က​ေလးမ်ား တူတူပုန္းတမ္းေဆာ့ကစားရာမွ ​ေပ်ာက္ဆုံးသြား​ေသာ မိန္းကေလးငယ္တစ္ဦး

ပဲခူးတိုင္းေဒသႀကီး၊ေရႊေတာင္ၿမိဳ့နယ္တြင္ ကေလးမ်ားတူတူပုန္းတမ္းေဆာ့ ကစားရာမွမိန္းကေလး ငယ္တစ္ဦးေပ်ာက္ဆုံးေနလ်က္ရွိရာ ေလးရက္ေျမာက္သည္ေန႔အထိရွာေဖြေတြ႕ရွိျခင္းမရွိေသးေၾကာင္း ပရဟိတနာေရးကူညီမွုအသင္းမွ

ကိုဝင္းေဇာ္က​ေျပာသည္။ ေအာက္တိုဘာလ၁၈ရက္၊ ညေန ၄နာရီ‌ေက်ာ္အခ်ိန္ခန႔္ကမက်ီးေပါက္ ကုန္းေက်းရြာအုပ္စု၊ ေက်ာက္ ဖူးေက်းရြာတြင္ အသက္ ၄ႏွစ္အရြယ္ မျပည့္ျပည့္ဇြန္ ႏွင့္ ကေလးငယ္အေဖာ္မ်ားအျခား

အိမ္တစ္အိမ္တြင္ အတူ၊ တူတူပုန္းတမ္းေဆာ့ကစားေနရာမွေပ်ာက္ဆုံးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ “ခုခ်ိန္ထိေတာ့မေတြ႕ေသးပါဘူး၊ စခန္းမွာေတာ့အမွုဖြင့္ထားတယ္၊ မိဘေတြနဲ႔အတူအားလုံးလဲစိတ္ပူေနၾကပါတယ္၊ ​ေပ်ာက္တာက

ေလးညအိပ္ငါးရက္ေျမာက္ၿပီ၊ ရွာေနၾကတာကေတာ့ ရဲေတြေကာ၊ ပရဟိတလူမွုေရး အသင္းေတြ၊ရြာခံေတြနဲ႔အနီးအနားပတ္ဝန္းက်င္ကလူေတြေကာဆိုရင္ လူအင္ အား၃ဝဝနီးပါးေလာက္နဲ႔ပိုက္ စိပ္တိုက္ ရွာေနတာမေတြ႕ေသးဘူးဆိုေတာ့

ရာဇဝတ္မွုမ်ားျဖစ္ေနမလားေပါ့၊ကေလးကိုေတာ့အျမန္ျပန္ေတြ႕ခ်င္ေနၾကတယ္”ဟု၎ကေျပာသည္။ ေက်ာက္ဖူးရြာသည္ ေရႊေတာင္ က်ီးသဲလမ္းမက်ီးေပါက္ကုန္းရြာမွတစ္ဆင့္တစ္ရြာေက်ာ္လၽွင္ေရာက္ရွိၿပီအိမ္ေခ် ၃ဝခန႔္ရွိသည့္

ရြာငယ္ေလးျဖစ္ေၾကာင္း၊ ကေလးငယ္ေပ်ာက္ဆုံးေနမွုမွာ ညေနေစာင္း အခ်ိန္ျဖစ္ျခင္းေၾကာင့္ နတ္ဖြက္ထားနိုင္သည္ဟုယူဆကာေလာကီအစီအမံမ်ားျဖင့္လည္းရွာေဖြျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။

ယင္းသို့ျပဳလုပ္ရျခင္းမွာအဆိုပါေဒသ၌ယခင္ကလည္း လူတစ္ေယာက္ႏွင့္ေခြးတစ္ေကာင္ေပ်ာက္ ဆုံးခဲ့ဘူးျခင္းရွိခဲ့ရာသုံးရက္ေျမာက္ေန႔တြင္ျပန္လည္ေတြ႕ရွိခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္းသိရသည္။ ခရက္​ဒစ္​ ကိုထြဋ္

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ပဲခူးတိုင်းဒေသကြီး၊ရွှေတောင်မြို့နယ်တွင် ကလေးများတူတူပုန်းတမ်းဆော့ ကစားရာမှမိန်းကလေး ငယ်တစ်ဦးပျောက်ဆုံးနေလျက်ရှိရာ လေးရက်မြောက်သည်နေ့အထိရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ပရဟိတနာရေးကူညီမှုအသင်းမှ

ကိုဝင်းဇော်ကပြောသည်။ အောက်တိုဘာလ၁၈ရက်၊ ညနေ ၄နာရီ‌ကျော်အချိန်ခန့်ကမကျီးပေါက် ကုန်းကျေးရွာအုပ်စု၊ ကျောက် ဖူးကျေးရွာတွင် အသက် ၄နှစ်အရွယ် မပြည့်ပြည့်ဇွန် နှင့် ကလေးငယ်အဖော်များအခြား

အိမ်တစ်အိမ်တွင် အတူ၊ တူတူပုန်းတမ်းဆော့ကစားနေရာမှပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ “ခုချိန်ထိတော့မတွေ့သေးပါဘူး၊ စခန်းမှာတော့အမှုဖွင့်ထားတယ်၊ မိဘတွေနဲ့အတူအားလုံးလဲစိတ်ပူနေကြပါတယ်၊ ပျောက်တာက

လေးညအိပ်ငါးရက်မြောက်ပြီ၊ ရှာနေကြတာကတော့ ရဲတွေကော၊ ပရဟိတလူမှုရေး အသင်းတွေ၊ရွာခံတွေနဲ့အနီးအနားပတ်ဝန်းကျင်ကလူတွေကောဆိုရင် လူအင် အား၃ဝဝနီးပါးလောက်နဲ့ပိုက် စိပ်တိုက် ရှာနေတာမတွေ့သေးဘူးဆိုတော့

ရာဇဝတ်မှုများဖြစ်နေမလားပေါ့၊ကလေးကိုတော့အမြန်ပြန်တွေ့ချင်နေကြတယ်”ဟု၎င်းကပြောသည်။ ကျောက်ဖူးရွာသည် ရွှေတောင် ကျီးသဲလမ်းမကျီးပေါက်ကုန်းရွာမှတစ်ဆင့်တစ်ရွာကျော်လျှင်ရောက်ရှိပြီအိမ်ချေ ၃ဝခန့်ရှိသည့်

ရွာငယ်လေးဖြစ်ကြောင်း၊ ကလေးငယ်ပျောက်ဆုံးနေမှုမှာ ညနေစောင်း အချိန်ဖြစ်ခြင်းကြောင့် နတ်ဖွက်ထားနိုင်သည်ဟုယူဆကာလောကီအစီအမံများဖြင့်လည်းရှာဖွေခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းသို့ပြုလုပ်ရခြင်းမှာအဆိုပါဒေသ၌ယခင်ကလည်း လူတစ်ယောက်နှင့်ခွေးတစ်ကောင်ပျောက် ဆုံးခဲ့ဘူးခြင်းရှိခဲ့ရာသုံးရက်မြောက်နေ့တွင်ပြန်လည်တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ ခရက်ဒစ် ကိုထွဋ်