ျပည္သူခ်စ္အႏုပညာ႐ွင္တစ္ဦးျဖစ္ေသာ ဝါရင့္သ႐ုပ္ေဆာင္ အဆိုေတာ္ ရန္ပိုင္စိုးကြယ္လြန္
|ရန္ပိုင္စိုးကေတာ့ ဒီေန႔ ( ေအာက္တိုဘာလ ၂၁ ရက္) မွာ သူခ်စ္ရတဲ့ မိသားစု၊ ပရိသတ္ေတြနဲ႔ အႏုပညာေလာကႀကီးကို ထာဝရႏွုတ္ဆက္သြားခဲ့ၿပီျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ တစ္ဦးလည္းျဖစ္၊ အဆိုေတာ္ တစ္ေယာက္လည္းျဖစ္၊
ေအာင္ျမင္တဲ့ အစီအစဥ္တင္ဆက္သူတစ္ဦးလည္းျဖစ္ခဲ့တဲ့ အႏုပညာရွင္ ရန္ပိုင္စိုးကေတာ့ ေအာက္တိုဘာလ(၂၁) ရက္ေန႔မွာကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။ သူကြယ္လြန္သြားၿပီဆိုတာကို အဆိုေတာ္ ဖိုးေသာၾကာကအတည္ျပဳ ေျပာျပခဲ့ပါတယ္။
” ဦးရန္ပိုင္စိုး ကြယ္လြန္သြားတယ္ဆိုတာ သတင္းအမွန္ပါ။ တျခား အေၾကာင္းအရာေတြကေတာ့ အခုခ်ိန္မွာ မိသားစုဝင္အရင္း မဟုတ္တဲ့ အတြက္ ကၽြန္ေတာ္ ေျဖဖို့ အခက္အခဲရွိပါတယ္” လို့ ေျဖဆိုခဲ့ပါတယ္။ အဲဒီေနာက္ သူ႔ရဲ့
ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာလည္း ဒီေန႔ ေအာက္တိုဘာလ(၂၁) ရက္ေန႔ ေန႔လယ္ (၁၁) နာရီေက်ာ္က “ကၽြန္ေတာ္တို့ခ်စ္ရတဲ့ဦးေလး ဦးရန္ပိုင္စိုး ၁၁:၁၁ မိနစ္မွာကၽြန္ေတာ္တို့ကို ခြဲခြာသြားပါၿပီ။ ဦးေလး ေကာင္းရာသုဂတိလားပါေစ” ဆိုၿပီး
ေတာ့ လည္း ေရးသားထားပါေသးတယ္။ သူကြယ္လြန္သြားတဲ့ သတင္းေၾကာင့္လည္း အႏုပညာေလာကသားေတြ၊ ပရိသတ္ေတြကလည္း စိတ္မေကာင္းျဖစ္လို့ေနပါတယ္။ ရန္ပိုင္စိုးကေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္
႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြလည္း ရိုက္ကူးခဲ့ဖူးသူျဖစ္ပါတယ္။ အဲဒီေနာက္ ဂီတလွုပ္ရွားမွု အေနနဲ႔ “ဘဝတိုက္ပြဲ” ဆိုတဲ့ ေတးသီခ်င္းအေခြလည္း ထြက္ရွိထားပါေသးတယ္။
အႏုပညာအလုပ္ေတြ သိပ္မလုပ္ျဖစ္တဲ့အခ်ိန္မွာရန္ပိုင္စိုးဟာ အစီအစဥ္တင္ဆက္သူ၊ မဂၤလာပြဲေတြမွာ ဘိတ္သိပ္ဆရာတစ္ဦးအျဖစ္လည္း ေဆာင္ရြက္ခဲ့တာကို ေတြ႕ရပါတယ္။ ခရက္ဒစ္
ယူနီကုဒ္ျဖင့္ ဖတ္ရန္
ရန်ပိုင်စိုးကတော့ ဒီနေ့ ( အောက်တိုဘာလ ၂၁ ရက်) မှာ သူချစ်ရတဲ့ မိသားစု၊ ပရိသတ်တွေနဲ့ အနုပညာလောကကြီးကို ထာဝရနှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ သရုပ်ဆောင် တစ်ဦးလည်းဖြစ်၊ အဆိုတော် တစ်ယောက်လည်းဖြစ်၊
အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးလည်းဖြစ်ခဲ့တဲ့ အနုပညာရှင် ရန်ပိုင်စိုးကတော့ အောက်တိုဘာလ(၂၁) ရက်နေ့မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူကွယ်လွန်သွားပြီဆိုတာကို အဆိုတော် ဖိုးသောကြာကအတည်ပြု ပြောပြခဲ့ပါတယ်။
” ဦးရန်ပိုင်စိုး ကွယ်လွန်သွားတယ်ဆိုတာ သတင်းအမှန်ပါ။ တခြား အကြောင်းအရာတွေကတော့ အခုချိန်မှာ မိသားစုဝင်အရင်း မဟုတ်တဲ့ အတွက် ကျွန်တော် ဖြေဖို့ အခက်အခဲရှိပါတယ်” လို့ ဖြေဆိုခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့
ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း ဒီနေ့ အောက်တိုဘာလ(၂၁) ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က “ကျွန်တော်တို့ချစ်ရတဲ့ဦးလေး ဦးရန်ပိုင်စိုး ၁၁:၁၁ မိနစ်မှာကျွန်တော်တို့ကို ခွဲခွာသွားပါပြီ။ ဦးလေး ကောင်းရာသုဂတိလားပါစေ” ဆိုပြီး
တော့ လည်း ရေးသားထားပါသေးတယ်။ သူကွယ်လွန်သွားတဲ့ သတင်းကြောင့်လည်း အနုပညာလောကသားတွေ၊ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရန်ပိုင်စိုးကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ်
ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။ အဲဒီနောက် ဂီတလှုပ်ရှားမှု အနေနဲ့ “ဘဝတိုက်ပွဲ” ဆိုတဲ့ တေးသီချင်းအခွေလည်း ထွက်ရှိထားပါသေးတယ်။
အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တဲ့အချိန်မှာရန်ပိုင်စိုးဟာ အစီအစဉ်တင်ဆက်သူ၊ မင်္ဂလာပွဲတွေမှာ ဘိတ်သိပ်ဆရာတစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ခရက်ဒစ်