ဒရမ်​တီးတဲ့ ဘုံဘုံအပေါ်မှာ တဏှာစိတ်​မရှိပဲ ဖြူဖြူစင်​စင်​ရိုးရိုးသားသားပါပဲဆိုတဲ့အကြောင်းကို ရှင်းပြလာ​သော ဟေဇယ် (ရုပ်​သံ)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အသံပါဝါ အားကောင်းကောင်းနဲ့ သီချင်းတိုင်းလိုလို သီဆိုတတ်တဲ့ The Voice Myanmar Season 2 ပြိုင်ပွဲဝင် ဟေဇယ်ကတော့ အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာရလာပြီ လို့ဆိုရမှာပါ။ ဒီနှစ်The Voice Myanmar ပြိုင်ပွဲမှာဆိုရင်တော့ ပြိုင်ပွဲဝင်သူတွေထက်
Drum တီးတဲ့ ဘုံဘုံဟာ ငယ်ရွယ်သူဖြစ်ပေမယ့် Drum ကိုကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ အပြင် ရုပ်ရည်ချောမောမှုကြောင့်လည်း မိန်းကလေးတွေရဲ့အသည်းစွဲ ဖြစ်နေတာပါ။ အဲ့ဒီအကြောင်းကို အင်တာဗျူးတစ်ခုမှာ ဟေဇယ်က ဘုံဘုံလေးကအရမ်းချစ်စရာကောင်းတယ်၊
လာလိုက်ရင် သူ့ကိုပဲလိုက်လိုက် ချောင်းကြည့်နေရတာ လို့ပြောဆိုခဲ့တဲ့အပေါ်ဝေဖန်မှုတွေရှိ လာ ခဲ့ တာဖြစ်ပါတယ် ဒီလိုဝေဖန်မှုတွေအပေါ် ဟေဇယ်က သူ့အနေနဲ့ ဘုံဘုံ့အပေါ်တနှာစိတ်တွေ မရှိတဲ့အကြောင်း ပြန်လည်ဖြေရှင်းလာခဲ့တာပါ၊ ဘုံဘုံ့ကိုက မောင်လေးလိုချစ်တာပါ။
သူ့ကို ခိုးခိုးကြည့်နေရတယ်လို့ပြောလိုက်တာက ဟေဇယ်တို့ ဒီဘက်မှာကျ အသုံးအနှုန်းကကျတော့ လွန်လွန်ကျူးကျူးပြောလိုက်တာပေါ့ ခိုးကြည့်စရာတော့ဘယ်လိုမလဲ ကိုယ့်ရှေ့မှာဆော့ကစားနေတဲ့ကလေးလေးလေ သူ့ညီမလေးနဲ့သူဆော့နေတာခိုး ကြည့်တယ်လို့
ပြောချင်တာမဟုတ်ဘူး။ ခိုးကြည့်တယ်ဆိုတာက သူ့ကို အမြဲတမ်းကြည့်နေရတယ် သူ့ကိုမောင်လေးလိုချစ်တာပညာကိုသဘောကျတာ သူ့ရုပ်ကလေးကတကယ်လည်းချစ်စရာကောင်းတယ်လေ ဟေဇယ့်မှာတကယ်တနှာစိတ်လုံးဝမရှိပါဘူး။ ဘယ့်နှယ်ကိုယ်နဲ့ ၁၂ နှစ်လောက်ကွာတဲ့
ကလေးလေး ဘယ်လိုလုပ်ပြောရက်တာလဲပေါ့နော်၊ ဒါပေမယ့် ချစ်တာကို ချစ်တဲ့အတိုင်းလေးပဲပြောပြတာပါ တကယ်ချစ်စရာကောင်းတယ် အပြင်မှာ လုံးဝကလေးလေး ဟေဇယ်တို့ဆိုရင် ၁၂ ၁၃ ပုံမှန်ဆို လူပျိုပေါက်စလေးဖြစ်နေပြီ တည်တည် ကြီးနေကြတယ်ပေါ့ သူကအဲ့လိုမဟုတ်ဘူး။
တကယ့်ကလေးလေးလိုကြီးလျှောက်ဆော့တယ် သူကဒီအရွယ်မှာဒီလောက်တော်တာ ချီးကျူးသင့်နေပြီလေ အဲ့ဒါကိုက ချစ်စရာကောင်းနေပြီ လေ အဲ့ဒါကို ဘာလို့တနှာဘက်တွေတွေးပြီးတော့ ဘာလို့ နှာဘူးမတွေရော နှာဘူးတွေရော အဲ့လိုတွေပြောခံရတာပါ ” လို့ဆိုသွားခဲ့တာဖြစ်ပါတယ်။
ဟေဇယ်ကတော့ ဘုံဘုံနဲ့ပတ်သတ်ပြီး သူ့အပေါ်ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းသွားခဲ့တာပါ ပရိသတ်ကြီးရေ အဆုံးထိဖတ်ရှုပေးခဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ ခရက်ဒစ်