ဈေးရောင်း​ပေးလို့ရတဲ့ အနုပညာကြေးတွေနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ အိမ်ထောင်စုများစွာအား ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်း​ပေးခဲ့တဲ့ မေလသံစဉ်
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
အရွယ်နဲ့မလိုက်အောင် အနုပညာမှာ ပါရမီပါသူလေး မေလသံစဉ်ကတော့ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာကို ဝါသနာပါသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
မေလသံစဉ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေလသံစဉ်က
သူမရဲ့ အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ ဖေ့စ်ဘုတ်မှာ Live လွှင့်ပြီးဈေးရောင်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေလသံစဉ်က သူမရရှိတဲ့ အနုပညာကြေးတွေနဲ့လုပ်ဖြစ်ခဲ့တဲ့
အလှူလေးအကြောင်းကို “မနေ့က Treasure Star နဲ့ Live လွှင့်ရောင်းပေးတဲ့ အနုပညာကြေးကို ဒဂုံဆိပ်ကမ်းမှာရှိတဲ့ တချို့လမ်းများကို သွားလှူဒါန်းခဲ့ပါတယ်မျက်မြင်ကိုယ်တွေ့ထပ်ကြုံရချိန်မှာ
ထပ်လှူစရာအိမ်တွေကျန်သေးတာကြောင့် ရှေ့တပတ်မှာ ခုလိုပဲ ထပ်လှူသွားမှာပါဒီနေ့ အလှူလေးမှာ မေလနဲ့တူတူအလုပ်လုပ်ဖော် ကုမ္ပဏီများကလဲဝိုင်းဝန်းပါဝင်လှူဒါန်းပေးကြလို့
ပိုပြီး စုံလင်သွားပါတယ်WeLove သံမဏိလေးတွေလဲ ကျေးဇူးတင်ပါတယ်နော် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ မေလသံစဉ်ကတော့ သူမရရှိတဲ့အနုပညာကြေးတွေ
အကုန်လုံးကို လှူဒါန်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အသက်ငယ်ပေမယ့် စိတ်ထားကောင်းသူလေး မေလသံစဉ်ကိုပိုလို့ တောင်ချစ်သွားကြမယ် ထင်ပါတယ်နော်။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ခရက်ဒစ်