ေဆးရံုအုပ္ႀကီးရဲ႕လက္မွတ္အတုျဖင္​့ ရန္ကုန္က​ေနျပန္လာတဲ့သူေတြတင္လာ​ေသာ လူနာတင္ကားကို က်ံဳမေငးဂိတ္မွာ ဖမ္းမိခဲ့

ပုသိမ္ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ရဲ့ လက္မွတ္ပါသည့္ ေထာက္ခံစာအား မိတၱဴကူးၿပီး ရန္ကုန္မွ ျပန္သည့္လူေတြကို ပို႔ေဆာင္ေပးေနသည့္ယာဥ္ အား ေအာက္တိုဘာလ ၂၀ ရက္ေန႔တြင္ ဝါးခယ္မၿမိဳ႕နယ္ က်ဳံမေငးၿမိဳ႕အဝင္စစ္ေဆးေရးဂိတ္တြင္ ဖမ္းမိခဲ့​ေၾကာင္း သတင္းရရွိသည္။

ပုသိမ္ေဆး႐ုံအုပ္ႀကီးမွဧရာဝတီဦးမိုးႀကီးပရဟိတ ယာဥ္ ၃ စီးအတြက္ေအာက္တိုဘာလ ၁၀ ရက္ေန႔က ရန္ကုန္ကျပန္လာတဲ့ လူေတြအတြက္ ေထာက္ခံစာလုပ္ေပးခဲ့ၿပီး အဆိုပါ ေထာက္ခံစာအားအသုံးျပဳကာ ရန္ကုန္မွ ေနရပ္ျပန္မ်ားကို ပို႔ေဆာင္ ေပးေနျခင္းျဖစ္ေၾကာင္း

ေဆး႐ုံအုပ္ႀကီးထံမွ သိရသည္။ “အခုခ်ိန္က ေရာဂါကို အားလုံးဝိုင္းကာကြယ္ ေနရတာ၊ တကယ္ေစတနာမွန္တယ္ဆို ကြာရန္တင္းကို ပို႔ေပးရမွာ ခုလိုလုပ္တာက ရပ္ကြက္ထဲ ဗုံး ေထာင္သလိုျဖစ္ေနတယ္ ေနာက္ေက်ာဓါးနဲ႔ ထိုူသလို ခံစားရတယ္”ဟု ပုသိမ္ျပည္သူ႔ေဆး႐ုံအုပ္ႀကီး

ေဒါက္တာ သန္းမင္းထြဋ္မွ ေျပာသည္။ က်ဳံမေငးၿမိဳ႕သို႔ ရန္ကုန္မွ စက္႐ုံတြင္ အလုပ္လုပ္ၿပီး ျပန္လာသည့္ အမ်ိဳးသား ၂ ဦး အမ်ိဳး သမီး ၂ ဦး ျပန္လည္ပို႔ေဆာင္စဥ္ ၿမိဳ႕ဝင္စစ္ေဆးေရးဂိတ္တြင္ တာဝန္ရွိသူမ်ားက တားဆီးနိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ကိုဗစ္ေကာ္မတီထံမွ သိရသည္။

“ယာဥ္ေမာင္းေရာ အကူေရာက အကာကြယ္ အျပည့္အစုံဝတ္ထားတာ မေတြ႔လို႔ စစ္ေဆးရာ ကေန ခုလို႔ေတြ႔တာပါ ေလာေလာဆယ္ေတာ့ အသြားအလာကန႔္သတ္တာေတြ ျပဳလုပ္ထားပါတယ္”ဟု က်ဳံမေငးၿမိဳ႕အုပ္ခ်ဳပ္ေရးမွူး ဦးေဇာ္လင္းေအာင္မွ ေျပာသည္။

ရန္ကုန္တိုင္းကျပန္လာသူမ်ားႏွင့္ လိုက္ပို႔သည့္ ဧရာဝတီဦးမိုးႀကီးပရဟိတယာဥ္ေမာင္း ၂ ဦးအား အသြားအလာကန႔္သတ္ရက္ျပည့္ရင္ ၎တို႔ရဲ့ ေနရပ္အသီးသီးကို ျပန္ေစလႊတ္မည္ျဖစ္ၿပီး အေရးယူဖို႔ေတာ့မရွိေသးေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။ ခရက္​ဒစ္​

ယူနီကုဒ္​ျဖင္​့ ဖတ္​ရန္​

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ရဲ့ လက်မှတ်ပါသည့် ထောက်ခံစာအား မိတ္တူကူးပြီး ရန်ကုန်မှ ပြန်သည့်လူတွေကို ပို့ဆောင်ပေးနေသည့်ယာဉ် အား အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ဆေးရုံအုပ်ကြီးမှဧရာဝတီဦးမိုးကြီးပရဟိတ ယာဉ် ၃ စီးအတွက်အောက်တိုဘာလ ၁၀ ရက်နေ့က ရန်ကုန်ကပြန်လာတဲ့ လူတွေအတွက် ထောက်ခံစာလုပ်ပေးခဲ့ပြီး အဆိုပါ ထောက်ခံစာအားအသုံးပြုကာ ရန်ကုန်မှ နေရပ်ပြန်များကို ပို့ဆောင် ပေးနေခြင်းဖြစ်ကြောင်း

ဆေးရုံအုပ်ကြီးထံမှ သိရသည်။ “အခုချိန်က ရောဂါကို အားလုံးဝိုင်းကာကွယ် နေရတာ၊ တကယ်စေတနာမှန်တယ်ဆို ကွာရန်တင်းကို ပို့ပေးရမှာ ခုလိုလုပ်တာက ရပ်ကွက်ထဲ ဗုံး ထောင်သလိုဖြစ်နေတယ် နောက်ကျောဓါးနဲ့ ထိုူသလို ခံစားရတယ်”ဟု ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး

ဒေါက်တာ သန်းမင်းထွဋ်မှ ပြောသည်။ ကျုံမငေးမြို့သို့ ရန်ကုန်မှ စက်ရုံတွင် အလုပ်လုပ်ပြီး ပြန်လာသည့် အမျိုးသား ၂ ဦး အမျိုး သမီး ၂ ဦး ပြန်လည်ပို့ဆောင်စဉ် မြို့ဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်ကော်မတီထံမှ သိရသည်။

“ယာဉ်မောင်းရော အကူရောက အကာကွယ် အပြည့်အစုံဝတ်ထားတာ မတွေ့လို့ စစ်ဆေးရာ ကနေ ခုလို့တွေ့တာပါ လောလောဆယ်တော့ အသွားအလာကန့်သတ်တာတွေ ပြုလုပ်ထားပါတယ်”ဟု ကျုံမငေးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်မှ ပြောသည်။

ရန်ကုန်တိုင်းကပြန်လာသူများနှင့် လိုက်ပို့သည့် ဧရာဝတီဦးမိုးကြီးပရဟိတယာဉ်မောင်း ၂ ဦးအား အသွားအလာကန့်သတ်ရက်ပြည့်ရင် ၎င်းတို့ရဲ့ နေရပ်အသီးသီးကို ပြန်စေလွှတ်မည်ဖြစ်ပြီး အရေးယူဖို့တော့မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ခရက်ဒစ်