လူတွေအလစ်မှာကလေးကိုယုတ်မာပြီး ပိုက်ဆံခိုးတဲ့ အိမ်ဖော်မရဲ့လုပ်​ရပ်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
၁၆–၁၀–၂၀၂၀ သောကြာနေ့နေ့လယ်၁နာရီခွဲမှာကျွန်မဆေးထွက်ဝယ်နေပါတယ်အိမ်မှာကျွန်မကလေး၂ယောက်ရယ်ကျွန်မအဖေနဲ့အကိုရယ်မချိုစန်း(ယုတ်မာတဲ့သူခိုးမ)ကျန်နေခဲ့ပါတယ်။ ကျွန်မအကိုလည်းမကြာဘူးအပြင်ခဏထွက်သွားပါတယ်အဲ့အချိန်မှာကျွန်မအဖေကခြံထဲမှာ
ဆံပင်ညှပ်နေပါတယ်အိမ်ရှေ့တံခါးပိတ်ပြီးအိမ်ထဲမှာကလေး၂ယောက်နဲ့သူကမီးပူတိုက်နေပါတယ်။ ပထမတစ်ခေါက်သူတစ်ယောက်တည်းအခန်းထဲကိုဝင်ရှာပါတယ်နောက်တစ်ခေါက်ကျတော့ကျွန်မသားလေးကိုခေါ်သွားပြီးပိုက်ဆံခိုးပါတယ်၊ အဝင်အထွက်ကိုကျွန်မအဖေထားခဲ့တဲ့အတိုင်း
မီးအဖွင့်အပိတ်လုပ်သွားပါတယ်(CCTV မှာပေါ်မှာကြောက်လို့လည်းဖြစ်နိုင်ပါတယ်) အဲ့ဒါကိုကျွန်မတို့ခွင့်လွှတ်ပါတယ်နောက်ပိုင်းအရှေ့မှာ CCTV ကိုဖျက်ဖို့အကြိမ်ကြိမ်ကြိုးစားပါတယ်TV ကကျင်တဲ့အတွက်သူ့လက်တွန့်သွားတာကိုလည်းမြင်ရမှာပါဒါကိုသူလုပ်တာမအောင်မြင်လို့
၁နှစ်ခွဲကလေးကိုဓာတ်လိုက်ရင်လိုက်ပါစေဆိုပြီးသူကိုယ်တိုင်ခံထားတဲ့ခုံကိုဖယ်ပြီးလုပ်ခိုင်းပြီးထိုင်ကြည့်နေပါတယ်။ ပိုက်ဆံအစီးကိုထဘီခြားထဲထည့်ပြီးCCTV မှာပေါ်မှာဆိုးလို့လုံးဝမထုတ်ဘဲလက်တစ်ဖက်နဲ့သမီးဆည်းလည်းလေးကိုဆွဲချပါတယ်ကလေးကလက်တစ်ဖက်ဆွဲရက်
တန်းလန်းကြီးနဲ့အောက်ကိုကျလာတာပါ။ ဒါကိုကျွန်မတို့မိသားစုကရောဂါတွေကြောင့်အမကိုအလုပ်နားလိုက်ပြီးနော်လို့သူ့အရှက်ကွဲမှာကြောင့်ရယ်အေးဆေးပြီးသွားချင်တာကြောင့်ရယ်ပြောပြီးအလုပ်နားလိုက်တာကိုးသူ့အမှားသူသိရင်အေးဆေးမနေဘဲတမျိုးပြီးတမျိုးစော်ကားတယ်။
အဲ့ကတည်းကဒါတွေတင်မဲ့လုပ်တာအကုန်လုံးဝိုင်းတားလို့သူ့ယောက်ျားကိုခေါ်ပြီးသတိပေးတယ်(သူ့မျက်နှာကိုမမြင်ချင်တော့လို့) သူ့ယောက်ျားကိုခေါ်ပြီးCCTV အစအဆုံးပြတယ်လတဝက်အလုပ်ဆင်းခဲ့လို့လစာတဝက်ထုတ်ပေးတယ်ယူသွားတဲ့ပိုက်ဆံကိုမနှမြောဘူး။
ကလေးကိုကွယ်ရာမှာအခုလိုမျိုးတွေယုတ်မာလို့စိတ်အရမ်းဆိုးတယ်ဆိုတဲ့အကြောင်းပြောပြတယ်အရှက်မကွဲချင်ရင်အေးဆေးနေထပ်မစော်ကားနဲ့ဖုန်းထပ်မဆက်နဲ့ပြောထားတယ်ဒါကိုဒီမနက်ကြားလိုက်ရတဲ့သတင်းကြောင့်အခုလိုတင်လာဖို့ဖြစ်လာတာတော့သူတို့အတွက်
စိတ်မကောင်းဘူး။ ဒါကိုသူ့ယောက်ျားကပြောသွားသေးတယ်TV ကကျင်တယ်ဓာတ်လိုက်တတ်တယ်ဆိုတာအက်ဝင်နေလို့နေမှာတဲ့အံ့ဩစရာကောင်းလိုက်တာနော်တောင်းပန်ရမဲ့အစားသူ့မိန်းမဘက်ကနေကာကွယ်သွားသေးတယ်။သူ့ယောက်ျားကကျိုက်အင်းရွာထိပ်မှာ
ကယ်ရီသမားကိုဖိုးကျော်လေးပါတဲ့။ ကဲအခုသတိထပ်ပေးပြီးနော်ရပ်ကွက်လူကြီးတွေကိုသက်သေတွေအကုန်ပြပြီးအကုန်ပြောဆိုပြီးပါပြီ။ ကလေးကိုအသက်အန္တရာယ်ဖြစ်စေမှု ခိုးမှုနဲ့ရဲစခန်းမရောက်ချင်ရင်
လင်ရောမယားရောကျွန်မတို့ကိုတောင်းပန်ပါ။ မဟုတ်ရင်ယောက်ျားကိုပါကျန်ရာပါမှုနဲ့မိန်းမပါထောင်ထဲထည့်ပစ်မှာပါ။ အဲ့တော့ကျိုက်အင်းရွာမှာနေတဲ့သူများသူတို့သိအောင်ပြောပေးကြပါ။ ခရက်ဒစ်