ကိုဗစ်ရောဂါတွေဖြစ်နေပေမယ့်လည်း စားဝတ်နေရေးအတွက်အပြင်ထွက်ပြီးအလုပ်လုပ်နေရတဲ့ ချို့တဲ့သူများကိုတတ်နိုင်သလောက် သွား​​ရောက်​လှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေး (ရုပ်​သံ)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
သရုပ်ဆောင်ဖြူဖြူထွေးကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ သူတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူး။ သူမကတော့ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရင်ထဲကိုစတင်ဝင်ရောက်လာခဲ့ပြီး
လက်ရှိအချိန်အထိအနုပညာလောကမှာ နေရာတစ်နေရာကိုသိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့လတ်တလောမှာ ကိုဗစ်ရောဂါတွေကြောင့်ရိုက်ကူးရေးတွေကိုရပ်နားထားခဲ့ရပြီး အွန်းလိုင်းကတစ်ဆင့်ကြော်ငြာလေးတွေကို
လုပ်ကိုင်နေတာဖြစ်ပါတယ်။ သဒ္ဓါတရားထက်သန်ပြီးအလှူအတန်းတွေမကြာခဏပြုလုပ်လေ့ရှိတဲ့ ဖြူဖြူထွေးကတော့ယခုလိုကိုဗစ်ကာလမှာတောင် ကိုယ်ကျိုးအတွက်မငဲ့ဘဲစားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အမှန်တကယ်လိုအပ်သူများကို
ကိုယ်တိုင်အိမ်ပြင်ထွက်ပြီးလှူဒါန်းပေးလျက်ရှိပါတယ်။ ဒီနေ့မှာလည်းကိုဗစ်ရောဂါတွေဖြစ်နေပေမယ့် အိမ်ထဲမှာမနေနိုင်ဘဲစားဝတ်နေရေးအတွက် အပြင်ထွက်အလုပ်လုပ်နေရတဲ့ချို့တဲ့သူများကို မုန့်၊ ဆီနဲ့ပိုက်ဆံတွေကိုတတ်နိုင်သလောက်
ကိုယ်တိုင်လိုက်ပြီးလှူဒါန်းပေးနေတာကိုတွေ့ရပါတယ်။ သူမရဲ့အလှူနဲ့ပတ်သက်ပြီးတော့ဖြူဖြူထွေးက”အရမ်းပျော်ပြီးပီတိဖြစ်တာကလွဲလို့ ဘာမှမသိ “ဆိုပြီးရေးသားကာ
အလှူဗီဒီယိုဖိုင်လေးနဲ့အတူတင်ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ ခရက်ဒစ်