ခုကာလကြီးမှာ ထမင်းဆိုင်တွေ အကုန်ပိတ်ထားလို့ ဆာ​လောင်​မှု့များနဲ့ဒုက္ခရောက်လာကြတဲ့ ခရီးသွားများအတွက် သူမရဲ့ ကာလဒါနကုသိုလ်တဲ့ သာဓုပါပဲဗျာ










ထမင်းစားစရာရှိလားတဲ့အဟီးညီမလေးတို့သား အမိက ငတ်ဖို့နေနေသာသာခရီးဝေး ကလူတွေ ကိုတောင်ဒါနလုပ်နေတာ3ရက်ရှိပီဆိုတော့ မယုံဘူးလေ​ပြောပြလိုက်ဦး အုပ်ကြီးရေ အိမ်ကလူတွေက လိုင်းသုံးကျတာမဟုတ်ေ​တာ့မသိဘူးလေ အရင်ဆယ်ဇင်းမှာနေတုန်းက သမာဓိဆိုင်မှာ



ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်

သူမရဲ့ ပိုစ့်ကိုကြည့်ရင်း လေးစားလို့မဆုံးနိုင်ပါဘူးခင်ဗျာ။ ကာလ ဒါနအရမ်းချမ်းသာလို့တော့မဟုပ်ပါဘူးနော့။ ကပ်ရောဂါကြောင့် ထမင်းဆိုင်တွေစားသောက်ဆိုင် တွေကို ဆိုင်ထိုင်စားခွင့်မပြုပဲ ပါဆယ် သာရောင်းချ ဖို့ခွင့်ပြုထားပေမဲ့လဲ ငွေပေး ငွေယူကတစ်ဆင့် ထိတွေ့မှု့ရှိရင်လဲ

ကူးစက်နိုင်ပြီး စကား ပြောရာက တစ်ဆင့်ကူးစက်နိုင်တယ် ဆိုတာကြောင့် ခရီးလမ်းတစ်လျှောက်မှာထမင်းဆိုင်များပိတ်ထားသောကြောင့် ပိုက်ဆံပါပေမဲ့ထမင်းဝယ်စား လို့မရ ပဲ ဗိုက်ဆာနေတဲ့ ခရီးသည်များ အတွက်ကိုယ်တိုင်ယူစနစ် နဲ့ ထမင်းဘူးလေးတွေ လုံးတုံ ဂိတ်ရှေ့က

ကျမရဲ့ဆိုင်ရှေ့မှာဝင်ယူသွားနိုင်ပါတယ် အားမနာပါနဲ့မရှက်ပါနဲ့နော့ လောလောဆယ်မဆာ သေးဘူးရှေ့ရောက်မှ ဝယ်စားမယ် စိတ်မကူးနဲ့နော် ရှေ့ခရီးမှာ မသေချာဘူးယူသွားပါနော်။ ကုန်ရင်ထပ်ချက်မယ်လေ ခဏပါပဲမကြာပါဘူး ငါးပိကြော်ကအဆင်သင့် ငါးကြော်ကလဲ

အဆင်သင့် ထမင်းအိုးတစ်လုံးနဲ့ ကြက်ဥထပ်ကြော်ရုံပဲနော်၊ အဟာရ ဒါနပြုလုပ်ရသောကုသိုလ်အကျိုးကြောင့် ကမ္ဘာတွင့်ပြန့်နံနေသောကပ်ရောဂါဆိုးကြီးအမြန်ဆုံးကင်းစင်လွင့်ပျောက်ပါစေဘုရားCovid ကြောင့်ကျောက်မှော်မှာအခက်အခဲဖြစ်ပြီးပြန်လာကျတဲ့ခရီးသွားများ အားကျမရဲ့

2ရက်မြောက် အာဟာရ ဒါနပါနော် ချစ်မိတ်ဆွေများ သာဓု ခေါ်ရင်းနဲ့ထမင်းဘူးလေးတွေ ဝင်ယူသွားကျဖို့လက်တို့ လိုက်ကျပါနော်၊ တစ်ချို့ကရှက်နေကျတယ် တစ်ချို့ကလဲဝမ်းသာအားရ နဲ့ ကျွန်တော်က အစားကြီးလို့2ဘူးယူပါရစေ တဲ့ယူသွားကျပါ တစ်ကယ်ဆာလောင်မူ့ရဲ့ဒုက္ခကို

ခရီးသွားဘူးလို့သိပါတယ်နော့၊ ကောင်လေးတစ်ယောက်ကကျေးဇူး တင်ပါတယ်တဲ့ မနေ့ည ကတည်းက မစားရသေးဘူးတဲ့ဒီမနက်လဲ လမ်းမှာ ဘာဆိုင်မှ မတွေဘူးတဲ့ရေဦးနယ် ထိပြန်ရမှာတဲ့ပြီးတော့ ကောင်လေးတစ်ယောက်ကလဲ အမရေအလှူရှင်ကိုဓာတ်ပုံရိုက်ပါရစေတဲ့

ကျွန်တော်တို့ကကောလင်းထိပြန်မှာပါတဲ့ ကျေးဇူးတင်ပါတယ်တဲ့ အာ့ဆွင် နင်တို့ကိုလဲဓာတ်ပုံပြန်ရိုက်မယ်ဆိုတော့ ရိုက်ပါအမတဲ့ ငါကလိုင်းပေါ်တင်မှာနော်ဆိုတော့ တင်ပါတဲ့လေ။ ဒီနေ့တော့ဟင်း တွေကတစ်မျိုးပိုလာပီ မနေ့ကတော့ ကြက်ဥကြော် ငါးကြော်နဲ့ငါးပိကြော်ရယ်

ဟင်းကတော့မြင်တဲ့အတိုင်းပဲစေတနာအပြည့်နဲချက်ထားတယ် သမီးကြီးကအမေကလဲနေ့တိုင်းဒီဟင်းကြီးပဲတဲ့ ကြက်သားဝက်သားလေးချက်ပါတဲ့ အမေကဒါပဲတတ်နိုင်လို့လေနော့၊ အားလုံးကိုအမျှပေးဝေပါတယ်။ ယခုပြု ရကုသလကြောင့် ပြည်သူပြည်သား နယ်သူနယ်သားအားလုံး

ကပ်ကြီး၃ပါးကျော်လွားနိုင်ပြီးအခက်အခဲကာလလွန်မြောက်ပြီးသကာလ လူတိုင်းအပေါ် ကိုယ်ချင်းစာတရားများဖုံးလွမ်းကျပါစေလို့ပေါ့။ ဒီနေ့တော့ လုံးတုံရွာ အေးအေးအထည်ဆိုင်ကပေါ်ဆန်းမွေး2ပြည်ဒါန လုပ်ပါရစေတဲ့ ကျမကအလှူမခံဘူးနော်၊ ပေါက်စီကရောင်းရလို့လားတဲ့

ထမင်းစားစရာရှိလားတဲ့အဟီးညီမလေးတို့သား အမိက ငတ်ဖို့နေနေသာသာခရီးဝေး ကလူတွေ ကိုတောင်ဒါနလုပ်နေတာ3ရက်ရှိပီဆိုတော့ မယုံဘူးလေပြောပြလိုက်ဦး အုပ်ကြီးရေ အိမ်ကလူတွေက လိုင်းသုံးကျတာမဟုတ်တော့မသိဘူးလေ အရင်ဆယ်ဇင်းမှာနေတုန်းက သမာဓိဆိုင်မှာ

wifiချိတ်ပြီ လိုင်းသွားသုံးတာကို အမေကသမီး ညည်းက ဝိုင်းဖိုင်သွားသွားထိုင်နေတာဆိုတဲ့ ဦးအဲဝေတို့က ဖဲဝိုင်းထောင်ထားတာလားတဲ့ ဝိုင်ဖိုင်ဆိုင်ကို ဖဲဝိုင်းထင်နေတာလေ။ ပေါက်စီကလဲရောင်းရပါတယ်အင်းဝဲယာကလူတွေကဆိုင်ကယ်တွေနဲ့လာဝယ်ကျတယ်ရွာထဲက

လူတွေလဲစားစရာဈေးဆိုင်ကရှားပါးတော့ ပေါက်စီပဲသရေစာရှိတာလေကဲပေါက်စီ လုပ်လိုက်ဦးမယ်နော် မရှိတော့ဘူးရောင်းစရာဤသို့ပြုလုပ်ရသော အာဟာရဒါန ကုသိုလ်အကျိုးအားကြောင့်ယခုကမ္ဘာတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ပိုးသက်တန်းကုန်ဆုံးပါစေတတည်း။ ခရက်ဒစ် မအိအိချောဖားကန့်မြို့နယ်ဆယ်ဇင်းကျေးရွာ