နေဒွေးနဲ့ သံစဉ်​​မောင်​ရဲ့ကိစ္စနှင့်​ပက်သတ်ပြီး​ မဆီမဆိုင်ကြားထဲက​နေပြီး အဆဲခံနေရလို့ ဘေဘီမောင်ကို ပြတ်ပြတ်သားသားဒဲ့သွားမေးခဲ့တဲ့ ဆောင်းယွန်းစံ
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
ဒီကနေ့ အောက်တိုဘာလ (၂၁) ရက်နေ့မှာတော့ သရုပ်ဆောင် သံစဉ်မောင်နဲ့နေဒွေးတို့ရဲ့ ပြဿနာတွေက တစ်ကြော့ပြန်ဖြစ်ပေါ်လာခဲ့ပြီး နှစ်ဦးနှစ်ဖက်စလုံးကလည်း ကိုယ့်ဘက်ကအကြောင်းအရာတွေကိုအချက်ကျကျ
ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။ နေဒွေးကလည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပို့စ်တင်ခဲ့သလို သံစဉ်မောင်ရဲ့အစ်မ သရုပ်ဆောင်ဘေဘီမောင်က လည်း သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ Live လွှင့်ပြီး ဖြေရှင်းလာခဲ့ပါတယ်။
ဒါပေမယ့် Live ထဲမှာဘေဘီမောင်က နေဒွေးဘက်က ေ-ာင်မတွေဆိုတဲ့ စကားပြောခဲ့တာဖြစ်ပြီး ထိုစကားနဲ့ ပက်သတ်ပြီးသရုပ်ဆောင် ဆောင်းယွန်းစံက ကြားထဲကနေအဆဲခံနေရတဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။
“ဆောင်း မမ Baby Maung ကိုမေးထားတယ်နော်။ ဒီကိစ္စကြောင့် ဆောင်းကိုပြောတယ်လို့ထင်လို့ ဆောင်းဘက်ကတော့ရှင်းတယ်။ ဆောင်းကဒိကိစ္စမှ မဟုတ်ဘူး ဘယ်သူ့ကိစ္စကိုမှဝင်မပါဘူး။ ဆောင်းရဲ့ wall မှာလဲ ဘယ်သူ့ကိစ္စကိုမှမတင်ဘူး။
ကိုနေဒွေးကိစ္စမှာလဲ နှစ်ဘက်လုံးက ဆောင်းနဲ့ သိတယ်ခင်တယ်။ အဲ့အတွက် အဲ့လိုကိစ္စတွေတင်ရင် ဘယ်သူ့ကိုမှ လိုက်ခ် လဲမပေးဘူး။ ကောမန့် လဲ မပေးဘူးဘူး (ပေးဘူးတယ် မြင်ဘူးရင် SS ရိုက်ပြီးလာပြ) ပြီးတော့ ဆောင်းနဲ့ကိုနေဒွေးကို
စွပ်စွဲရအောင်လဲ ဆောင်းချစ်သူရောကိုနေဒွေးချစ်သူရော လူတိုင်းသိနေတာပဲ။ ဆောင်းကို ဘလိုင်းကြီး ဆဲရလောက်အောင် သက်သေရှိရင် ဆောင်းကိုပြ ဟုတ်ပြီလား၊ ဆော င်းမမှားတဲ့ အတွက် အားလုံးကို ပြောရဲတယ်။
မှန်တယ်ထင်ရင် ဆောင်းကိုအချိန်မရွေး ဒဲ့ပြောလို့ရတယ်နော်။ ဆောင်းရဲ့ပိုစ့်အောက်မှာ ခုလို ဆဲဆိုနေတာတွေမြင်ရတာ စိတ်မကောင်းဘူး။ ဒါဆောင်းအတွက် ပထမဆုံး အကြိမ်ပဲ။ အမှန်အတိုင်းရှင်းရအောင်နော်’” ဆိုပြီး ဘေဘီမောင်နဲ့
ပြောထားတဲ့ Screenshot တွေကိုပါ ပြသလာပါတယ်။ ဆောင်းယွန်းစံကတော့ သူမနဲ့ မဆိုင်တဲ့ကိစ္စမှာ မဆီမဆိုင် အဆဲခံနေရတဲ့အတွက် ကာယကံ ရှင်ဖြစ်တဲ့ ဘေဘီမောင်ကို ပွင့်ပွင့်လင်းလင်း သွားရောက်မေးမြန်းထားတာ ဖြစ်ပါတယ်။
ဖတ်ရှု ပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်