ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်ရင်း Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ အဆိုတော် အဲလက်​စ်​ရဲ့ သမီးကြီး Dora Alex ရဲ့(ရုပ်​သံဖိုင်​)
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အဆိုတော် Alex ကတော့အောင်မြင်တဲ့ဂီတလမ်းကြောင်းပေါ်မှာ ရပ်တည်နေသူတစ်ယောက်ဖြစ်သလို သာယာအေးချမ်းတဲ့မိသားစုဘဝလေးကိုလည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ Alex က ချစ်စရာကောင်းတဲ့ အမြွှာသားနဲ့သမီးကို
ပိုင်ဆိုင်ထားပြီး သမီးကြီး Dora Alex ကလည်း ကိုယ်ပိုင်အယ်လ်ဘမ်တစ်ခွေကို ထုတ်လုပ်ထားပြီး ကျောင်းစာတစ်ဖက်နဲ့ ဂီတလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Dora Alex က ဆွစ်ဇာလန်နိုင်ငံမှာ
ကျောင်းသွားတက်နေတာဖြစ်ပြီး မိဘတွေနဲ့ ခွဲခွာပြီး နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ သတင်းတစ်ခုက Dora Alex က ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်ရင်း Covid-19 ရောဂါပိုး ကူးစက်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
Dora Alex က လူတွေအများကြီးရှိတဲ့ ညစာစားပွဲတစ်ခုကိုသွားခဲ့ပြီး ရောဂါပိုးရှိတဲ့ဆရာနဲ့လည်း နီးနီးကပ်ကပ်စကားပြောခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့အခုလိုပဲ Live လွှင့်ပြီးပြောလာခဲ့ပါတယ်။ Dora Alex ကတော့အသက်ရှုကျပ်တာတွေ
နှုံးတာတွေဖြစ်နေပြီး အခြားသော ပြင်းပြင်းထန်ထန် ရောဂါတွေ မခံစားရသေးဘူးလို့ ဆိုပါတယ်။ ပရိသတ်ကြီးလည်း Dora Alex တစ်ယောက် အမြန်ဆုံးနေကောင်းသက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်