြေကွဲ သေပွဲတွေနဲ့ခွဲခွာ ခံစားကြရတဲ့ ပုံရိပ်တွေဟာဘယ်လောက်တောင် ဖြစ်နေပြီလဲဆိုတာတော့။ ခရက်ဒစ် အုန်းဟန်