ယခုကိုဗစ္ကာလမွာ က်​ေရာက္​​ေန​ေသာ သီတင္းကၽြတ္ပြဲေတာ္အတြက္ေတာ့ ဝမ္းသာစရာ သတင္းေကာင္းပဲဗ်ဴိ႕

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕မွာ သတင္းကြၽတ္ လျပည့္ညအေဝရာ မီးပုံးပ်ံကြင္းကို လာေရာက္ လည္ပတ္ၾကမယ့္သူေတြအတြက္ ႏွာေခါင္းစည္း (Mask) အခုေရ ၂ေသာင္းေပးေဝမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ​ေတာင္ႀကီးၿမိဳ႕ သတင္းကြၽတ္ လျပည့္ညအေဝရာမီးပုံးပ်ံကြင္းမွာ

မီးပုံးပ်ံ ပညာရွင္ေတြက မီးပုံးပ်ံေတြလာလႊတ္ဖို႔ ရွိတဲ့ အတြက္ေၾကာင့္ ေစတနာ့ဝန္ထမ္းေတြ ပူးေပါင္းၿပီး Mask ေတြ ျဖန႔္ေဝေပးသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။“ ရိုးရာပြဲဆိုေတာ့ လူေတြလာၾကမွာပဲ။ဦးတို႔ကလဲ မလႊတ္နဲ႕လို႔ တားပိုင္ခြင့္ မရွိဘူး။ က်န္းမာေရးနဲ႔ပတ္သက္ရင္ေတာ့

တတ္နိုင္သမွ် ေဆာင္႐ြက္သြားဖို႔ ရွိပါတယ္။ Mask ေတြက အနည္းဆုံး ၂ ေသာင္းနဲ႕ ၂ ေသာင္းခြဲေလာက္ေတာ့ လႉျဖစ္မွာပါ။ ရိုးရာပြဲကလည္း မလုပ္ျဖစ္ဘူးေပါ့။ အဲဒီအတြက္ တခ်ိဳ႕အေပ်ာ္ လႊတ္ဖို႔ လုပ္ထားတာေရာ ၿပိဳင္ပြဲဝင္ဖို႔ လုပ္ထားတာ ေတြေရာပါတဲ့အတြက္ ဝါသနာရွင္ေတြကေတာ့

လႊတ္ၾကမွာပဲ၊ ဦးတို႔ကတာဝန္ရွိတဲ့သူ မဟုတ္တဲ့ အတြက္ တားလို႔ေတာ့ မရဘူး။ မတၱာရပ္ခံခ်င္တာက လာတဲ့အခါမွာ Mask ကိုစနစ္တက်တပ္လာၿပီး Mask ေတြကို မခြၽတ္ဖို႔ ေပါ့။ အဲဒါကို ႀကိဳတင္ၿပီး မတၱာရပ္ခံထားခ်င္ပါတယ္”လို႔ တရားဥပေဒ စိုးမိုးေရးကြန္ရက္မွ ဦးဝင္းနိုင္စိုးက ေျပာပါတယ္။

​ေတာင္ႀကီးၿမိဳ႕က မီးပုံးပ်ံပညာရွင္တခ်ိဳ႕ကလည္း သတင္းကြၽတ္လျပည့္ည အေဝရာမီးပုံးပ်ံကြင္းမွာ ရွမ္းစကၠဴနဲ႕ ညမီးႀကီး ၃ လုံး၊ ဆုေတာင္းတဲ့ အေနနဲ႕ မီးပုံးပ်ံ အလုံးေရ ၁၅၀၀ ခန႔္လႊတ္မွာျဖစ္ၿပီး ညမီးႀကီးက ခန႔္မွန္းေျခ ၆ လုံးခန႔္ ရွိတယ္လို႔လည္း ဆိုပါတယ္။

တာဝန္ရွိသူေတြက ခြင့္ျပဳရင္ကားေတြကို ပိုးသတ္ေဆး ျဖန္းတာေတြပါလုပ္မွာျဖစ္ေၾကာင္း၊ မီးရႉးေတြက တရားဝင္တားျမစ္ထားတာေတြရွိေတာ့ တာဝန္ ရွိသူေတြ ခြင့္ျပဳမျပဳ မသိေသးေၾကာင္း၊ ေဒသႏၲရ အမိန႔္ေတြ ထုတ္မလား ဆိုတာ လည္း မသိရေသးေၾကာင္း ဦးဝင္းနိုင္စိုးက

ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ​ေတာင္ႀကီးေဒသခံ လူငယ္တခ်ိဳ႕ကလည္း“ အခုလို Mask ေဝေပးတာေကာင္းပါတယ္။ တန္ေဆာင္တိုင္ဆိုတာ ေတာင္ႀကီးၿမိဳ႕မွာ ႏွစ္စဥ္ က်င္းပလာတဲ့ ရိုးရာပြဲ တစ္ခု ေပါ့ေနာ္။ အဲဒီလိုရိုးရာပြဲက ဒီႏွစ္မရွိေတာ့ဘူးဆိုေတာ့ ရင္ထဲ ဟာတာတာျဖစ္တာေပါ့။

ဒီလို သီတင္းကြၽတ္ညမွာ မီးပုံးပ်ံ လႊတ္မယ္ဆိုေတာ့ ေကာင္းပါတယ္။ အနည္းဆုံးေတာ့ ရိုးရာေပ်ာက္မသြားဘူးေလ။ ေပ်ာ္ပြဲ႐ႊင္ပြဲ ဆိုတာထက္ ရိုးရာပြဲလို ျဖစ္ေနေတာ့ သီတင္းကြၽတ္ ညမွာ မီးပုံးပ်ံလႊတ္တာက ရိုးရာကို ထိန္းသိမ္းတဲ့ သေဘာလို႔ ျမင္ပါတယ္။ ပြဲမျဖစ္ဘူးဆိုတဲ့ အေပၚမွာေတာ့

ေျပာစရာေတာ့ သိပ္မရွိပါဘူး။ တစ္ကမာၻလုံး ဆိုင္ရာ က်န္းမာေရးအေျခအေနေတြေၾကာင့္ လက္ခံေပးလို႔ရပါတယ္။ ရိုးရာထိန္းသိမ္းတဲ့ပြဲလည္း မပ်က္စီးရေအာင္ ေရာဂါကိုလည္း မျပန႔္ပြားရေအာင္လာလည္ၾကမယ့္ မိဘျပည္သူမ်ားက ကိုယ္တိုင္ကာကြယ္ၿပီးလာၾကရင္ ပိုေကာင္းမယ္လို႔ ထင္ပါတယ္” လို႔ ေျပာပါတယ္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ သတင်းကျွတ် လပြည့်ညအဝေရာ မီးပုံးပျံကွင်းကို လာရောက် လည်ပတ်ကြမယ့်သူတွေအတွက် နှာခေါင်းစည်း (Mask) အခုရေ ၂သောင်းပေးဝေမှာ ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးမြို့ သတင်းကျွတ် လပြည့်ညအဝေရာမီးပုံးပျံကွင်းမှာ

မီးပုံးပျံ ပညာရှင်တွေက မီးပုံးပျံတွေလာလွှတ်ဖို့ ရှိတဲ့ အတွက်ကြောင့် စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး Mask တွေ ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။“ ရိုးရာပွဲဆိုတော့ လူတွေလာကြမှာပဲ။ဦးတို့ကလဲ မလွှတ်နဲ့လို့ တားပိုင်ခွင့် မရှိဘူး။ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့

တတ်နိုင်သမျှ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ Mask တွေက အနည်းဆုံး ၂ သောင်းနဲ့ ၂ သောင်းခွဲလောက်တော့ လှူဖြစ်မှာပါ။ ရိုးရာပွဲကလည်း မလုပ်ဖြစ်ဘူးပေါ့။ အဲဒီအတွက် တချို့အပျော် လွှတ်ဖို့ လုပ်ထားတာရော ပြိုင်ပွဲဝင်ဖို့ လုပ်ထားတာ တွေရောပါတဲ့အတွက် ဝါသနာရှင်တွေကတော့

လွှတ်ကြမှာပဲ၊ ဦးတို့ကတာဝန်ရှိတဲ့သူ မဟုတ်တဲ့ အတွက် တားလို့တော့ မရဘူး။ မတ္တာရပ်ခံချင်တာက လာတဲ့အခါမှာ Mask ကိုစနစ်တကျတပ်လာပြီး Mask တွေကို မချွတ်ဖို့ ပေါ့။ အဲဒါကို ကြိုတင်ပြီး မတ္တာရပ်ခံထားချင်ပါတယ်”လို့ တရားဥပဒေ စိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောပါတယ်။

တောင်ကြီးမြို့က မီးပုံးပျံပညာရှင်တချို့ကလည်း သတင်းကျွတ်လပြည့်ည အဝေရာမီးပုံးပျံကွင်းမှာ ရှမ်းစက္ကူနဲ့ ညမီးကြီး ၃ လုံး၊ ဆုတောင်းတဲ့ အနေနဲ့ မီးပုံးပျံ အလုံးရေ ၁၅၀၀ ခန့်လွှတ်မှာဖြစ်ပြီး ညမီးကြီးက ခန့်မှန်းခြေ ၆ လုံးခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

တာဝန်ရှိသူတွေက ခွင့်ပြုရင်ကားတွေကို ပိုးသတ်ဆေး ဖြန်းတာတွေပါလုပ်မှာဖြစ်ကြောင်း၊ မီးရှူးတွေက တရားဝင်တားမြစ်ထားတာတွေရှိတော့ တာဝန် ရှိသူတွေ ခွင့်ပြုမပြု မသိသေးကြောင်း၊ ဒေသန္တရ အမိန့်တွေ ထုတ်မလား ဆိုတာ လည်း မသိရသေးကြောင်း ဦးဝင်းနိုင်စိုးက

ဆက်လက်ပြောကြားခဲ့ပါတယ်။ တောင်ကြီးဒေသခံ လူငယ်တချို့ကလည်း“ အခုလို Mask ဝေပေးတာကောင်းပါတယ်။ တန်ဆောင်တိုင်ဆိုတာ တောင်ကြီးမြို့မှာ နှစ်စဉ် ကျင်းပလာတဲ့ ရိုးရာပွဲ တစ်ခု ပေါ့နော်။ အဲဒီလိုရိုးရာပွဲက ဒီနှစ်မရှိတော့ဘူးဆိုတော့ ရင်ထဲ ဟာတာတာဖြစ်တာပေါ့။

ဒီလို သီတင်းကျွတ်ညမှာ မီးပုံးပျံ လွှတ်မယ်ဆိုတော့ ကောင်းပါတယ်။ အနည်းဆုံးတော့ ရိုးရာပျောက်မသွားဘူးလေ။ ပျော်ပွဲရွှင်ပွဲ ဆိုတာထက် ရိုးရာပွဲလို ဖြစ်နေတော့ သီတင်းကျွတ် ညမှာ မီးပုံးပျံလွှတ်တာက ရိုးရာကို ထိန်းသိမ်းတဲ့ သဘောလို့ မြင်ပါတယ်။ ပွဲမဖြစ်ဘူးဆိုတဲ့ အပေါ်မှာတော့

ပြောစရာတော့ သိပ်မရှိပါဘူး။ တစ်ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် လက်ခံပေးလို့ရပါတယ်။ ရိုးရာထိန်းသိမ်းတဲ့ပွဲလည်း မပျက်စီးရအောင် ရောဂါကိုလည်း မပြန့်ပွားရအောင်လာလည်ကြမယ့် မိဘပြည်သူများက ကိုယ်တိုင်ကာကွယ်ပြီးလာကြရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ခရက်ဒစ်