ကၽြန္မဟာ အရင္တုန္းကေဒၚေအာင္ဆန္းစုၾကည္ကို မုန္းခဲ့တယ္ အလကားေနရင္းကုိ စြတ္မုန္း​ေနခဲ့မိတယ္ ဘာ​ေၾကာင္​့ မုန္းခဲ့မွန္းလဲ ကိုယ့္ကိုယ္ကိုတကယ္​ မသိဘူး

ကၽြန္မ အရင္တုန္းက ေဒၚေအာင္ဆန္းစုၾကည္ကို မုန္းခဲ့တယ္။ ဘာလို႔ မုန္းခဲ့မွန္းလဲ ကိုယ့္ကိုယ္ကို မသိဘူး။ အလကားေနရင္း စြတ္မုန္းခဲ့မိတယ္။ ေဒၚေအာင္ဆန္းစုၾကည္ေၾကာင့္ မိမိ ဘာထိခိုက္နစ္နာဖူးလဲ ေမးၾကည့္ရင္ ဘာမွမထိခိုက္ မနစ္နာဖူးဘူး။ ကၽြန္မ ပတ္ဝန္းက်င္ကေျပာတဲ့

ေဒၚေအာင္ဆန္းစုၾကည္ကို မဲေပးရင္ ဘာသာသာသနာေပ်ာက္မယ္တို႔ဘာတို႔ စကားေတြလည္းၾကားၿပီး ေၾကာက္ခဲ့တာပဲ။ ကၽြန္မတို႔ ယုံၾကည္ကိုးကြယ္တဲ့ ဘာသာသာသနာက ဒီအတိုင္းပဲ ကိုးကြယ္ခြင့္ရေနတုန္း။ ျပီးေတာ့ ကၽြန္မ တရားေတြနာရင္း နားလည္လာတာက

အမ်ိဳးဘာသာ သာသနာဆိုတာ ကိုယ့္ရင္ထဲကလာတဲ့ ခံယူခ်က္နဲ႔ဆက္ၿပီး ထိန္းသိမ္းေစာင့္ေရွာက္ရမွာ။ ျမတ္စြာဘုရားကလည္း ငါ့႐ုပ္ထုကို မကိုးကြယ္နဲ႔ ငါ့စကားကိုနားေထာင္လို႔ပဲ မွာခဲ့တယ္။ဘာအၿငိဳးေတးမွလည္းမရွိပဲ ေဒၚေအာင္ဆန္းစုၾကည္အသံကို ၾကားမရေအာင္မုန္းခဲ့မိတာေပါ့။

2015တုန္းက ကၽြန္မ USDP ကိုေထာက္ခံခဲ့ေပမယ့္ အဲ့တုန္းကကၽြန္မကအသက္ဆယ့္ရွစ္ႏွစ္ မျပည့္ေသးလို႔ မဲေပးခြင့္ မရေသးဘူး။ USDP ကို ယုံၾကည္ခဲ့တယ္။ အားေပးခဲ့တယ္။ NLD ကိုမုန္းၿပီး ေဒၚေအာင္ဆန္းစုၾကည္ကိုပါ မေကာင္းျမင္ခဲ့တယ္၊ ဒါေပမယ့္သုံးႏွစ္အၾကာမွာကၽြန္မကို

ဘယ္သူကမွ မဲလာမဆြယ္ပါပဲနဲ႔ ကၽြန္မနိုင္ငံေရးအေျခအေနေတြ ကမၻာ့အေျခအေနေတြ လိုက္ေလ့လာရင္းက ျမန္မာျပည္ရဲ႕ပါတီေတြကို ႏွိုင္းယွဥ္မိတယ္။ ဘယ္သူ႔လုပ္ရပ္ေတြကမွန္ၿပီး ဘယ္သူ႔လုပ္ရပ္ေတြကမမွန္သလဲ။ ဘယ္သူက ျပည္သူကိုဦးစားေပးၿပီး ဘယ္သူက

အတၱဆန္သလဲ။ ျပည္သူကို ဦးစားေပးတဲ့စနစ္က မွန္သလား။ သို႔မဟုတ္ ျပည္သူကို ခိုင္းဖတ္လို သူတို႔လက္ေအာက္ကလူလို ဆက္ဆံတဲ့စနစ္က မွန္သလားမ်ားစြာမ်ားစြာ ေလ့လာခဲ့ရပါတယ္။ တျခားနိုင္ငံေတြ တိုးတက္ေနတဲ့နိုင္ငံေတြရဲ့ ျပည္သူကိုဦးစားေပးၿပီး အုပ္ခ်ဳပ္တဲ့စနစ္ေတြအထိပါ

ေလ့လာခဲ့ပါတယ္။ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕လုပ္ရပ္ကပိုၿပီး ကိုက္ညီမႈရွိတာေတြ႕ခဲ့ရပါတယ္။ သူမ်ားကို တိုက္ခိုက္မွု မရွိစကားနဲ႔ေတာင္ ေျပာဆိုမႈမရွိပဲ မိမိလုပ္သင့္လုပ္ထိုက္တာ အမွန္တရားနဲ႔ ျပည္သူေတြအတြက္ပဲလုပ္ေဆာင္ၿပီး အခုခ်ိန္အထိရပ္တည္တာကိုေတြ႔ရပါတယ္။

ေအာ္ ျပည္သူေတြ ဘာေၾကာင့္ သူ႔ကိုခ်စ္လဲ သူ႔ကိုအားကိုးလဲဆိုတာ တၿပိဳင္တည္းမွာသိခဲ့ရပါတယ္။ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာင္းလဲေထာက္ခံခဲ့တာပါ။ လာမယ့္ 2020ေရြးေကာက္ပြဲမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD ကိုပဲမဲေပးဖို႔

ဆုံးျဖတ္ထားပါတယ္။ ေနာက္တစ္ခုကၽြန္မ စိတ္ထဲမွာ ေနာင္တမရေစမယ့္အေၾကာင္းအရာတစ္ခုကေတာ့ နိုင္ငံ့လြတ္လပ္ေရးအတြက္ ႀကိဳးပမ္းခဲ့တဲ့ လြတ္လပ္ေရးဖခင္ႀကီး တပ္မေတာ္ရဲ့ဖခင္လည္းျဖစ္တဲ့ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီးအရင္းျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ကို

အခ်ိန္မေႏွာင္းခင္ ေထာက္ခံခြင့္ခ်စ္ခြင့္ရတာပါပဲ။ ဒီအေၾကာင္းအရာကလည္း ကၽြန္မအသက္ေတြႀကီးလာတဲ့အခ်ိန္ ဘယ္ေတာ့မွေနာင္တမရမိမယ့္ အေၾကာင္းအရာတစ္ခုပါပဲ ေဒၚေအာင္ဆန္းစုၾကည္ကို မုန္းမိတဲ့အခ်ိန္တစ္ခဏသာလၽွင္ ကၽြန္မအတြက္ ေနာင္တ ျျျျျျျျျျျျျျျျဖစ္ေစမွာပါ။

ကၽြန္မက စိမ္းရာကေန နီခဲ့သူပါ။ ဒီအနီေရာင္ကိုပဲ အျမဲဂုဏ္ယူေနမွာပါ။ အေမစုကိုခ်စ္၍ ယုံၾကည္၍ ေထာက္ခံအားေပး မဲေပးသြားမွာပါ။ အေမစု သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ၍ နိုင္ငံ့အက်ိဳး ျပည္သူ႔အက်ိဳးကို ဆက္လက္ သယ္ပိုး ရြက္ေဆာင္ေပးနိုင္ပါေစ။ ခရက္ဒစ္ Khin Sandar Soe Htut

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ကျွန်မ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို မုန်းခဲ့တယ်။ ဘာလို့ မုန်းခဲ့မှန်းလဲ ကိုယ့်ကိုယ်ကို မသိဘူး။ အလကားနေရင်း စွတ်မုန်းခဲ့မိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မိမိ ဘာထိခိုက်နစ်နာဖူးလဲ မေးကြည့်ရင် ဘာမှမထိခိုက် မနစ်နာဖူးဘူး။ ကျွန်မ ပတ်ဝန်းကျင်ကပြောတဲ့

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရင် ဘာသာသာသနာပျောက်မယ်တို့ဘာတို့ စကားတွေလည်းကြားပြီး ကြောက်ခဲ့တာပဲ။ ကျွန်မတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာသာသနာက ဒီအတိုင်းပဲ ကိုးကွယ်ခွင့်ရနေတုန်း။ ပြီးတော့ ကျွန်မ တရားတွေနာရင်း နားလည်လာတာက

အမျိုးဘာသာ သာသနာဆိုတာ ကိုယ့်ရင်ထဲကလာတဲ့ ခံယူချက်နဲ့ဆက်ပြီး ထိန်းသိမ်းစောင့်ရှောက်ရမှာ။ မြတ်စွာဘုရားကလည်း ငါ့ရုပ်ထုကို မကိုးကွယ်နဲ့ ငါ့စကားကိုနားထောင်လို့ပဲ မှာခဲ့တယ်။ဘာအငြိုးတေးမှလည်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည်အသံကို ကြားမရအောင်မုန်းခဲ့မိတာပေါ့။

2015တုန်းက ကျွန်မ USDP ကိုထောက်ခံခဲ့ပေမယ့် အဲ့တုန်းကကျွန်မကအသက်ဆယ့်ရှစ်နှစ် မပြည့်သေးလို့ မဲပေးခွင့် မရသေးဘူး။ USDP ကို ယုံကြည်ခဲ့တယ်။ အားပေးခဲ့တယ်။ NLD ကိုမုန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပါ မကောင်းမြင်ခဲ့တယ်၊ ဒါပေမယ့်သုံးနှစ်အကြာမှာကျွန်မကို

ဘယ်သူကမှ မဲလာမဆွယ်ပါပဲနဲ့ ကျွန်မနိုင်ငံရေးအခြေအနေတွေ ကမ္ဘာ့အခြေအနေတွေ လိုက်လေ့လာရင်းက မြန်မာပြည်ရဲ့ပါတီတွေကို နှိုင်းယှဉ်မိတယ်။ ဘယ်သူ့လုပ်ရပ်တွေကမှန်ပြီး ဘယ်သူ့လုပ်ရပ်တွေကမမှန်သလဲ။ ဘယ်သူက ပြည်သူကိုဦးစားပေးပြီး ဘယ်သူက

အတ္တဆန်သလဲ။ ပြည်သူကို ဦးစားပေးတဲ့စနစ်က မှန်သလား။ သို့မဟုတ် ပြည်သူကို ခိုင်းဖတ်လို သူတို့လက်အောက်ကလူလို ဆက်ဆံတဲ့စနစ်က မှန်သလားများစွာများစွာ လေ့လာခဲ့ရပါတယ်။ တခြားနိုင်ငံတွေ တိုးတက်နေတဲ့နိုင်ငံတွေရဲ့ ပြည်သူကိုဦးစားပေးပြီး အုပ်ချုပ်တဲ့စနစ်တွေအထိပါ

လေ့လာခဲ့ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ရပ်ကပိုပြီး ကိုက်ညီမှုရှိတာတွေ့ခဲ့ရပါတယ်။ သူများကို တိုက်ခိုက်မှု မရှိစကားနဲ့တောင် ပြောဆိုမှုမရှိပဲ မိမိလုပ်သင့်လုပ်ထိုက်တာ အမှန်တရားနဲ့ ပြည်သူတွေအတွက်ပဲလုပ်ဆောင်ပြီး အခုချိန်အထိရပ်တည်တာကိုတွေ့ရပါတယ်။

အော် ပြည်သူတွေ ဘာကြောင့် သူ့ကိုချစ်လဲ သူ့ကိုအားကိုးလဲဆိုတာ တပြိုင်တည်းမှာသိခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းလဲထောက်ခံခဲ့တာပါ။ လာမယ့် 2020ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ကိုပဲမဲပေးဖို့

ဆုံးဖြတ်ထားပါတယ်။ နောက်တစ်ခုကျွန်မ စိတ်ထဲမှာ နောင်တမရစေမယ့်အကြောင်းအရာတစ်ခုကတော့ နိုင်ငံ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး တပ်မတော်ရဲ့ဖခင်လည်းဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို

အချိန်မနှောင်းခင် ထောက်ခံခွင့်ချစ်ခွင့်ရတာပါပဲ။ ဒီအကြောင်းအရာကလည်း ကျွန်မအသက်တွေကြီးလာတဲ့အချိန် ဘယ်တော့မှနောင်တမရမိမယ့် အကြောင်းအရာတစ်ခုပါပဲ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းမိတဲ့အချိန်တစ်ခဏသာလျှင် ကျွန်မအတွက် နောင်တ ဖြစ်စေမှာပါ။

ကျွန်မက စိမ်းရာကနေ နီခဲ့သူပါ။ ဒီအနီရောင်ကိုပဲ အမြဲဂုဏ်ယူနေမှာပါ။ အမေစုကိုချစ်၍ ယုံကြည်၍ ထောက်ခံအားပေး မဲပေးသွားမှာပါ။ အမေစု သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို ဆက်လက် သယ်ပိုး ရွက်ဆောင်ပေးနိုင်ပါစေ။ ခရက်ဒစ် Khin Sandar Soe Htut