လမ်းဘေးမှာဝမ်းရေးအတွက် အသီးရောင်းနေရတဲ့အသက် ၇၇ နှစ်အရွယ်အဘွားကို သနားပြီး မွန်မြတ်လှတဲ့အရာလေးတစ်ခုကို ပြုလုပ်ပေးခဲ့တဲ့ ဘေဘီမောင်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ချစ်ပရိသတ်ကြီးရေ ချစ်စရာအပြုံးလေးတွေရယ် သွယ်လျကျစ်လစ်တဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကို အထူးတလည်မိတ်ဆက်စရာမလိုဘူး ထင်ပါတယ်နော်။ ချစ်သူဖြစ်တဲ့ အဆိုတော်ချောလေး သားဂန်းနဲ့အတူ ကြည်နူးအားကျစရာကောင်းလောက်အောင်
ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့လည်း ချစ်ပရိသတ်တွေရဲ့အမြင်အာရုံတွေကို ဖမ်းစားတတ်ကြသူတွေဆိုလည်း မမှားပါဘူးနော်။ ဘေဘီမောင်ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း ပရိသတ်တွေရဲ့အချစ်ကို ဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။ သူမဟာအမြဲဆိုသလို
အလှူအတန်းတွေ တတ်နိုင်သလောက်ပြုလုပ်တတ်သူဖြစ်ပါတယ်။ လတ်တလောမှာလည်း အသီးရောင်းနေတဲ့ အဖွားကိုသနားပြီး အသီးတွေဝယ်ယူခဲ့ကြောင့်ကိုပုံလေးတွေနဲ့အတူ” ဖွားဖွားမြိုင်၇၇နှစ်ပါရှင့်လွန်ခဲ့တဲ့၇နှစ်လောက်ထဲက ကျောက်မြောင်းထဲမှာ
ဖရဲသီးဗန်းလေးခေါင်းပေါ်တင်ကာ တစ်လမ်းဝင်တစ်လမ်းထွက်ပြီးလိုက်ရောင်းတာပါ။ ဖွားဖွားကိုတွေ့တိုင်း ဖရဲသီးတွေအကုန်ဝယ်ပြီးအားပေးနေကြပါရှင်ခုဘေဘီကအိမ်ပြောင်းသွားလို့ဖွားဖွားကိုမတွေ့တာကြာပီ၁နှစ်လောက်ရှိပါပီ၊ မနေ့က အွန်လိုင်းမီဒီယာတစ်ခုမှာ
ဖွားဖွားပုံလေးတွေ့တော့ဝမ်းသာသွားတာ ဒီနေ့ဖွားဖွားကို အသီးတွေဝယ်ပီးအားပေးခဲ့တယ် ဖွားဖွားသမီးလေးမတွေ့တာကြာပီတဲ့ ဘေဘီလည်းဖွားဖွားနေကောင်းလာဆိုအရင်လိုကျန်းမာရေးသိပ်မကောင်းဘူးတဲ့ ခုလိုရောဂါပိုးတွေဖြစ်နေချိန် အလုပ်ကလည်းအဆင်မပြေဘူးတဲ့၊
အဖွားကိုတွေ့ရင် အသီးလေးတွေဝယ်ပြီးအားပေးကုသိုလ်ယူပေးကြပါနော် ဖွားဖွားရှိတဲ့နေရာလေးက ကျောက်မြောင်းမှတ်တိုင် KBZ Bankဘေးကလမ်းကြားမှာအမြဲရှိပါတယ်ရှင့် “ဆိုတဲ့ စာလေးကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။
ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိသလို ဘေဘီမောင်ရဲ့ စိတ်ထားလေးကို လေးစားမိတာ အမှန်ပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်စေရန်
သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးလည်း ဘေဘီမောင်ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ ခရက်ဒစ်